backup og meta

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

    မွေးကတည်းက ကျန်းမာရေး ပြဿနာ တစ်ခုခု ပါလာတဲ့ ကလေးငယ်လေးတွေဟာ အခြား ကလးငယ်လေးတွေနဲ့ မတူပါဘူး။ အစားအစာကစလို့ နေထိုင်မှု အထိ အသေးစိတ် ဂရုစိုက်ပေးနိုင်မှ ကျန်းမာစွာနဲ့ အရွယ်ရောက် ကြီးပြင်းလာမှာပါ။ ဒီ တစ်ခေါက်တော့ မွေးရာပါ နှလုံးရောဂါ ပါလာတဲ့ ကလေးလေးတွေကို ကျန်းမာနေစေဖို့အတွက် အာဟာရ ပြည့်အောင် ဘယ်လို ကျွေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေးလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

    မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးလေးတွေက အခြား ကျန်းမာတဲ့ ကလေးတွေထက် ကြီးထွားမှု နှေးပါတယ်။ ဥပမာ ပြောပြရရင်

    • မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးလေးတွေက အခြားကလေးတွေထက် ပိုပိန်တာ၊ ပိုညှက်တာမျိုး ရှိနိုင်သလို အခြား ကလေးတွေထက်လည်း ထိခိုက်လွယ်ပါတယ်။
    • ကလေးရဲ့ ကိုယ်အလေးချိန် နဲ့ အရပ်ဟာ အသက်အရွယ်ထက် နည်းနေနိုင်တယ်။
    • ကလေးရဲ့ ထိုင်တာ၊ လမ်းလျှောက်တာ၊ စကားပြောတာတွေ နဲ့ ရေအိမ်သုံးတတ်တာတွေလိုမျိုး ဖွံ့ဖြိုးမှုတွေက အခြားကလေးတွေထက် နောက်ကျနိုင်ပါတယ်။

    မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

    ကလေးမှာ မွေးရာပါရောဂါပါလာတဲ့အခါ မိဘတွေအနေနဲ့ ကလေးကို ကျန်းမာအောင် ဘာကျွေးရပါ့မလဲဆိုတာကို အမြဲလို စိတ်ပူနေကြပါတယ်။ မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ဘေဘီလေးကို အာဟာရပြည့်ဝအောင် အခုလိုလေး ကျွေးပေးဖို့ လိုပါမယ်။

    ဘေဘီလေးအရွယ်ဆိုရင်

    ဘေဘီလေးက အသက် ၆ လ အရွယ်ဆိုရင် အာဟာရ ပြည့်ဝစေဖို့ဆိုရင်

    • မွေးရာပါ နှလုံးရောဂါရှိတဲ့ ဘေဘီလေးက မိခင်နို့ကို ကောင်းကောင်း မစို့နိုင်ဘူးဆိုရင် မေမေ့နို့ကို ညှစ်ထုတ်ပြီး ရေနွေးနဲ့ သန့်စင်ထားတဲ့ ပန်းကန်လုံးနဲ့ ဇွန်းကို သုံးပြီး နည်းနည်းချင်း ခွံ့တိုက်ပါ။
    • ဆရာဝန်က ညွှန်းတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို တိုက်ပေးပါ။
    • ကလေးက မွေးရာပါ နှလုံးရောဂါပါမယ်ဆိုရင် ပုံမှန်ထက် ကယ်လ်လိုရီ လိုအပ်နိုင်တာကြောင့် မကြာမကြာ နို့ချို တိုက်ပေးဖို့ လိုပါမယ်။
    • ကလေးက ကူးစက်ရောဂါ တစ်ခုခု ဝင်မယ်ဆိုရင် ကလေးကို ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်လာစေဖို့အတွက် ပုံမှန်ထက် ပိုကျွေးဖို့ လိုပါမယ်။
    • ဘေဘီလေးကို အသက် တစ်နှစ် ပြည့်တဲ့အထိ မိခင်နို့ တစ်မျိုးတည်း တိုက်ပါ။ ၆လကျော်ပြီဆိုရင်တော့ ဖြည့်စွက်စာ တွဲကျွေးလို့ရပါပြီ။ အာဟာရဓာတ်ပိုပြည့်ဝအောင် ၆လအထက် ဘေဘီလေးတွေအတွက်  သီးသန့်ထုတ်ထားတဲ့ နို့မှုန့်ကို ဖျော်တိုက်လို့ရပါတယ်။ တစ်နှစ်ပြည့်မှသာ နွားနို့ကို နည်းနည်းချင်း စတိုက်ပေးပါ။

    ကလေးက အစာမာ စစားတတ်ပြီဆိုရင် ကလေးကို ကျန်းမာနေစေဖို့အတွက် အစားအစာကို အာဟာရပြည့်စေဖို့အတွက် အမြဲမပြတ် ဂရုစိုက်ဖို့ လိုပါမယ်။

    ကလေးက မွေးရာပါ နှလုံးရောဂါကို ခံစားနေရတဲ့အတွက် ဇီဝကမ္မဖြစ်စဉ်က ပုံမှန်ထက် မြန်နေနိုင်ပါတယ်။ ကယ်လ်လိုရီ လောင်ကျွမ်းမှုကလည်း ပိုမြန်နေနိုင်ပါတယ်။ ဒါကြောင့် ကယ်လ်လိုရီ လိုအပ်ချက် ပြည့်မီစေဖို့အတွက် ကယ်လ်လိုရီ ပါဝင်မှု များတဲ့ အစားအစာတွေကို ပြင်ဆင်ပေးပါ။

    • ကလေးက အစာစားဖို့ မောနေနိုင်ပါတယ်။ ဒါကြောင့် နည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။ ခပ်ပျော့ပျော့ အစားအစာလေးတွေ များများ ကျွေးပေးပါ။
    • ကယ်လ်လိုရီ နဲ့ အာဟာရပါဝင်မှု များတဲ့ အစားအစာတွေကို နည်းနည်းချင်းစီနဲ့ မကြာမကြာ ကျွေးပေးပါ။
    • ပရိုတင်း ပါဝင်မှု များတဲ့ ဥအမျိုးမျိုး၊ အသား၊ ကြက်သား၊ ငါး စတာတွေ ပြင်ဆင်ပေးပါ။ ပဲပင်ပေါက်၊ ပဲပိစပ် စတာတွေ ကျွေးပေးပါ။
    • ထောပတ်၊ နို့၊ ဒိန်ခဲ စတာတွေကို မကြာခဏ ကျွေးပေးပါ။
    • အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို မကျွေးပါနဲ့။
    • ဆားလျှော့ကျွေးပါ။ ကိုလက်စထရော နဲ့ ပြည့်ဝဆီ ပါဝင်မှု များတဲ့ အစားအစာတွေကို နည်းနည်းပဲ ကျွေးပေးပါ။
    • omega-3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေကို ကျွေးပေးပါ။

    ဒီအစားအစာတွေကို ပုံမှန် ပြင်ဆင်ပေးတာက ကလေးက မွေးရာပါ နှလုံးရောဂါကို ခံစားနေရပေမယ့်လည်း ကျန်းမာနေစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement