backup og meta

မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ

    မိခင်နို့က ဘေဘီလေးတွေကို ကျန်းမာစေရုံ အာဟာရ ပြည့်စေရုံတင် မဟုတ်ဘဲ ရောဂါတွေကိုလည်း ကာကွယ် ပေးသေးတယ်နော်။ ဘေဘီလေးတို့ကို အာဟာရ ဖြည့်ပေးတဲ့နို့က ဘေဘီလေးတွေရဲ့ ကျန်းမာရေးကိုတင် မဟုတ်ဘဲ အရွယ်ရောက်ပြီး သူတွေရဲ့ ကျန်းမာရေးကိုပါ အထောက်အကူပြုပေးနိုင်ပါသေးတယ်။ ဘယ်လိုများ အထောက်အကူပြုပေးလဲ သိချင်ရင် မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ အကြောင်းကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ

    မိခင်နို့က ဘေဘီလေးကို အားဖြည့်ပေးတာ အပြင် အခုလို အသုံးဝင် ပါသေးတယ်။ မိခင်နို့ရဲ့ အသုံးဝင်မှု အဖုံဖုံ ကတော့

    မျက်စိနာတာကို သက်သာချင်တယ် ဆေးလည်း အလွယ်တကူ မရှိဘူးဆိုရင် မိခင်နို့ရည်ကို မျက်စဉ်းလို ခပ်ပေးလို့ ရပါတယ်။ မျက်လုံး ပိုးဝင်တာ၊ မျက်စိနာတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

    နားကိုက်တာ၊ နားပိုးဝင်ပြီး ပြည်ထွက်တာကို သက်သာစေဖို့လည်း မိခင်နို့ရည်ကို အသုံးပြုပေးလို့ ရပါတယ်။

    ထိခိုက်ရှနာတွေကို ပိုးဝင် ကူးစက်တာ ကာကွယ်ဖို့အတွက် မိခင်နို့ရည်ကို အသုံးပြုပေးလို့ ရပါတယ်။ အနာကျက်စေဖို့ အားဖြည့်ပေးသလို ပိုးဝင်ကူးစက်တာမျိုးမဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    မိခင်နို့ရည်က ဘေဘီလေးတွေကိုတင် ကိုယ်ခံအား ဖြည့်ပေးတာ မဟုတ်ဘဲ။ လူကြီးတွေ ဖျားနာနေတဲ့အခါ ကိုယ်ခံအား ကောင်းစေဖို့လည်း မိခင်နို့ရည်ကို သောက်ပေးလို့ ရပါတယ်။

    ကြွက်နို့ ဖြစ်တဲ့အခါ ကြွက်နို့ပေါ်ကို မိခင်နို့ရည် လိမ်းပေးမယ်ဆိုရင် ကြွက်နို့က သူ့အလိုလို ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။

    အရေပြားမှာ ပိုးကောင် ကိုက်လို့ ဖြစ်ဖြစ်၊ ပျားတုပ်လို့ ဖြစ်ဖြစ် ယားယံ နာကျင်တဲ့အခါ သက်သာစေဖို့ မိခင်နို့ရည်ကို လိမ်းပေးလို့ ရပါတယ်။  ယားယံ နာကျင်မှုကို သိသိသာသာ သက်သာစေမှာပါ။

    အသားအရေတွေ ခြောက်သွေ့ ကွဲအက်တာ၊ နှုတ်ခမ်းကွဲတာတွေ သက်သာစေဖို့အတွက်လည်း မိခင်နို့ရည်ကို လိမ်းပေးလို့ ရပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ခြောက်သွေ့မှုကြောင့် နောက်ဆက်တွဲ အရေပြား ပြဿနာ ဖြစ်တာကို ကာကွယ်နိုင်မှာပါ။

    ဘေဘီလေးတွေ သေးခံလောင်တဲ့အခါ သေးခံလောင်တဲ့နေရာကို မေမေ့ နို့ရည်လေး လိမ်းပေးလိုက်ပါ။ နာကျင်မှု သက်သာပြီး ပိုးဝင်တာမျိုး မဖြစ်အောင် ကာကွယ်ပေး နိုင်မှာပါ။

    မေမေတွေ နို့သီးခေါင်း ကွဲအက်တဲ့အခါ မိခင်နို့ရည်ကို ပွတ်လိမ်းပြီး လေနဲ့ အခြောက်ခံပေးပါ။ ရင်သားထိပ် ကွဲအက်တာကို သိသိသာသာ သက်သာစေပါလိမ့်မယ်။

    လည်ချောင်းနာ တဲ့အခါ မိခင်နို့ရည်ကို ရေနွေး နဲ့ရောပြီး ပလုပ်ကျင်း ပေးတာက လည်ချောင်းနာတာကို သက်သာ စေနိုင်ပါတယ်။

    မျက်နှာကို မိခင်နို့ရည် လိမ်းပေးတာက အသားအရေကို ကြည်လင် သန့်စင်စေပြီး ဝက်ခြံ သက်သာ စေနိုင်ပါတယ်။

    နေလောင်တာကို သက်သာစေဖို့လည်း မိခင်နို့ရည်ကို အသုံးပြုပေးလို့ ရပါတယ်။ နေလောင်ရာတွေ အပေါ်မှာ မိခင်နို့ရည်ကို ခပ်ပါးပါး လိမ်းပေးရုံပါ။

    သတိထားရမှာက မိခင်မှာ ကူးစက်ရောဂါတစ်မျိုးမျိုး ရှိနေတယ်ဆိုရင် မိခင်နို့ရည်ကို အသုံးမပြုသင့်ပါဘူး။ အထက်ပါ ရောဂါလက္ခဏာတွေမှာ မိခင်နို့ရည်နဲ့ မသက်သာဘူးဆိုရင် အချိန်မဆွဲဘဲ ထိရောက်တဲ့ ကုသမှုကို ခံယူသင့်ပါတယ်။

      မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

      မှ အချက်အလက် စစ်ဆေးထားပါသည်။

      Dr. Phyo Wai Lynn


      Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      advertisement iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      advertisement iconadvertisement
      advertisement iconadvertisement