backup og meta

လိင်ဆက်ဆံနေစဉ် လေလည်ဖို့ မရှက်ပါနဲ့


Ye Myo Myat မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံနေစဉ် လေလည်ဖို့ မရှက်ပါနဲ့

    အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ချစ်တင်းနှီးနှောနေတဲ့အချိန်မှာ လေလည်တတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာဖြစ်ပြီး တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်က လိင်ဆက်ဆံနေလို့လည်း ဗိုက်ထဲက အစာခြေစနစ်က ငြိမ်နေတာမဟုတ်ပါဘူး။ သူ့အလုပ်သူ လုပ်နေတာဖြစ်ပါတယ်။ ကိုယ်နောက်ဆုံး အစာစားထားတာ ဘယ်အချိန်လဲ၊ ကိုယ်စားလိုက်တဲ့ အစားအစာ၊ နောက်ဆုံး ဝမ်းသွားထားချိန် ဒါတွေပေါ်မှာ မူတည်ပြီး လေလည်နိုင်ပါတယ်။

    ဘာလို့ လိင်ဆက်ဆံနေစဉ်မှာ လေလည်တာလဲ။

    အမျိုးသမီးတွေမှာ လိင်တံက မိန်းမကိုယ်တွင်း တိုးဝင်လာတဲ့အခါ ဖိအားသက်ရောက်ပါတယ်။ ဒီဖိအားက မိန်းမကိုယ် အတွင်းသားနံရံအပြင် သူနဲ့ နီးကပ်နေတဲ့ စအိုကိုပါ သွားပြီး သက်ရောက်တဲ့အတွက် လေတွေ အပြင်ကို ထွက်လာရတာပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လေလည်ရခြင်းဟာ လိင်ဆက်ဆံတဲ့ ပုံစံအနေအထားနဲ့တော့ သက်ဆိုင်မှု မရှိပါဘူး။ အထူးသဖြင့် လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ပြီးတဲ့အခါ ခန္ဓါကိုယ်က တင်းထားသမျှ ကြွက်သားတွေ လျှော့ချလိုက်တာကြောင့် ရုတ်တရက် လေလည်ရခြင်း ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ပိုပြီးလေလည်စေတဲ့ အကြောင်းရင်းက ဘာများလဲ။

    အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ဟော်မုန်းမျှခြေ အပြောင်းအလဲများလွန်းတာကြောင့် ကိုယ်ခန္ဓါတွင်း လေတွေ အများအပြား စုပြုံနေနိုင်ပါတယ်။ အထူးသဖြင့် ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်းတွေများလွန်းတဲ့အခါ ပိုပြီး အဖြစ်များပါတယ်။ ဒီဟော်မုန်းတွေဟာ ကြွက်သားတွေကို ပြေလျော့စေပြီး အစာခြေစနစ်ကို နှေးကွေးသွားစေတယ်။ အဲ့တော့ ကိုယ်ထဲမှာ လေတွေ ပိုအောင်းနေတော့တာပေါ့။ တစ်ချို့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အစာကောင်းစွာ မစားနိုင်တာ၊ ပြင်းထန်စွာ ပျို့အန်တတ်တဲ့အတွက် အစာခြေစနစ်ကို ထိခိုက်စေပြီး ဝမ်းပုံမှန်မသွားတော့နိုင်တော့တာကြောင့် လေတွေ များလာတတ်ပါတယ်။ ဒီလို ပျို့အန်တာကို ထိန်းနိုင်မယ်ဆိုရင်တော့ လိင်ဆက်ဆံနေစဉ် လေမလည်အောင် အနည်းငယ် ထိန်းချုပ်ပေးနိုင်မှာပါ။

    လိင်ဆက်ဆံနေစဉ် လေမလည်အောင် ဘယ်လိုလုပ်သင့်လဲ။

    တစ်ခါတစ်ရံမှာ လိင်ဆက်ဆံေနစဉ် လေလည်တာ ပြဿနာမရှိပေမဲ့ အမြဲလိုလို လေလည်နေတာဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ကြည့်သင့်ပါတယ်။ ပြသကြည့်လို့မှ ဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်တော့ အောက်မှာ ပြထားတဲ့ နည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ပေးပါ။

    ၁။ လိင်ဆက်ဆံခြင်း မပြုခင် အချိန်ခြားပြီး ဝမ်းသွားထားပါ။

    ၂။ အစာကို လိင်မဆက်ဆံခင် အနည်းဆုံး ၂နာရီလောက်ခြားပြီး စားထားပါ။

    ၃။ လိင်ဆက်ဆံခြင်းမပြုခင် လေလည်နိုင်စေတဲ့ ဂက်စ်ပါတဲ့ ဖျော်ရည်၊ အအေးတွေ၊ အစာကြေဖို့ ခက်တဲ့ အမာစာတွေကို သိပ်မစားသင့်ပါဘူး။

    ၄။ လေနဲ့ ဝမ်းမှန်စေဖို့ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ များများစားပါ။ ရေများများသောက်ပါ။

    ၅။ အစားအစာကို ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။

    ၆။ သကြားဓါတ်များတဲ့ မုန့်တွေ၊ သကြားလုံး၊ အချိုမုန့်တွေကို ရှောင်ပါ။

    ၇။ အအေးတွေကို ပိုက်နဲ့ စုပ်သောက်တဲ့ အကျင့်ကို ဖျောက်ပါ။

    ၈။ ဆေးလိပ်ြဖတ်လိုက်ပါ။

    ၉။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။

    လိင်ဆက်ဆံနေစဉ်မှာ လေလည်တာ မဖြစ်ဖို့ အမြဲတမ်းကာကွယ်လို့၊ ထိန်းထားလို့တော့ အဆင်မပြေပါဘူး။ ဒီလိုအခြေအနေမျိုး မဖြစ်ရအောင် ကိုယ့်ရဲ့ နေ့စဉ် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရင်တော့ အဆင်ပြေသွားမှာပါ။ လေလည်တယ်ဆိုတာ ရှက်စရာကိစ္စတစ်ခုမဟုတ်ပါဘူး။ ကိုယ်ဟာ ကျန်းမာတဲ့ လူသားတစ်ယောက်ဖြစ်တယ်ဆိုတာကို ကိုယ်ခန္ဓါက သက်သေပြနေတာ တစ်ခုပါပဲ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement