backup og meta

ကိုယ့်ရင်သွေးလေးမှာ ဒီ ၆ ချက်ထဲက တစ်ခုခုတွေ့ရပြီဆိုတာနဲ့ ဆရာဝန်ဆီတန်းပြေးတော့နော် ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ရင်သွေးလေးမှာ ဒီ ၆ ချက်ထဲက တစ်ခုခုတွေ့ရပြီဆိုတာနဲ့ ဆရာဝန်ဆီတန်းပြေးတော့နော် ။ ။

    ရင်သွေးလေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ဂရုစိုက်ဖို့ဆိုတာ မေမေတို့အတွက် တကယ်ကို ကြီးလေးတဲ့ တာဝန်တစ်ခုပါ။ မွေးကင်းစကလေးဆိုတာ စကားလည်း မပြောတတ် ဘာဖြစ်နေတယ် ဘယ်လိုခံစားနေရတယ်ဆိုတဲ့အကြောင်း သေချာလည်း မပြတတ်ကြတော့ ကိုယ့်ကလေးကို အရိပ်တကြည့်ကြည့် နဲ့ ဂရုစိုက်နေရတာပေါ့။ ဒီထဲကမှ ခုပြောပြမယ့် ၆ ချက်ထဲက တစ်ချက်ချက် သင့်ကလေးဆီမှာ ရှိနေလို့ကတော့ ဆရာဝန်ဆီ တန်းပြေးတော့နော် ။ ။

    ( ၁ ) ကလေး နှုတ်ခမ်းများပြာနေခြင်း ။ ။

    ကလေးနှုတ်ခမ်း ဒါမှမဟုတ် ခံတွင်းထဲက ပါးစောင်တို့ လျှာတို့မှာ ရှိသ့င်တဲ့ ပန်းရောင်မရှိဘဲ အပြာရောင်သန်းနေပြီဆိုရင်တော့ ဒါ သင့်ကလေး အောက်ဆီဂျင် အလုံအလောက် မရဘူးဆိုတာ ပြောပြနေတဲ့ သဘောပါ။ ဆေးပညာအရဆို cyanosis ( အောက်ဆီဂျင်လုံလောက်စွာ မရလို့ ပြာနှမ်းခြင်း ) လို့ခေါ်ပါတယ်။ ဒီလို အခြေအနေ သင့်ကလေးဆီမှာ ဖြစ်နေပြီဆိုရင်တော့ အရေးပေါ်ဖြစ်လို့ ဆေးခန်းဆေးရုံသာ မြန်မြန်ပြေးပါတော့။

    ( ၂ ) အသက်ကို ရှိုက်ရှူနေရတာ ။ ။

    ကလေးတိုင်းရဲ့ အသက်ရှူနှုန်းကတော့ မြန်နေတတ်တယ်ဆိုပေမယ့် ရှိသင့်တဲ့ ပမာဏထက်ပိုပြီး ရင်ဘတ်ကြွက်သားတွေကို အားယူ နှာခေါင်းလေးပွချီရှုံ့ချီ ရှိုက်ရှူနေရပြီဆိုရင်တော့ သင့်ကလေးရဲ့ အသက်ရှူလမ်းကြောင်းမှာတစ်ခုခု ဖြစ်နေပါပြီ။ ဒီအတိုင်းပေါ့ဆနေလိုက်မယ်ဆိုရင် သင့်ကလေး အသက်ရှူရခက်ပြီး အောက်ဆီဂျင်ပြတ်သွားတတ်ပါတယ်။

    ( ၃ ) မွေးကင်းစကလေး အဖျားကြီးပြီး ကိုယ်ပူချိန် ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ( ဒါမှမဟုတ်) ၃၈ ဒီဂရီ စင်တီဂရိတ် ထက်ကျော်တဲ့အခါ

    သင့်ကလေးက အသက်၃ လအောက်လေးပဲရှိသေးတယ် ကိုယ်တွေပူချစ်နေပြီး တိုင်းလိုက်တဲ့အခါ စအိုတွင်းအပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ထက်ကျော်နေပြီဆိုရင်တော့ ကလေးဆရာဝန်ဆီသာ မြန်မြန်ပေးပါတော့။ မွေးကင်းစကလေးတစ်ယောက်မှာ အဖျားကြီးခြင်းကိုဖြစ်စေတဲ ့အကြောင်းအရာတွေကများလွန်းပါတယ်။ ရိုးရိုးတုပ်ကွေး အအေးမိတာကနေ အပြင်းထန်ဆုံးဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်တာ စတဲ့ ဘာမဆိုဖြစ်နိုင်တာကြောင့် ကလေးတွေ အပြင်းဖျားရင် မေမေတို့ဘက်က သေချာ ဂရုစိုက်ပေးဖို့လိုပါတယ်။

    • ဆေးခန်းသွားပါ။ ဒါမှ ဘာဆေးတွေ တိုက်ရမလဲသိမှာဖြစ်ပြီး လိုအပ်ရင် ရိုးတွင်းခြင်ဆီရည်ဖောက်ထုတ်စစ်ဆေးခြင်းတွေ လုပ်ပေးမှာဖြစ်ပါတယ်။
    • ကလေးကိုယ်ပူကျအောင် တစ်ကိုယ်လုံးကို သေချာရေပတ်တိုက်ပေးပါ။
    • ခုခံအား သိပ်မကောင်းသေးတဲ့ မွေးကင်းစကလေးတွေ ဆိုတော့ သေချာဂရုစိုက်ပေးဖို့လိုပါတယ်။

    ( ၄ ) အသားဝါလာတဲ့အခါ ။ ။

    မွေးကင်းစကလေးတိုင်း အသားဝါတာမျိုး ဖြစ်တတ်ပေမယ့် မွေးကင်းစကထက် တစ်နေ့တစ်ခြား အသားဝါဝါလာတဲ့အခါ စိုးရိမ်ရတတ်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့ အသည်းကောင်းကောင်း အလုပ်မလုပ်သေးတာကြောင့် အသားဝါခြင်းကိုဖြစ်စေတဲ့ bilirubin တွေ ကိုယ်တွင်းမှာ စုလာလို့ ဖြစ်ရတာပါ။ ပေါ့ပေါ့ဆဆနေလိုက်ရင် bilirubin တွေ ဦးနှောက်ထဲ ရောက်သွားပြီး ကလေးဉာဏ်ရည်ကို ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးမှာ ဒီလို အသားဝါတာမျိုးရှိနေပြီဆိုရင် ဆရာဝန်ဆီသွားပြပါ။

    ဆေးရုံမှာ မီးပြတဲ့ ဖန်ပေါင်းချောင်ထဲ ထည့်ထားပြီး ကုသတာမျိုး ( ဒါမှမဟုတ် ) သွေးလဲပေးတဲ့ ကုသမှုမျိုးတွေ ခံယူရတတ်ပါတယ်။ ဒါ့အပြင် များနေတဲ့ bilirubin တွေ ဝမ်းထဲကနေ ပါသွားစေဖို့ ကလေးကို အစားများများကျွေးဖို့လည်း လိုပါတယ်။

    ( ၅ ) ရေဓါတ်ခမ်းခြောက်ခြင်း ။ ။

    ကလေး ဝမ်းလျှောလို့ပဲဖြစ်ဖြစ် ၊ ပျို့အန်တာတွေ များတဲ့အခါမှာပဲဖြစ်ဖြစ် ကလေးမှာ ရေဓါတ်ခမ်းခြောက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ နှုတ်ခမ်းခြောက်တာ၊ မျက်တွင်းချိုင့်နေတာနဲ့ ကလေးက ရေအငမ်းမရသောက်တာနဲ့ တစ်ချိန်လုံး ဂျီကျတာတွေ ဖြစ်ပါတယ်။

    ဒါမျိုးသင့်ကလေးမှာ ဖြစ်နေပြီဆိုရင်တော့ ဓါတ်ဆားရည်တွေ အိမ်မှာပဲ တိုက်မနေသင့်တော့ဘဲ ဆရာဝန်ဆီသွားပြဖို့ လိုနေပါပြီ။ လိုအပ်ရင် လိုင်းချိတ်တာမျိုးတွေ လုပ်ရမှာဖြစ်လို့ပါ။ အရေးကြီးတာနောက်တစ်ခုကတော့ကလေးကို ဓါတ်ဆားရည်များများဝင်အောင်တိုက်ဖို့ နို့တိုက်ဖို့ ပဲ ဖြစ်ပါတယ်။

    ( ၆ ) ကော်ဖီရောင် ဒါမှမဟုတ် အစိမ်းရောင် အရည်တွေ အန်တဲ့အခါ ။ ။

    မွေးကင်းစ ဘေဘီလေးတွေ နို့သောက်ရင်းနဲ့လည်း အန်တတ်ကြပါတယ်။ ဒါပေမယ့် အန်တဲ့ အရောင်က အဖြူရောင်ပဲဖြစ်နေသင့်တာပါ။ ဒါကို အန်တဲ့အခါ ကော်ဖီလိုမျိုးအရောင်တွေ ထွက်နေပြီဆိုရင် သင့်ကလေးမှာ သွေးယိုတဲ့ ရောဂါတွေ ဖြစ်တဲ့ ေသွးလွန်တုပ်ကွေးြဖစ်နေပြီဆိုတာကို ပြောချင်တာပါ။ နောက်တစ်ခုက သင့်ကလေး အစိမ်းရောင်ရည်တွေ အန်တဲ့အခါ မှာတော့ အူပိတ်ရာကနေ bile လို့ခေါ်တဲ့ အစိမ်းရောင် သည်းခြေရည် တွေ အပေါ်ကို ပြန်ဆက်တက်လာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်မိတဲ့ အခါမှာလည်း ပျို့အန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် အန်တယ်ဆိုတည်းက မကောင်းတဲ့အတွက်ကြောင့် မပေါဆဘဲ အကြောင်းအရင်းကို သေချာသိဖို့ ဆေးခန်းသွားတာ အကောင်းဆုံးပါ။

    ကဲ ခုပြောပြတဲ့အချက် ၆ ချက်ထဲက တစ်ချက်လောက် သင့်ကလေးမှာ ရှိနေပြီဆိုတာနဲ့ လုံးဝကို မပေါ့ဆဘဲ ဆေးခန်းသွားတာ အကောင်းဆုံးပါ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement