backup og meta

ကိုယ်ဝန်ဆောင်မေမေ ဂေါ်ရခါးသီး စားလို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေ ဂေါ်ရခါးသီး စားလို့ရလား

    စားလိုက်တိုင်းမှာ အရည်ရွှမ်းရွှမ်း ချိုချိုလေးဖြစ်နေတာကိုက ဂေါ်ရခါးသီးရဲ့ ထူးခြားတဲ့ ပင်ကိုသဘာဝ အရသာလေးပါ။ ကြက်ဥ၊ ဘဲဥတွေနဲ့ ရောကြော်ပြီး စားစား၊ ကြက်သားနဲ့ ကာလသားချက်လေးပဲ ချက်စားစား၊ မုန့်နှစ်နဲ့ ကြော်ပြီး အချဉ်လေးနဲ့ပဲ တို့စားစား၊ ဂျူးမြစ်လေးနဲ့ပဲ ချဉ်ရည်ချက်ချက် စားကောင်းတဲ့ ဂေါ်ရခါးသီးကို အရမ်းကြိုက်ပေမယ့် ဗိုက်ထဲမှာ ဘေဘီလေး ရှိနေတာကြောင့် စားလို့ ဖြစ်ပါ့လား။ ကိုယ်ဝန်ဆောင်မေမေ ဂေါ်ရခါးသီး စားလို့ရလား …. ဆိုတဲ့ မေးခွန်းလေးကို သိချင်နေသူတွေ ရှိလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    ဂေါ်ရခါးသီး ဆိုတာ

    အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာ ပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာ စားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ ရေဓာတ်ပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်နော်။

    ဂေါ်ရခါးသီးမှာပါတဲ့ အာဟာရဓာတ်တွေ

    ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓာတ်တွေပါဝင်နေပါတယ်။

    ကိုယ်ဝန်ဆောင်မေမေ ဂေါ်ရခါးသီး စားလို့ရလား

    ကိုယ်ဝန်ဆောင်မေမေ ဂေါ်ရခါးသီး စားလို့ရလား …. ဆိုတော့ စားလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဂေါ်ရခါးသီးကို အတော်အသင့် ပမာဏအထိ စားပေးလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဂေါ်ရခါးသီး စားပေးတာက ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို အတူတူဆက်ကြည့်လိုက်ရအောင်နော်။

    ကိုယ်ဝန်ဆောင်မေမေ ဂေါ်ရခါးသီး စားပေးတဲ့အခါ

    ကိုယ်ဝန်ဆောင်မေမေ ဂေါ်ရခါးသီး စားပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် အဝမလွန်အောင် ကာကွယ်ပေးတယ်

    ကယ်လ်လိုရီပါဝင်မှုနည်းပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့် ဂေါ်ရခါးသီးက ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်ပါတယ်။ ကိုယ်ဝန်ကြောင့် ဝိတ်တက်လာတာမျိုး မဖြစ်စေဖို့ နဲ့ ကိုယ်ဝန်ဆောင်ချိန် အဝလွန်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    မွေးရာပါ ချို့ယွင်းချက်မပါအောင် ကာကွယ်ပေးတယ်

    ဂေါ်ရခါးသီးမှာ ဗီတာမင်B complex၊ ဖောလိတ်တို့လိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားသုံးပေးမယ်ဆိုရင် မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    သွေးတွင်းကိုလက်စထရော ကျစေနိုင်တယ်

    ဂေါ်ရခါးသီးမှာ ပြည့်ဝဆီ လုံးဝမပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို မတက်စေဘဲ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

    မောပန်းတာကို သက်သာစေနိုင်ပါတယ်

    ရေဓာတ် ကြွယ်ဝသလို ဂေါ်ရခါးသီးမှာ ပိုတက်ဆီယမ်ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မောပန်းတာကို သက်သာစေနိုင်ပါတယ်။

    ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်

    ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အမျှင်ဓာတ် များစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

    သွေးတိုးကျစေနိုင်တယ်

    ပိုတက်ဆီယမ် ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ သွေးတိုးရှိသူတွေ၊ သွေးတိုးကာကွယ်ချင်သူတွေ စားပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးတာကိုလည်း ကာကွယ်ပေးပါတယ်။

    နှလုံးရောဂါ ကာကွယ်ပေးနိုင်တယ်

    ဂေါ်ရခါးသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    သွေးအားနည်းရောဂါ

    သွေးတွင်းမှာ သွေးနီဥဆဲလ်တွေနည်းနေတာကြောင့် သွေးအားနည်းရောဂါဖြစ်ရတာပါ။ ဂေါ်ရခါးသီးမှာ သံဓာတ်နဲ့ ဗီတာမင် B2 တို့ပါဝင်နေတာကြောင့်သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပြီး သွေးအားမနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ် လိုအပ်ချက် မဖြစ်အောင် ဖြည့်ပေးပါတယ်။

    ကိုယ်ဝန်ဆောင်မေမေ ဂေါ်ရခါးသီး စားပေးတဲ့အခါ

    ကိုယ်ဝန်ဆောင်မေမေ ဂေါ်ရခါးသီးစားပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
    • ကိုယ်ဝန်ဆောင်ချိန် အဝမလွန်အောင် ကာကွယ်ပေးတယ်
    • မွေးရာပါ ချို့ယွင်းချက်မပါအောင် ကာကွယ်ပေးတယ်
    • သွေးတွင်းကိုလက်စထရော ကျစေနိုင်တယ်
    • မောပန်းတာကို သက်သာစေနိုင်ပါတယ်။
    • ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်
    • သွေးတိုးကျစေနိုင်တယ်
    • နှလုံးရောဂါ ကာကွယ်ပေးနိုင်တယ်
    • သွေးအားနည်းရောဂါ ကာကွယ်ပေးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement