ဝမ်းချုပ်တဲ့အချိန်ဆိုရင် ဝေဒနာခံစားနေတဲ့သူရော၊ မိသားစုဝင်တွေအတွက် သိပ်ကို စိတ်ညစ်စရာပဲပေါ့။ ဝမ်းလည်း မသွားရ၊ နေလို့ထိုင်လို့လည်း မကောင်း၊ အထူးသဖြင့် ကလေးတွေ ဝမ်းချုပ်ပြီဆိုရင် မိဘတွေလည်း တစ်ခုခုများ ဖြစ်ပြီလားဆိုပြီးတော့ ရင်တွေ ပူ၊ စိုးရိမ်နေရတာပေါ့။ တကယ်တော့ ကလေးအရွယ်မှာ ဝမ်းချုပ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုမို့ စိတ်တော့ အရမ်းပူဖို့ မလိုပါဘူး။