backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

မီးဖွားပြီးနောက်ပိုင်း အတူပြန်နေတဲ့အခါ နာကျင်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။

မီးဖွားပြီးနောက်ပိုင်း ၄၅ရက်ကြာလို့ အမျိုးသားနဲ့ အတူပြန်နေတဲ့အခါ မိန်းမကိုယ်နာကျင်တဲ့ ပြဿနာ အမျိုးသမီးတိုင်း ကြရုံတဲ့ ကိစ္စတစ်ခုပါ။ ရိုးရိုးပဲ မွေးမွေး ခွဲပဲမွေးမွေး ဒီလိုပြဿနာ ကြုံရပြီဆိုရင် ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ်။

မီးဖွားပြီးနောက်ပိုင်း အတူပြန်နေတဲ့အခါ နာကျင်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။

မီးဖွားပြီးနောက်ပိုင်း အတူပြန်နေတဲ့အခါ ဒီ အချက်တွေကြောင့် မိန်းမကိုယ်နာကျင်နိုင်ပါတယ်။

ရိုးရိုးမီးဖွားစဉ် ရလာတဲ့ ဒဏ်ရာတွေကြောင့်ပါ။

ရိုးရိုးမီးဖွားတဲ့အခါ ကလေးဆင်းရ လွယ်ကူအောင်ဆိုပြီး မိန်းမကိုယ်ချဲ့လေ့ရှိပါတယ်။ ချဲ့ထားတဲ့ မိန်းမကိုယ်ကို ကလေးထွက်ပြီးရင် ပြန်ချုပ်ရပါတယ် ။ ဒီတော့ မီးဖွားစဉ် မိန်းမကိုယ်ချဲ့ထားတဲ့အရှိန်ရယ် ၊ချုပ်ရိုးကြောင့်နာတဲ့အရှိန်ရယ်ကြောင့် မီးဖွားပြီးအမျိုးသားနဲ့ ပထမဆုံး အကြိမ် အတူပြန်နေတဲ့အခါ နာကျင်တဲ့ ဝေဒနာ ခံစားရနိုင်ပါတယ်။

မိန်းမကိုယ်ကို ပြန်ချုပ်ထားတဲ့ချုပ်ရိုးတွေ ကြောင့်ပါ။

မီးဖွားပြီးပြီဆိုတာနဲ့ တင်းနေတဲ့ မိန်းမကိုယ်က ပြေလျော့သွားလေ့ရှိပါတယ် ။ ဒါပေမယ့် ဒီလို ပြေလျော့သွားရမှာကို ဆွဲတင်းထားတဲ့ ချုပ်ရိုးတွေကြောင့် အမာရွတ် တွေ ကျန်ခဲ့ပြီး မီးဖွားပြီးလို့ အတူပြန်နေတဲ့အခါ နာကျင်တဲ့ ဝေဒနာ နှစ်ဆ ဖြစ်သွားနိုင်ပါတယ်။

မိန်းမကိုယ် ခြောက်သွေ့တာကြောင့်ပါ။

မီးဖွားပြီးစအချိန်ဆို အီစတိုဂျင် ပမာဏ နည်းနေတဲ့အတွက်ကြောင့် လိင်မှုကိစ္စတွေမှာ စိတ်ဝင်စားမှု နည်းနေတတ်ပြီး မိန်းမကိုယ်ခြောက်သွေ့နေတတ်ပါတယ်။ ဒီလို မိန်းမကိုယ်ခြောက်သွေ့တဲ့အချိန် လိင်ဆက်ဆံတဲ့အခါ သာမာန်ထက်ပိုတဲ့နာကျင်တဲ့ဝေဒနာကို ခံစားရနိုင်ပါတတယ်။ ဒီပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင်တော့ sex lubricantsလို့ခေါ်တဲ့ ချောဆီတွေ သုံးပေးလို့ရပါတယ်။

ရိုးရိုးမွေးတာရော ခွဲမွေးတာရော ပေါင်းသွားတဲ့အခါ။

ရိုးရိုးမွေးမယ်လို့ဆုံးဖြတ်ထားပေမယ့် ကလေးမဆင်းတာတို့ မညှစ်နိုင်တော့တာတို့ ဖြစ်တဲ့အခါ အရေးပေါ် ခွဲမွေးလိုက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီအခါမှာ မီးဖွားပြီးနောက်ပိုင်း ခံစားရတဲ့နာကျင်တဲ့ ဝေဒနာက ၂ ဆ ဖြစ်သွားနိုင်ပါတယ်။

Baby blues လို့ခေါ်တဲ့ မီးဖွားပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ဓာတ်ကျတဲ့ ဝေဒနာကြောင့်လည်းဖြစ်နိုင်ပါတယ်။

မီးဖွားပြီးနောက်ပိုင်းဖြစ်တဲ့ Baby blues ကြောင့် စိတ်ဓာတ်ကျတာ၊ ပူပန်မှုများတာ၊ လိင်ကိစ္စတွေမှာ စိတ်ဝင်စားမှု နည်းတာတွေ ဖြစ်တတ်ပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကြောင့် လိင်ဆက်ဆံတာကို စိတ်ဝင်မစားတော့ဘဲ နာကျင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို စိတ်ကျဝေဒနာ ခံစားရတဲ့အချိန်မှာ ကိုယ့်လက်တွဲဖော် ဖေးမပြီး ကုစားပေးသင့်ပါတယ်။

တင်ပဆုံ ကြွက်သားပြဿနာတွေ ။ ။

ကိုယ်ဝန်ရှိစဉ်ကဒဏ်တွေ၊ မီးဖွားစဉ်ကရခဲ့တဲ့ ဒဏ်တွေကြောင့် သင့် တင်ပဆုံ ကြွက်သားတွေအားနည်းပြီး ဒဏ်ဖြစ်နေတတ်ပါတယ်။ ဒီ ဒဏ်အရှိန်တွေကြောင့် လိင်ဆက်ဆံတဲ့အခါ နာကျင်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။

ဒါတွေကတော့ မီးဖွားပြီးနောက်ပိုင်း လိင်ဆက်ဆံတဲ့အခါ နာကျင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။ အားလုံးသိကြတဲ့အခါ မီးဖွားပြီး ၄၅ရက်ရှောင်ရထားတာတောင်မှာ ဒီလိုမျိုး နာကျင်နေမယ်၊ သွေးတွေ ဆက်ဆင်းနေမယ်ဆိုရင် အချိန်သိပ်မဆွဲဘဲ ဆရာဝန်နဲ့ သွားပြတာ အကောင်းဆုံးပါ ။ ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://flo.health/being-a-mom/adjusting-to-motherhood/relationships-and-sex/reasons-sex-hurt-after-delivery

Accessed date 18.6.2019

https://www.scarymommy.com/sex-hurts-after-having-a-baby/

Accessed date 19.6.2019

https://www.parents.com/parenting/relationships/sex-and-marriage-after-baby/how-to-have-great-postpartum-sex/

Accessed date 19.6.2019

ယခုပုံစံ

15/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မီးဖွားပြီးစ မိခင်များအတွက် သင့်တော်သော အစာ ၁၂မျိုး

မီးဖွားပြီးနောက် အမျိုးသားနဲ့ အတူပြန်နေတဲ့အခါ သွေးဆင်းခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ