backup og meta

ခွဲမွေးထားတဲ့ မေမေတို့ အတွက် ချုပ်ရိုးမြန်မြန်သက်သာစေမယ့် နည်းလမ်းအချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခွဲမွေးထားတဲ့ မေမေတို့ အတွက် ချုပ်ရိုးမြန်မြန်သက်သာစေမယ့် နည်းလမ်းအချို့

    ဘေဘီလေးကို မွေးဖွားမှုက မေမေတို့ရဲ့ ဘဝတလျှောက်မှာ အကြီးမားဆုံးသော စွန့်စားမှုကြီးကို လုပ်ဆောင်တာပါပဲ။ ဒီလိုမွေးဖွားမှုထဲမှာမှ ခွဲမွေးထားတဲ့ မေမေတို့ ဆိုရင်ဘေဘီလေးကို ဂရုစိုက်ရသလို ချုပ်ရိုးသက်သာစေဖို့အတွက်လည်း ဂရုစိုက်ရပါသေးတယ်။ ဘေဘီလေးကို ခွဲမွေးထားတဲ့မေမေတို့အတွက် ချုပ်ရိုးကို မြန်မြန်သက်သာစေဖို့ ဒီဆောင်းပါးလေးကနေ နည်းလမ်းလေးတွေပြောပြမယ်နော်။

    ခွဲမွေးထားတဲ့ မေမေတို့ အတွက် ချုပ်ရိုးသက်သာစေမယ့်နည်းလမ်းကောင်းအချို့

    ဘေဘီလေးကို ခွဲမွေးထားတဲ့မေမေတို့ အနေနဲ့ ချုပ်ရိုးမြန်မြန်သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အကောင်းဆုံးအထောက်အပံ့ဖြစ်စေမှာပါ။

    လမ်းလျှောက်တာက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ လမ်းပုံမှန်လျှောက်ပေးတာက သွေးခဲတာမျိုးဖြစ်နိုင်ခြေနည်းစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကင်းစေနိုင်ပါတယ်။ ဘေဘီလေးကို ခွဲမွေးထားတဲ့မေမေတို့အနေနဲ့လည်း တစ်နေ့ကို ၁၅ မိနစ်လောက် ပုံမှန်လမ်းလျှောက်ပေးတာက ချုပ်ရိုးမြန်မြန်ကျက်စေဖို့ အကောင်းဆုံးအထောက်အပံ့ဖြစ်စေမှာပါ။

  • အမျှင်ဓာတ်များများစားပေးပါ
  • အမျှင်ဓာတ်များများစားပေးတာက ဗိုက်ခွဲမွေးထားတဲ့ မေမေတို့ ကို ဝမ်းချုပ်တာကြောင့် ချုပ်ရိုးထိခိုက်နိုင်ခြေကနေ အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ ရုံးပတီသီး၊ အုတ်ဂျုံ၊ နှမ်းကြတ်စေ့၊ ပင်ပွား၊ ပဲအမျိုးမျိုးတို့ကို စားပေးလို့ရပါတယ်။

    တစ်နေ့ကိုရေ ၈ ခွက်အနည်းဆုံးသောက်ပေးပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေမှုက သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး အနာကျက်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ရေပဲသောက်ရမှာ အရသာမရှိဘူးထင်တယ်ဆိုရင် သစ်သီးစစ်စစ်ကို ဖျော်ထားတဲ့ ဖျော်ရည်လေးတွေကို သောက်ပေးလို့ရပါတယ်။

    ချုပ်ရိုးတဝိုက်ကို ခပ်ဖွဖွလေးနှိပ်ပေးတာက ချုပ်ရိုးတဝိုက်မှာ သွေးစီးဆင်းမှုကောင်းစေပြီး အနာကျက်မြန်စေနိုင်သလို အမာရွတ်ကျန်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အရေပြားဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

    • ပြည့်ပြည့်ဝဝအနားယူပေးပါ

    ရိုးစင်းလွယ်ကူလွန်းတဲ့ အနာကျက်စေနိုင်တဲ့နည်းလမ်းပါ။ မေမေတစ်ယောက်ဖြစ်တာကြောင့် အိပ်ချိန်ပြည့်ပြည့်ဝဝရဖို့ ခက်ခဲနိုင်ပေမယ့်လည်း တတ်နိုင်သမျှပြည့်ပြည့်ဝဝလေး အနားယူပေးပါ။ ဒါမှ ချုပ်ရိုးက မြန်မြန်သက်သာစေမှာပါ။

    နာကျင်မှုကို သက်သာစေနိုင်သလို ကြွက်သားတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ချုပ်ရိုးတဝိုက်နဲ့ ချုပ်ရိုးပေါ်ကို ရေနွေးအိတ်ကပ်ပေးပါ။

    • အာဟာရပြည့်အောင်စားပေးပါ

    အာဟာရပြည့်ဝအောင်စားသုံးမှုက ချုပ်ရိုးတွေကို အထိရောက်ဆုံးသက်သာစေမှာပါ။ ဒါကြောင့် ခွဲမွေးထားတဲ့ မေမေတို့ အနေနဲ့ အာဟာရပြည့်ဝအောင်စားသုံးပေးဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ပရိုတင်းကြွယ်ဝတဲ့ အဆီမပါတဲ့အသား၊ ပဲအမျိုးမျိုး၊၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ၊ ဆန်လုံးညို၊ ကန်စွန်းဥ၊ ထောပတ်သီး၊ သံလွင်ဆီ၊ ဘယ်ရီသီးတွေ စားပေးလို့ရပါတယ်။ အခွံမာသီး ၊အစေ့အဆန်၊ ဆယ်လ်မွန်ငါးတို့ကိုလည်း စားပေးလို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement