backup og meta

ဇီးပန်းသီးလေး စားတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇီးပန်းသီးလေး စားတဲ့အခါ

    အစိမ်းရောင် ဖျော့ဖျော့လေးနဲ့ အတွင်းသားကဖြူဖြူ စားလိုက်ရင် အသားမွမွ ချိုချိုလေးနဲ့ ပန်းသီးအသေးစားအရွယ်လောက်ရှိပြီး ပန်းသီးနဲ့ ပုံစံလေး တူတာကြောင့် ဇီးပန်းသီးလို့ ခေါ်တဲ့ အသီးလေးကို ကြိုက်လား …… ဒါဆိုရင်တော့ ဇီးပန်းသီး က ဘယ်လိုမျိုး ကျန်းမာရေးကို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။

    ဇီးပန်းသီး ဆိုတာ

    ဇီးပန်းသီး ဆိုတာ အသားခပ်မွမွ ချိုချိုလေးနဲ့ အရည်ရွှမ်းတဲ့ အသီး တစ်မျိုးပါ။ အခြား သစ်သီးတွေလိုပဲ အစိမ်းလိုက် စားလို့ ရပါတယ်။ ဖျော်သောက်ကြတာ ရှိသလို အသီးကို ဆားနဲ့ငရုတ်သီးမှုန့်လေးနဲ့ အရသာမှုန့် လုပ်ပြီးတော့လည်း စားလို့ ရပါတယ်။ အသီးအရွယ်အစားကတော့ ခပ်သေးသေးကနေ ပန်းသီး အသေးစား အရွယ်လောက်ထိ ရှိပါတယ်။

    ဇီးပန်းသီးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ။

    စားလို့ကောင်းတဲ့ ဇီးပန်းသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

    ဇီးပန်းသီးလေး စားတဲ့အခါ

    လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်တဲ့ အသီးအဖြစ် အသိအမှတ်ပြုခဲ့ကြတဲ့ ဇီးပန်းသီးလေး စားတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

    အိပ်ပျော်စေတယ်

    ဇီးပန်းသီးလေးကို ရှေးယခင် ကာလတွေတုန်းက အိပ်မပျော်တာကို သက်သာစေဖို့နဲ့ ကောင်းကောင်း အိပ်ပျော်စေဖို့ တရုတ်လူမျိုးတွေက အသုံးပြုခဲ့ကြပါတယ်။ အသီးရော အစေ့ရောက အာရုံကြောစနစ်တွေကို ပြေလျော့စေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသီးကို ဒီအတိုင်း စားပေးလို့ ရသလို ဖျော်ရည်လုပ်ပြီး သောက်လို့လည်း ရပါတယ်။ ရေနွေးထဲ စိမ်သောက်ပေးလို့လည်း ရပါတယ်။

    အစာကြေစေနိုင်တယ်

    အမျှင်ဓာတ် ကြွယ်ဝတဲ့ ဇီးပန်းသီးလေးက ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေမှာ ဖြစ်သလို ကိုယ်တွင်းမှာ အင်အားလည်း ပြည့်ဝနေစေမှာပါ။

    အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးသလို အစာကြေစေဖို့လည်း ထောက်ကူပေးပါတယ်။ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေစနစ်ထဲက အကျိုးမပြုဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

    ကင်ဆာ ကာကွယ်ပေးတယ်

    ဇီးပန်းသီးလေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်ကို မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ်။ ကင်ဆာ ကာကွယ်ပေးသလို ကင်ဆာဆဲလ်တွေ ကြီးထွားတာမျိုး မဖြစ်စေဖို့လည်း ဟန့်တားပေးနိုင်ပါတယ်။ သားဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အရေပြားကင်ဆာတွေ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

    နှလုံး ကျန်းမာစေနိုင်တယ်

    ပိုတက်ဆီယမ် ကြွယ်ဝပြီး ဆိုဒီယမ် ပါဝင်မှု နည်းတာကြောင့် နှလုံးကျန်းမာစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးကြောတွေထဲမှာ အဆီတွေဖြစ်တာ သွေးကြောကျဉ်းတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    နှလုံးကျန်းမာစေသလို နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးမတိုးအောင်လည်း ကာကွယ်ပေးပါတယ်။

    သွေးလည်ပတ်မှု ကောင်းစေပါတယ်

    သွေးလည်ပတ်မှု ကောင်းစေတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ကြွယ်ဝတဲ့ သွေးတွေ လုံလောက်စွာ ပေးပို့ပေးပြီး အင်အား ပြည့်ဝနေစေတာပါ။

    ဇီးပန်းသီးမှာ ပိုတက်ဆီယမ်၊ ဖော့စဖရိတ်၊ မဂ္ဂနိ့၊ သံဓာတ်၊ ဇင့်တို့ ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေပါတယ်။ သွေးနီဥဆဲလ် ဖြစ်ပေါ်စေပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

    အယ်လ်ဇိုင်းမား မဖြစ်အောင် ကာကွယ်ပေးပါတယ် 

    ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးပြီး သိမြင်မှု စွမ်းရည်တွေ ကောင်းမွန်စေသလို ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေနိုင်ပါတယ်။ အယ်လ်ဇိုင်းမား မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    ဇီးပန်းသီးမှာ ဗီတာမင် A နဲ့ C ပါဝင်နေတာ​ကြောင့် ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းကရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး ရာသီအဖျားတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နာတာရှည် ရောင်ရမ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ်

    ဇီးပန်းသီး သတ္တုရည် နဲ့ ဇီးပန်းသီး အစေ့ကနေရတဲ့ အဆီက အရောင်ကျစေနိုင်ပြီး ကြွက်သားတွေ နာကျင်တာ အဆစ်တွေ နာတာကို သက်သာစေနိုင်ပါတယ်။ အဆစ်နာရောဂါ ရှိသူတွေနဲ့ သင့်တော်ပါတယ်။ အဆစ်တွေကို အရောင်ကျစေနိုင်ပါတယ်။

    စိတ်ဖိစီးမှု ပြေလျော့စေတယ်

    စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို သက်သာစေဖို့အတွက် ဇီးပန်းသီးကို စားပေးလို့ရပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်သလို ကော်တီစောပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေနိုင်ပါတယ်။

    အရိုး သန်မာစေတယ်

    အရိုးပွတာကို ကာကွယ်ဖို့အတွက် စားပေးလို့ ရသလို အနေအထား မမှန်တာကြောင့် ဖြစ်တဲ့ အရိုးထိခိုက်တာတွေကို သက်သာစေဖို့လည်း ဇီးပန်းသီး သတ္တုရည် နဲ့ ဇီးပန်းသီး အစေ့ကနေရတဲ့ အဆီကို အသုံးပြုပေးလို့ ရပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖရိတ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်ပါတယ်။

    ဝိတ်ကျစေနိုင်တယ်

    ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေဖို့ ထောက်ကူပေးပြီး ကိုယ်အလေးချိန် လျှော့ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အဆီမပါဝင်တာကြောင့် ဝိတ်ကျချင်သူတွေ စိတ်ကြိုက် စားပေးလို့ရတဲ့ အစားအစာ တစ်မျိုးပါ။

    သွေးသန့်စေနိုင်တယ်

    ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာ​ကြောင့် သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ကဲ …. အရသာ ရှိတဲ့ ဇီးပန်းသီးလေး စားပေးတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

    ဘယ်သူတွေ မစားသုံးသင့်ဘူးလဲ။

    ဇီးပန်းသီးက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်

    • အရမ်းငယ်သေးတဲ့ ကလေးငယ်တွေ
    • နို့တိုက်မိခင်တွေ
    • ရောဂါအခံရှိသူတွေ
    • ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement