backup og meta

အနာချုပ်ရိုးတွေကို ဘယ်လိုဂရုစိုက်မလဲ


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာချုပ်ရိုးတွေကို ဘယ်လိုဂရုစိုက်မလဲ

    ထိခိုက်ဒဏ်ရာရတိုင်း ချုပ်တာမျိုးလုပ်ဖို့မလိုပေမယ့် အနာကအရမ်းကြီးမယ်ဆိုရင်တော့ အနာကို ချုပ်ဖို့လိုအပ်မှာပါ။ အရမ်းကြီးတဲ့အနာတွေက ချုပ်လိုက်မှ အနာကျက်မှာပါ။ ချုပ်ပြီးရင်လည်း မပြီးသေးပါဘူး။သေချာလေးဂရုစိုက်မှ အနာကျက်ြပီး အမာရွတ်ကင်းမှာလေ။ ဒီတော့အနာချုပ်တဲ့အခါ ဘာတွေဂရုစိုက်ဖို့လိုမလဲပြောပြမယ်နော်။

    ချုပ်ရိုး

    အရေပြားကိုချုပ်တာကလလည်း အဝတ်စတွေကိုချုပ်သလိုပဲ လို့သင်ယူဆနိုင်ပါတယ်။ အပ်ချည်ကြိုးတစ်ခုနဲ့ တစ်ခုချင်းစီဖြစ်နေတဲ့အဝတ်စတွေကိုချုပ်သလိုလိုပဲပေါ့။ ဒါပေမယ့် အဝတ်စတွေနဲ့ လူ့အရေပြားက သိပ်တော့မတူပါဘူး။ အရေပြားမှာချုပ်တဲ့အခါ ပိုပြီးအနုစိတ်သေချာဂရုစိုက်ရပါတယ်။ အတွင်းချုပ်ရိုးနဲ့ အပြင်ချုပ်ရိုးဆိုပြီးလည်း ရှိပါသေးတယ်။ အရေပြားကိုချုပ်တဲ့အခါသေချာလေးဂရုစိုက်ချုပ်မှာ အမာရွတ်ထင်ကျန်မနေခဲ့မှာပါ။ အဓိက ကတော့ အနာစေ့သွားစေဖို့နဲ့ အနာပေါက်ပိတ်သွားစေဖို့ပေါ့။ အတွင်းချုပ်ရိုးကပြန်ဖြေစရာမလိုပေမယ့် အပြင်ချုပ်ရိုးကတော့ပြန်ဖြေဖို့လိုပါမယ်။ အနာအရမ်းနက်တဲ့အခါ၊ ခွဲစိတ်မှုတွေလုပ်တဲ့အခါမျိုးမှာ အနာကိုချုပ်ရပါမယ်။ ချုပ်ရိုးတိုင်းကိုပြန်ဖြေစရာလိုပေမယ့် ပါးစပ်တွင်းကချုပ်ရိုးတွေကတော့ပြန်ဖြေစရာမလိုဘဲ အနာကျက်သွားကြပါတယ်။

    ချုပ်ရိုးကိုသေချာဂရုစိုက်ပါ

    ချုပ်ရိုးကိုသေသေချာချာလေးဂရုစိုက်မှနောက်ဆက်တွဲဖြစ်လာမယ့် အန္တရာယ်တွေနဲ့အမာရွတ်တွေကင်းဝေးမှာပါ။ ဒီတော့ အနာကောင်းကောင်းကျက်သွားဖို့ ချုပ်ရိုးကိုဘယ်လိုများဂရုစိုက်မလဲ။

    ချုပ်ရိုးကို မကုတ်ပါနဲ့ – အနာကျက်လာတာနဲ့အမျှ ချုပ်ရိုးကပိုပြီးယားလာနိုင်ပါတယ်။ ဒီလိုအချိန်မှာ ချုပ်ရိုးကို မကုတ်မိဖို့ သတိထားပေးပါ။

    ရေမကူးပါနဲ့ – ခန္ဓါကိုယ်မှာ ချုပ်ရိုးတစ်ခုခုရှိနေခဲ့တယ်ဆိုရင်ရေကူးကန်မှာဖြစ်ဖြစ်၊ စမ်းချောင်းတွေ၊ ပင်လယ်ရေထဲမှာရေကူးတာမျိုးတွေ မလုပ်ပါနဲ့။ရောဂါပိုးတွေဝင်သွားနိုင်တာကြောင့်ပါ။

    ချုပ်ရိုးကိုရေမစိုပါစေနဲ့ – ချုပ်ရိုးကခြေတွေ၊လက်တွေမှာဆိုရင်ရေချိုးတဲ့အခါ ချုပ်ရိုးကိုရေမထိအောင်သတိထားပေးပါ။ တကယ်လို့ချုပ်ရိုးက ဗိုက်မှာဆိုရင်တော့ရေမချိုးပါနဲ့။ရေစိုဝတ်နဲ့တိုက်ပေးတာက အဆင်ပြေဆုံးပါ။ ရေစိုတာက အနာကျက်တာကိုနှေးစေနိုင်သလို အနာထဲကိုပိုးတွေဝင်စေနိုင်ပါတယ်။

    အားကစားမလုပ်ပါနဲ့ဦး – ချုပ်ရိုးရှိနေမယ်ဆိုရင် အရမ်းလှုပ်လှုပ်ရှားရှားမလုပ်ဖို့ ဆရာဝန်မှာလိုက်မှာ အသေအချာပါ။ ဒါကြောင့် သေချာပြန်မကောင်းသေးတဲ့အချိန်မှာ အားမကစားမလုပ်ပါနဲ့။ ချုပ်ရိုးထိခိုက်နိုင်တာကြောင့်ပြင်းထန်တဲ့လှုပ်ရှားမှုတွေမလုပ်ပါနဲ့။

    ချုပ်ရိုးသန့်ရှင်းရေး ဂရုစိုက်ပါ – ချုပ်ရိုးကလည်းအနာတစ်ခုလို့ပဲဆိုရပါမယ်။ ဒါကြောင့် ပုံမှန်သန့်ရှင်းရေးဂရုစိုက်ပေးဖို့လိုပါမယ်။ ချုပ်ရိုးကို ဖုန်တွေ၊သဲတွေနဲ့ ညစ်ပေတဲ့အရာတွေမထိတွေ့မိစေဖို့သေချာလေးဂရုစိုက်ပေးပါ။

    နေရောင်နဲ့တိုက်ရိုက်မထိတွေ့ပါစေနဲ့ – အနာချုပ်ထားတဲ့အခါ ချုပ်ရိုးကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့။ အရေပြားထိခိုက်နိုင်တာကြောင့်ပါ။နောက်တစ်ခုကနေလောင်ကာခရင်မ်တွေမလူးဖို့ပါ။ ချုပ်ရိုးအနာကျက်သွားမှနေလောင်ကာခရင်မ်လူးပေးပါ။

    ဆေးထည့်ပါ – ချုပ်ရိုးကိုနေ့စဉ် စစ်ဆေးကြည့်ရှု့ပြီး Antiseptic Solution လိုမျိုး ပိုးမွှားတွေကို တိုက်ဖျက်ပေးပြီး အနာကျက်မြန်စေတဲ့ဆေးထည့်ပေးပါ။ ဘက်တီးရီးယားတွေအန္တရာယ်ကနေ ကာကွယ်ပေးပြီး အနာကျက်မြန်စေမှာပါ။ Antiseptic Solution ကို အနာဖြစ်တဲ့အချိန်တိုင်း ချုပ်ရိုးသန့်ရှင်းရေးလုပ်တဲ့အခါတိုင်း သုံးပေးမယ်ဆိုရင် ချုပ်ရိုးပိုးဝင်တာ၊ ပြည်တည်တာ၊ ရောင်ရမ်းနီမြန်းတာတွေကိုကာကွယ်ပေးပြီး အနာကျက်ချိန်ကို မြန်ဆန်စေနိုင်ပါလိမ့်မယ်။

    ဒီအချက်လေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင် ချုပ်ရိုးက ထိခိုက်မှုမရှိဘဲကောင်းကောင်းမွန်မွန်အနာကျက်သွားမှာပါ။ တကယ်လို့ချုပ်ရိုးက နာမယ်။ နီမြန်းလာမယ်။ပြည်တည်မယ်၊ အရည်တွေထွက်နေမယ်ဆိုရင် ချုပ်ရိုးက ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တတ်သိနားလည်တဲ့သူကို သွားရောက်ပြသတာအကောင်းဆုံးပါ။

    ဘယ်အချိန်မှာ ချုပ်ရိုးဖြေမလဲ

    ချုပ်ရိုးက အနာကျက်သွားတယ်ဆိုရင်တောင်ဆေးခန်းကိုသွားပြီး ချုပ်ရိုးပြန်ဖြေဖို့လိုပါမယ်။ သင့်အနေနဲ့

    • ချုပ်ရိုးက ဦးခေါင်းမှာဆိုရင် ၃ ရက် ကနေ ၅ ရက်
    • အကွေးအဆန့်ေနရာတွေဖြစ်တဲ့ ဒူးတို့၊ တံတောင်ဆစ်တို့မှာဆိုရင် ၁၀ ရက်ကနေ ၁၄ ရက်အတွင်း
    • ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာဆိုရင် ၇ ရက်ကနေ ၁၀ ရက်အတွင်း ချုပ်ရိုးပြန်ဖြေရပါမယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement