ဘေဘီလေးရဲ့ နှာခေါင်းထဲက နှပ်ချေးဖတ်တွေကို ဘေးကင်းကင်းနဲ့ အခုလို ဖယ်ရှားပေးလို့ ရပါတယ်။ မွေးကင်းစ ဘေဘီလေးတွေ၊ ဘေဘီပေါက်စလေးတွေ နှာခေါင်းထဲက နှပ်ချေးဖတ်ကို ဖယ်ရှားပေးရတာက မေမေဖေဖေတို့အတွက် အတော်လေး လက်ဝင်တဲ့ ကိစ္စတစ်ခုပါ။
ဒီလို ဖယ်ရှားပေးတဲ့အခါ အခန့်မသင့်ရင် ထိခိုက်တာတွေဖြစ်စေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးကို ထိခိုက်မှု တစ်စုံတရာ မဖြစ်စေဘဲ အခုလိုလေး ဖယ်ရှားပေးလို့ ရပါတယ်။
- လက်ကို သေချာသန့်စင်အောင် ဆေးကြောပါ။
- ဘေဘီလေးက ငြိမ်ငြိမ်လေး ဖြစ်နေအောင် ဂရုစိုက်ပါ။
- ဘေဘီလေး အိပ်နေချိန်ဆိုလည်း အဆင်ပြေပါတယ်။
- နှပ်ချေးဖတ်တွေ ပျော်ကျစေဖို့အတွက် ဘေဘီလေးရဲ့ နှာခေါင်းထဲကို မေမေ့ နို့ တစ်စက် ဒါမှမဟုတ် ၂ စက်လောက် ချပေးပါ။
- မေမေ့နို့ မဟုတ်ရင်လည်း ဆားနဲ့ ရေနွေးနွေးလေးကို ဖျော်ပြီး အအေးခံထားတဲ့ ဆားရည်ကို ဘေဘီလေးရဲ့ နှာခေါင်းထဲကို တစ်စက် ဒါမှမဟုတ် ၂ စက်လောက် ချပေးပါ။
- ၂ မိနစ်လောက် စောင့်ပါ။
- ပြီးရင် သေချာ သန့်စင်ပိုးသတ်ထားတဲ့ ချွဲစုပ်ထုတ်တဲ့ ကိရိယာလေးထဲက လေတွေကို ညှစ်ထုတ်လိုက်ပါ။
- ဘေဘီလေးရဲ့ နှာခေါင်းထဲကို သေချာ ဂရုစိုက်ထည့်ပါ။ ပြီးရင် ချွဲတွေကို ဖယ်ရှားပေးပါ။
- တစ်ဖက်ပြီး တစ်ဖက် လုပ်ပေးပါ။
- နှာခေါင်း တစ်ဖက်က နှပ်ချေးတွေကို ဖယ်ရှားပြီးတိုင်း ချွဲစုပ်ထုတ်တဲ့ ကိရိယာလေးထဲကို ပိုးသတ်သန့်စင်ပါ။
- ပြီးရင် လက်တွေကို သေချာ သန့်စင်ဆေးကြောပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။