အစားအသောက်တွေထဲမှာပါတဲ့ သကြားဓာတ်ကို ဘယ်လိုစစ်ဆေးမလဲ
အစားအသောက်တွေထဲမှာပါတဲ့ သကြားဓာတ်ကိုဘယ်လိုစစ်ဆေးမလဲ ဆိုတော့ အလွယ်ကူဆုံးနည်းလမ်းကတော့ အစားအသောက်တစ်ခုခုမဝယ်ခင် Label အညွှန်းကိုအရင်ဖတ်ပါ။
သကြားပါဝင်မှုနည်းတယ်၊ ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုရင်တောင် အချိုဓာတ်က တော်တော်လေးကို ပါဝင်နေသေးတာပါ။ သဘာဝအချိုဓာတ်အပြင် ဖြည့်စွက်ထားတဲ့ အချိုဓာတ်ကြောင့် အချိုပါဝင်မှုက လိုတာထက်ပိုများနေတာမျိုး ကြုံရနိုင်ပါတယ်။
ဒါကြောင့် ကလေးတွေအတွက် အစားအသောက်ရွေးချယ်ပေးတဲ့အခါ အာဟာရတန်ဖိုးကို သေချာလေးစစ်ဆေးတတ်ဖို့ လိုပါမယ်။ ဒီတော့ အစားအသောက်တွေကိုရွေးချယ်တဲ့အခါ သကြား (Sugar)ပါဝင်မှု၊ အဆီ (Fat) ပါဝင်မှုကို ကြည့်ဖို့လိုမှာဖြစ်သလို ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်မှုကိုလည်း စစ်ကြည့်ဖို့လိုပါမယ်။
ဒီနေရာမှာ အဓိကထားစစ်ရမှာက အဆီ နဲ့ သကြားဓါတ်ပါ။ အဆီနဲ့ သကြားပါဝင်မှုမြင့်နေမယ်ဆိုရင် ကလေးကို မကျွေးသင့်ပါဘူး။နောက်ဆုံးသတိထားရမယ့်တစ်ချက်က ကလေးနဲ့ဓာတ်မတည့်တဲ့ပစ္စည်းတစ်ခုခုပါနေလားဆိုတာကိုပါ။
ပထမအဆင့် သတိထားရမယ့်အချက်ဖြစ်တဲ့ သကြား (Sugar) ပါဝင်မှုကိုစစ်ဆေးတဲ့အခါ အပေါ်မှာပြောခဲ့သလိုပဲ Sugar ဆိုတာထက်သူ့ရဲ့ အမျိုးအစားကွဲတွေဖြစ်တဲ့ Sucrose၊ Glucose၊ Fructose ဆိုတဲ့ စကားလုံးတွေကိုပါသတိထားဖို့လိုပါမယ်။ လူတွေက sugar ဆိုတာကိုပဲ ကြည့်မိတတ်ပြီး Glucose, Sucrose နဲ့ Fructose တို့ကို မသိလိုက်ဘဲ ဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။