brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ခေါင်းကိုက်တာ သက်သာစေဖို့

ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ခေါင်းကိုက်တာ သက်သာစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင် တယ်ဆိုတာက လေဒီတိုင်းအတွက် အစွန့်စားရဆုံးအချိန်ပါ။ ဒီကာလမှာ ခန္ဓာကိုယ်ကပြောင်းလဲမှုတွေအများကြီးဖြစ်သလို ခံစားရတဲ့ ဝေဒနာတွေကလည်း အမျိုးမျိုးပါ။ ဒီပြဿနာတွေထဲကမှ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခေါင်းကိုက်တဲ့အကြောင်းလေး နဲ့ပတ်သက်ပြီး ပြောပြပေးပါရစေ။

ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ခေါင်းကိုက်တာ သက်သာစေဖို့

ကိုယ်ဝန်ဆောင်မေမေ ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာ

ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာကို ခံစားရတာ ကိုယ်တစ်ယောက်တည်းများလားလို့ မတွေးပါနဲ့။ တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်တော်တော်များများ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားကြရတာပါ။ ကိုယ်ဝန်ဆောင်ကာလက အခြားကာလတွေထက်ပိုပြီး ခေါင်းကိုက်နိုင်ခြေများပါတယ်။ ဒါပေမယ့် အန္တရာယ်များလားဆိုတော့ မများပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ ခေါင်းကိုက်တာအပြင် အခြားနာကျင်ကိုက်ခဲမှုတွေကိုပါ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ဘာကြောင့် ခေါင်းကိုက်တာလဲ……..

ကိုယ်ဝန်ဆောင်မေမေတွေ ခေါင်းကိုက်ဝေဒနာခံစားရတာက

ကိုယ်ဝန်ဆောင်မေမေကို ခေါင်းကိုက်စေတဲ့ အစားအစာတွေက ဘာတွေလဲ……….

ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ

ဒါတွေအပြင်

  • အရမ်းစူးတဲ့ အလင်းရောင်
  • ကျယ်လောင်တဲ့ အသံတွေ
  • လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာ
  • ကွန်ပျူတာ၊ ဖုန်း နဲ့ စခရင်မ်တွေက အလင်းရောင်တွေကလည်း ကိုယ်ဝန်ဆောင်လေဒီလေးတွေကို ခေါင်းကိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် အစောပိုင်းကာလ ခေါင်းကိုက်တာ သက်သာစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်မယ် ဆိုရင် ပုံမှန်အချိန်တွေလို ဆေးသောက်ဖို့ကလည်း မလွယ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင် ခေါင်းကိုက်တာ သက်သာစေဖို့

  • အိပ်ရေးဝဝအိပ်ပါ
  • သက်သောင့်သက်သာ နားနေပါ
  • အလုပ်တွေ အရမ်းမလုပ်ပါနဲ့ (အိမ်အလုပ်ကအစပေါ့)
  • ကိုယ်ဝန်ဆောင် ယောဂလိုမျိုး လေ့ကျင့်ခန်းတွေ လုပ်ပေးပါ
  • လမ်းလျှောက်ပေးပါ
  • ကိုယ်နေဟန်ထား မှန်မှန်နေပါ
  • အစား အချိန်မှန် စားပါ
  • အာဟာရ ပြည့်ဝအောင် စားပါ
  • မျက်လုံး နဲ့ နှာခေါင်း တဝိုက်ကို ရေနွေးဝတ်လေးကပ်ပေးပါ
  • ဇက်ကြော နေရာကို ရေအေးဝတ်လေး ကပ်ပေးပါ
  • ရေနွေးအိတ် ကပ်ပေးပါ
  • နောက်ကျော နဲ့ ပခုံးကို နှိပ်နယ်ပေးပါ
  • ရေနွေးနွေးလေးချိုးပေးပါ။

ဒီလို လုပ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေ ခံစားရတဲ့ ခေါင်းကိုက်တာကို သက်သာစေမှာပါ။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ပြသမလဲ……….

အခု ပြောခဲ့တဲ့ အတိုင်း လုပ်တယ်။ ဒါပေမယ့် ခေါင်းကိုက်တာက မသက်သာဘူး။ ခေါင်းကိုက်တာ နဲ့အတူ

  • သွေးပေါင်ချိန် တက်မယ်
  • ကျောက်ကပ် ပြဿနာ ရှိမယ်
  • ခေါင်းကိုက်တာနဲ့အတူ နံရိုးအောက်ဘက်ကနာမယ်
  • ရင်ပူမယ်
  • မျက်နှာတွေ ရောင်မယ်
  • ခြေလက်တွေ ရောင်မယ်
  • အမြင်အာရုံ ပြဿနာ တစ်ခုခု ခံစားရမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/12/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။