အဝတ်လဲ၊ အနှီးလဲပေးနေတဲ့အချိန်မှာ အလောတကြီးမလုပ်ပါနဲ့။ဖြည်းဖြည်းမှန်မှန်လုက်ရင်း ကလေးကိုမြှူရင်း အလေ့အကျင့်ရသွားတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်။ စိတ်လောနေခြင်းက ကလေးကို အကိုင်အတွယ် ကြမ်းသွားစေနိုင်လို့ သတိထားသင့်ပါတယ်။
(၂) အဝတ်လဲတဲ့အခါ တစ်ဆင့်ချင်းလုပ်ပါ။
အင်္ကျီလက်ပေါက်ကနေ ကလေးရဲ့လက်ကို အသာလေးဆွဲပြီးဝတ်ပေးရတာပါ။ လူကြီးတွေဝတ်သလို လက်ထိုးပြီးစွပ်ခိုင်းလို့မရပါဘူးနော်။ အင်္ကျီလက်တစ်ဖက်ကိုဝတ်ပေးပြီးရင် ကလေးရဲ့ခေါင်းနဲ့လည်ပင်းကို အသာလေးမထားပြီးမှ အင်္ကျီကိုကျောအောက်ကလျှိုပြီးနောက်တစ်ဖက်ဝတ်ပါ။ ဘောင်းဘီဝတ်တဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ တစ်ဖက်ချင်း တစ်ဆင့်ချင်းဝတ်ပေးပါ။ခြေထောက်နှစ်ဖက်ကို စွပ်ပေးပြီးမှခြေနှစ်ချောင်းကို အသာလေးမပြီး အပေါ်ကိုဆွဲဝတ်ပေးပါ။
ကလေးဘောင်းဘီကိုပြန်ချွတ်တဲ့အခါလည်း ဝတ်ခဲ့တဲ့အဆင့်အတိုင်း ပြောင်းပြန်လုပ်ပေးလို့ရပါတယ်။ အင်္ကျီကိုတော့ လက်နှစ်ဖက်အရင်ချွတ်ပြီးမှ ချွတ်ပါ။
(၃) ချွတ်တဲ့အခါ သတိထားပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။