backup og meta

ကိုယ်ဝန်ဆောင် မေမေတွေ သိချင်နေမယ့် ကိုရိုနာ ဗိုင်းရပ်စ် အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင် မေမေတွေ သိချင်နေမယ့် ကိုရိုနာ ဗိုင်းရပ်စ် အကြောင်း

    ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်ရော ဘေဘီလေး ကျန်းမာစွာ မွေးဖွားလာစေဖို့ စောင့်ရှောက်ပေးနေတဲ့ ဖေဖေရော မျှော်လင့်တဲ့ အချက်တစ်ခုက ဘေဘီလေး ကျန်းကျန်းမာမာ မွေးဖွားလာဖို့နဲ့ မွေးဖွားပြီးချိန်မှာလည်း ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ပါ။ ဒီ မျှော်လင့်ချက်က အခုလို ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာ ပိုလို့တောင် ကြီးမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုရိုနာ ဗိုင်းရပ်စ်က ဘယ်လို ထိခိုက်မှုတွေ ဖြစ်စေနိုင်လဲ။ ဘေဘီလေးကိုရော ထိခိုက်နိုင်လားဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    ကိုယ်ဝန်ဆောင် မေမေတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရနိုင်ခြေ ပိုများသလား ……

    ကိုယ်ဝန်ဆောင် မေမေတွေက အခြားသူတွေထက် ကိုဗစ် ကူးစက်ခံရနိုင်ခြေ ပိုများသလားဆိုတာကိုတော့ သုတေသီကိုယ်တိုင် သေသေချာချာ အဖြေမထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေအနေနဲ့ ကိုယ်ခံအား ပြောင်းလဲမှု ဖြစ်တာကြောင့် ရောဂါတွေ ကူးစက်ခံရနိုင်ခြေက ပုံမှန်အချိန်ထက် ပိုများနေပါတယ်။

    ကိုယ်ဝန်ဆောင်တွေမှာ ကိုဗစ် ကူးစက်ခံရတဲ့အခါ အခြားသူတွေထက်တော့ ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး နည်းလမ်းက ကိုယ်ဝန်ဆောင်ချိန်မှာ ကိုဗစ် ကူးစက်ခံရတာမျိုး မဖြစ်စေဖို့အတွက်ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေကို လုပ်ဆောင်တာက အကောင်းဆုံး ဖြစ်မှာပါ။

    ကိုယ်ဝန်ဆောင်မေမေတွေ ကိုဗစ်ကို ဘယ်လို ကာကွယ်မလဲ ……..

    ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မခံရဖို့ ကိုယ့်ကိုယ်ကို အကောင်းဆုံး ကာကွယ်ဖို့ လိုပါမယ်။ ဒါကြောင့် ကိုဗစ် မကူးစက်စေဖို့အတွက် ဒါလေးတွေကို လိုက်နာလုပ်ဆောင်ဖို့ လိုပါမယ်။

    • ကိုယ်ဝန်ဆောင်များအတွက် စိတ်ချရတဲ့ Covid-19 ကာကွယ်ဆေးထိုးပါ။
    • ကာကွယ်ဆေးထိုးပြီး ၆ လ ကြာရင် booster ထပ်ထိုးပါ။ (ရနိုင်ခဲ့ရင်)
    • လက်ကို ရေနဲ့ဆပ်ပြာ သုံးပြီး သေချာ သန့်စင်ဆေးကြောပါ။
    • ရေနဲ့ ဆပ်ပြာ မလွယ်ဘူးဆိုရင် အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါတဲ့ ရေမလို လက်သန့်ဆေးရည်နဲ့ ဆေးကြောပါ။
    • အပြင်ထွက်တဲ့အခါ၊ လူတွေနဲ့ တွေ့ဆုံတဲ့အခါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ထားပါ။ လိုအပ်ရင် Face shield ပါ တပ်ပါ။
    • မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတို့ကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။
    • ဖျားနေတဲ့သူတွေနဲ့ ခပ်ဝေးဝေးနေပါ။
    • အပြင်သွားတိုင်း လူတိုင်းနဲ့ ၆ ပေ အကွာမှာ နေပါ။
    • နေ့စဉ်ကိုင်တွယ်ထိတွေ့နေတဲ့ အသုံးအဆောင်တွေကို ပိုးသတ်သန့်စင်ပါ

    ကိုရိုနာ ဗိုင်းရပ်စ် က ဘေဘီလေးတွေကို ထိခိုက်စေနိုင်လား ……

    ကိုယ်ဝန်ဆောင်ချိန်မှာ ကိုဗစ် ကူးစက်ခံရမယ်ဆိုရင် လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုး ဖြစ်နိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ အသေလေး မွေးဖွားတာမျိုး ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုဗစ် ကူးစက်ခံရတာမျိုး မရှိစေဖို့ သေချာလေး ကာကွယ်ဖို့ လိုပါမယ်။

    မေမေ့ဆီကနေ ဘေဘီလေးဆီကို ကိုဗစ် ကူးစက်နိုင်လား ……

    ဘေဘီလေးကို မွေးဖွားချိန်မှာ မေမေ့ဆီကနေ ဘေဘီလေးဆီကို ကိုဗစ် ကူးစက်နိုင်သလားဆိုတာကိုတော့ လေ့လာမှုတွေ လုပ်ဆောင်နေဆဲပါ။ ကိုရိုနာဗိုင်းရပ်စ်က ရေမြွာရည်ထဲမှာ မရှိသလို မိခင်နို့ရည်ထဲမှာလည်း မရှိပါဘူး။

    ဒါပေမယ့် မေမေက ဘေဘီလေးကို နို့တိုက်လို့ရပါတယ်။ ဘေဘီလေးကို နို့မတိုက်ခင် မချီခင်တွေမှာ လက်ကို သေချာ သန့်စင်အောင် ဆေးကြောပြီး မတ်ခ် တပ်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement