backup og meta

ဘေဘီလေး နှာခေါင်းထဲက နှပ်ချေးဖတ်တွေကို ဘယ်လို ဖယ်ရှားပေးကြမလဲ။


Aye Thi Mon မှ ရေးသားသည်။ · 04/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး နှာခေါင်းထဲက နှပ်ချေးဖတ်တွေကို ဘယ်လို ဖယ်ရှားပေးကြမလဲ။

    ဘေဘီလေး သန့်ရှင်း ကျန်းမာနေစေဖို့ တာဝန် အရှိဆုံးသူက မေမေလား….. ဒါမှမဟုတ် ဖေဖေလား….. တကယ်ကတော့ ဘေဘီလေး ကျန်းမာသန့်ရှင်းနေစေဖို့က မေမေရော ဖေဖေ့မှာပါ တာဝန်ရှိပါတယ်။ ဘေဘီလေးကို အရိပ်တကြည့်ကြည့် စောင့်ရှောက်နေတဲ့ မေမေဖေဖေတွေအနေနဲ့ ဘေဘီလေး နှာခေါင်းလေးမှာ ကပ်နေ ပိတ်နေတဲ့ နှပ်ချေးဖတ်တွေကို ဘယ်လို ဖယ်ရှားပေးရမလဲဆိုပြီး တွေးနေကြလား….

    ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖေဖေမေမေတို့အတွက်ပါ။ ဆောင်းပါးလေးကို ဖတ်ပြီး ဘေဘီလေးရဲ့ နှာခေါင်းလေးကို သန့်ရှင်းရေး လုပ်ပေးကြရအောင်လား မေမေတို့ရေ ……

    နှပ်ချေး ဆိုတာ 

    နှာချေးဆိုတာ နှာခေါင်းထဲက ချွဲတွေပါ။ ဒီ ချွဲတွေက နှာခေါင်းထဲကို ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေ နဲ့ အမှုန်တွေကို ခန္ဓာကိုယ်ထဲ ဝင်ရောက်မသွားအောင် တားဆီးပေးတာပါ။ ဒီအချွဲရယ် ရောဂါပိုးတွေရယ် အမှုန်အမွှားတွေရယ် ပေါင်းပြီး ခြောက်သွားတဲ့အခါ နှပ်ချေးဖတ် ဖြစ်လာတာပါ။

    နှပ်ချေးက ကိုယ်တွင်းကို ရောဂါပိုးတွေ အမှုန်တွေ မဝင်ရောက်အောင် ကာကွယ်ပေးတယ်ဆိုပေမယ့် အရမ်းများရင်တော့ ဘေဘီလေးကို အသက်ရှူရ ခက်စေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးရဲ့ နှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ နှပ်ချေးဖတ်တွေကိုတော့ ဖယ်ရှားဖို့ လိုပါမယ်။ ဘယ်လို ဖယ်ရှားမလဲ ဆက်ကြည့်လိုက်ရအောင်နော်။

    ဘေဘီလေး နှာခေါင်းထဲက နှပ်ချေးဖတ်တွေကို ဘယ်လို ဖယ်ရှားပေးကြမလဲ ……..

    ဘေဘီလေးရဲ့ နှာခေါင်းထဲက နှပ်ချေးဖတ်တွေကို ဘေးကင်းကင်းနဲ့ အခုလို ဖယ်ရှားပေးလို့ ရပါတယ်။ မွေးကင်းစ ဘေဘီလေးတွေ၊ ဘေဘီပေါက်စလေးတွေ နှာခေါင်းထဲက နှပ်ချေးဖတ်ကို ဖယ်ရှားပေးရတာက မေမေဖေဖေတို့အတွက် အတော်လေး လက်ဝင်တဲ့ ကိစ္စတစ်ခုပါ။

    ဒီလို ဖယ်ရှားပေးတဲ့အခါ အခန့်မသင့်ရင် ထိခိုက်တာတွေဖြစ်စေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးကို ထိခိုက်မှု တစ်စုံတရာ မဖြစ်စေဘဲ အခုလိုလေး ဖယ်ရှားပေးလို့ ရပါတယ်။

    • လက်ကို သေချာသန့်စင်အောင် ဆေးကြောပါ
    • ဘေဘီလေးက ငြိမ်ငြိမ်လေး ဖြစ်နေအောင် ဂရုစိုက်ပါ။
    • ဘေဘီလေး အိပ်နေချိန်ဆိုလည်း အဆင်ပြေပါတယ်။
    • နှပ်ချေးဖတ်တွေ ပျော်ကျစေဖို့အတွက် ဘေဘီလေးရဲ့ နှာခေါင်းထဲကို မေမေ့ နို့ တစ်စက် ဒါမှမဟုတ် ၂ စက်လောက် ချပေးပါ။
    • မေမေ့နို့ မဟုတ်ရင်လည်း ဆားနဲ့ ရေနွေးနွေးလေးကို ဖျော်ပြီး အအေးခံထားတဲ့ ဆားရည်ကို ဘေဘီလေးရဲ့ နှာခေါင်းထဲကို တစ်စက် ဒါမှမဟုတ် ၂ စက်လောက် ချပေးပါ။
    • ၂ မိနစ်လောက် စောင့်ပါ။
    • ပြီးရင် သေချာ သန့်စင်ပိုးသတ်ထားတဲ့ ချွဲစုပ်ထုတ်တဲ့ ကိရိယာလေးထဲက လေတွေကို ညှစ်ထုတ်လိုက်ပါ။
    • ဘေဘီလေးရဲ့ နှာခေါင်းထဲကို သေချာ ဂရုစိုက်ထည့်ပါ။ ပြီးရင် ချွဲတွေကို ဖယ်ရှားပေးပါ။
    • တစ်ဖက်ပြီး တစ်ဖက် လုပ်ပေးပါ။
    • နှာခေါင်း တစ်ဖက်က နှပ်ချေးတွေကို ဖယ်ရှားပြီးတိုင်း ချွဲစုပ်ထုတ်တဲ့ ကိရိယာလေးထဲကို ပိုးသတ်သန့်စင်ပါ။
    • ပြီးရင် လက်တွေကို သေချာ သန့်စင်ဆေးကြောပါ။

    ကဲ ….. ဘေဘီလေးရဲ့ နှာခေါင်းထဲက ပိတ်ဆို့နေတဲ့ နှပ်ချေးဖတ်လေးတွေကို အခု ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ သုံးပြီး ဖယ်ရှားလိုက်ပါ။ နှပ်ချေးဖတ်လေးတွေကို လက်နဲ့ ခွာတာမျိုး မလုပ်ပါနဲ့။ ဒီလို ခွာတာက ဘေဘီလေးရဲ့ အရေပြားကို ထိခိုက်စေနိုင်လို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 04/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement