backup og meta

သကြားပြောင်းချိုချိုလေး ကပေးတဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သကြားပြောင်းချိုချိုလေး ကပေးတဲ့ ကျန်းမာရေး

    အဝါရောင် သကြားပြောင်းချိုချိုလေး က ပြုတ်ပဲစားစား၊ ကြော်ပဲစားစား၊ မာလာရှမ်းကောထဲထည့်ထည့်၊ ဟော့ပေါ့ထဲထည့်စားစား၊ ကင်ပဲစားစား အနံ့အရသာပြည့်စုံပြီး စားကောင်းတာကတော့ အမှန်ပါ။ ဒီစားကောင်းတဲ့ သကြားပြောင်းချိုချိုလေး က ခန္ဓာကိုယ်အတွက် ဘယ်လိုတွေများ အထောက်အကူပေးလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ဖို့ ပြောပါရစေ။

    သကြားပြောင်းချိုချိုလေး ကပေးတဲ့ ကျန်းမာရေး…………

    သကြားပြောင်းချိုချိုလေး က စားကောင်းရုံတင်မဟုတ်ပါဘူး။

    အရွယ်တင်စေပါတယ်

    သကြားပြောင်းလေးက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေဖြစ်တာ၊ အရွယ်မတိုင်ခင် အိုမင်းတာတွေမဖြစ်စေဖို့အတွက် သကြားပြောင်းချိုချိုလေးစားပေးလို့ရပါတယ်။

    အသားအရေ ကြည်လင်စေတယ်

    ပြောင်းဖူးစားပေးတာ ဒါမှမဟုတ် ပြောင်းဖူးကနေရတဲ့ အဆီနဲ့ အသားအရေကို လိမ်းကျံနှိပ်နယ်ပေးတာက အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ အသားအရေ ကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင် ပြောင်းဖူးလေးစားပေးလို့ရပါတယ်။

    ဗီတာမင် E ကြွယ်ဝစွာပါဝင်မှုကြောင့် ပြောင်းဖူးစားပေးတာက ဝက်ခြံအမာရွတ်တွေကို အထိရောက်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းတွေထဲကတစ်ရပ်ပါ။ ပြောင်းဖူးကို ခြစ်ပြီး ရလာတဲ့အနှစ်ကို ဝက်ခြံအမာရွတ်တွေအပေါ် လူးပေးလည်းရပါတယ်။

    ဦးရေပြားကို သွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်

    ပြောင်းဖူးအဆီက သွေးစီးဆင်းမှုကောင်းစေနိုင်သလို ဆံသားကို သန်စွမ်းစေနိုင်ပါတယ်။ ဦးရေပြားမှာ အရေပြား ပြဿနာကင်းပြီး နက်မှောင်သန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ပြောင်းဖူးစားပေးပါ။

    ဆံသား ကျန်းမာသန်စွမ်းစေနိုင်တယ်

    ပြောင်းဖူးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှု နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ဆံပင်ကို အရင်းကနေ အဖျားထိကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဆံပင်ကျွတ်တာကို သက်သာစေနိုင်ပြီး နက်မှောင် သန်စွမ်းတဲ့ ဆံသားပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပြောင်းဖူးကို အားကိုးလို့ရပါတယ်။

    သွေးအားနည်းရောဂါ မဖြစ်အောင်ကာကွယ်ပေးတယ်

    ပြောင်းဖူးမှာ ဗီတာမင် B12 ၊ သံဓာတ်၊ ဖောလစ်အက်ဆစ် တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ပြောင်းဖူးစားပေးတာက သွေးအားနည်းရောဂါကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။

    သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ်

    သကြားပြောင်းချိုချိုလေးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေပြီး ဒီအမျှင်ဓာတ်က gel ပုံစံအသွင်ပြောင်းပြီး သွေးကြောတွေထဲက အကျိုးမပြု ကိုလက်စထရောတွေကို စုပ်ယူပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောကျချင်တယ်ဆိုရင် သကြားပြောင်းချိုချိုလေးစားပေးပါ။

    အမြင်အာရုံ ကောင်းစေနိုင်တယ်
    သကြားပြောင်းချိုချိုလေးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာကြောင့် အမြင်အာရုံတွေ ကောင်းမွန်စေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံ ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် သကြားပြောင်းစားပေးလို့ရပါတယ်။

    အင်အားပြည့်စေတယ်

    သကြားပြောင်းက ကစီဓာတ်ပါဝင်တဲ့ အစားအစာတစ်မျိုးပါ။ အခြား အသီးအနှံတွေထက် စွမ်းအင်ပိုရစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေချင်ရင်တော့ ပြောင်းဖူးစားပေးပါ။

    ဗီတာမင် ​B ကြွယ်ဝစွာပါဝင်နေမှုက ကိုယ်တွင်းပရိုတင်း၊ အဆီ နဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏတွေကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပြိး အင်ဆူလင် ဟော်မုန်းထွက်ရှိမှုကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် ဆီးချိုရှိသူအနေနဲ့ ပြောင်းဖူးစားပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မှာဖြစ်သလို ဆီးချိုမရှိသူတွေမှာလည်း ကာကွယ်ပေးနိုင်မှာပါ။ ဒါ့အပြင် ပြောင်းဖူးမှာပါတဲ့ phenolic phytochemicals က သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးသမားတွေအတွက် သင့်တော်ပါတယ်။

    နှလုံး ကျန်းမာစေနိုင်တယ်

    အစာကြေစေနိုင်တယ်

    သကြားပြောင်းမှာ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ ပြောင်းဖူးမှာပါဝင်နေတဲ့ ပျော်ဝင်မလွယ်တဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပြီး ဝမ်းမှန်စေနိုင်သလို ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

    ကိုယ်ဝန်ဆောင်တွေနဲ့ သင့်တော်တယ်

    ပြောင်းဖူးမှာ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်နေမှုကောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ခြေလက်ဖောရောင်တာတွေကို သက်သာစေနိုင်ပါတယ်။

    ပြောင်းဖူးချိုချိုလေးစားရင်း အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 27/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement