backup og meta

ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ ရလား

    ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးတာက မွေးဖွားရလွယ်တယ်။ မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေတယ်ဆိုပြီး ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလို လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာလည်း ကိုယ်ဝန်ဆောင်ချိန်ဖြစ်တဲ့အတွက် မေမေရော ဘေဘီလေးပါ ထိခိုက်မှု မရှိစေတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ ရလား ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ ရလား

    ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ ရလား ဆိုတော့ အဖြေက ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေကူးတာက မေမေရော ဘေဘီလေးအတွက်ပါ ဘေးအကင်းဆုံးနဲ့ အကျိုးကျေးဇူး အများဆုံးသော ကိုယ်လက်လေ့ကျင့်ခန်း တစ်ရပ်ပါ။ ရေကူးတာက အေရိုးဗစ်လေ့ကျင့်ခန်းတွေလိုမျိုး သိပ်အားမစိုက်ရဘဲ ပေါ့ပေါ့ပါးပါး လုပ်ဆောင်လို့ ရပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ရေကူးတာက သွေးလည်ပတ်မှု ကောင်းစေပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုးစေနိုင်ပါတယ်။ မေမေရော ဘေဘီလေးကို အောက်ဆီဂျင်ပြည့်ပြည့်ဝဝ ရရှိစေနိုင်မှာပါ။

    ရေကူးတာက ကြွက်သားတွေ အားလုံးကို လှုပ်ရှားဖြစ်စေပြီး ရေထဲမှာ ဖြစ်တာကြောင့် ကိုယ်အလေးချိန်ကိုလည်း ထမ်းထားစရာ မလိုပါဘူး။ ရေကူးတာက ဘေးကင်းစိတ်ချရသလို သက်တောင့်သက်သာလည်း ဖြစ်စေမှာပါ။

    ရေကူးတဲ့အခါ ဘာတွေ သတိထားရမလဲ

    ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ​ရေကူးတဲ့အခါ ရေကူးကန်ထဲကို ဆင်းတဲ့အချိန်နဲ့ ပြန်တက်ချိန်မှာ မတော်တဆ ချော်ကျတာမျိုး မဖြစ်စေဖို့အတွက် ဘေးကနေ ထိန်းပေးမယ့်သူ တစ်ဦးနဲ့ သွားတာက ပိုအဆင်ပြေပါမယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် ပိုပြီး မောပန်းလွယ်တာကြောင့် ဖြစ်နိုင်ရင် ရေကူးကန်ထဲမှာပဲ ကူးပေးတာက အကောင်းဆုံးပါ။ ကမ်းခြေလို နေရာမျိုးမှာဆိုရင်လည်း ကမ်းနဲ့ ဝေးဝေးကူးတာမျိုး မလုပ်ဖို့ လိုပါမယ်။

    ရေကူးကန်ထဲမှာ တည့်ထားတဲ့ ကလိုရင်းက မေမေရော ဘေဘီလေးကိုပါ ထိခိုက်မှု မရှိစေဘူးဆိုပေမယ့် ရေအပူချိန်ကိုတော့ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ရေအပူချိန်က 102.2°F (39°C) ထက် မကျော်ရပါဘူး။ ရေပူပူက ကြွက်သားတွေကို ပြေလျော့ပြီး သက်တောင့်သက်သာ ဖြစ်စေတာမှန်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ မသင့်တော်ပါဘူး။

    ရေအပူချိန် မြင့်တာက မွေးဖွားရ ခက်တာ၊ ကိုယ်ဝန်ပျက်ကျတာနဲ့ အခြား ပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ရေကူးတဲ့အခါ

    ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ ရလား

    ကိုယ်ဝန်ဆောင်ချိန်မှာ ရေကူးတာက မေမေ​ရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပြီး မွေးဖွားရတာလည်း လွယ်ကူစေတဲ့အပြင် အခုလို အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် ရေကူးတာက

    • အရိုးအဆစ်တွေကို ကျန်းမာစေတယ်။ ခန္ဓာကိုယ်ရဲ့ ဖိအားတွေကို ပြေလျော့စေနိုင်တယ်။
    • ကောင်းကောင်း အိပ်ပျော်စေတယ်။ ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်တာကို သက်သာစေနိုင်တယ်။
    • ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တိုးလာတာကြောင့် နာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။
    • ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်လာတာကြောင့် သက်တောင့်သက်သာ မဖြစ်တာကို သက်သာစေသလို ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
    • ဗိုက်ထဲက ဘေဘီလေးရဲ့ အာရုံကြောစနစ်ကို ဖွံ့​ဖြိုးစေတယ်။
    • ဘေဘီလေးဆီ သွေးရောက်ရှိ လည်ပတ်မှု ကောင်းစေပြီး အောက်ဆီဂျင်ရောက်ရှိမှု တိုးစေနိုင်ပါတယ်။
    • ဘေဘီလေးကို မွေးဖွားရ လွယ်ကူစေပါတယ်။
    • ကြွက်သားတွေ သန်စွမ်းစေနိုင်တယ်။
    • ကိုယ်ဝန်ဆောင်ချိန် သွေးတိုးတာ၊ သွေးချို များတာတွေကို သက်သာစေနိုင်တယ်။
    • ကိုယ်တွင်းမှာ အဆီတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

    ကဲ …….. ကိုယ်ဝန်ဆောင်ချိန် ရေကူးလို့ ရလားဆိုတဲ့ အဖြေကို ရှင်းရှင်းလင်းလင်း သိလောက်ပြီ ထင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေကူးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement