backup og meta

ကိုယ့်ကလေးက အခြားကလေးတွေထက် ပိန်နေတယ်။ ဘယ်လိုလုပ်ရမလဲ ။။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေးက အခြားကလေးတွေထက် ပိန်နေတယ်။ ဘယ်လိုလုပ်ရမလဲ ။။

    ကိုယ့်ကလေးက အခြားကလေးတွေနဲ့ ယှဉ်လိုက်တဲ့အခါ ပိုပြီး သေးနေတာမျိုး၊ ဒီထက်တော့ နည်းနည်း ပိုထွားသင့်တယ်ဆိုတာမျိုး နဲ့ အစားသိပ်မစားဘူးဆိုတဲ့ အကြောင်းအရာတွေက ကလေးရှိတဲ့ မေမေတိုင်းရဲ့ ခေါင်းထဲမှာ အမြဲရှိနေတဲ့ အတွေးတွေ ဖြစ်ပါတယ်။ တကယ်လည်း ကိုယ့်ကလေးက ပိန်နေတယ်ဆိုရင် ဘာလုပ်ပေးရမလဲဆိုတဲံ အတွေးကလည်း နောက်မှာ အမြဲ ကပ်ပါလာတတ်ပါတယ်။

    ဒီတော့ကိုယ့်ကလေးက ပိန်နေရင် မေမေတို့ ဘာလုပ်ကြမလဲ ။ ။

    ( ၁ ) အရင်ဆုံး ကလေးဆရာဝန်ဆီသွားပါ။

    ကလေးပိန်တယ် ညက်တယ်ဆိုတာကို အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ကြည့်လိုက်ရင် ပိန်နေသလိုဖြစ်ပေမယ့် သူ့ အရပ် သူ့အသက် နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်အတွင်းမှာရှိတယ်ဆိုရင် အရမ်းပိန်နေတယ်လို့ ပြောလို့မရပါဘူး။ ဒ့ါကြောင့် ဆရာဝန်ဆီသွားပြီး အရပ် ကိုယ်အလေးချိန်တို့ကို တိုင်းပါ။ ရှိသင့်တဲ့ ကိုယ်အလေးချိန်အောက် ရောက်မရောက်ကို သူက ဆုံးဖြတ်ပေးပါလိမ့်မယ်။ ။

    ( ၂ ) ကလေးမှာ ရောဂါ အခံတစ်ခုရှိမရှိ စစ်ဆေးပါ။

    ရောဂါအခံတစ်ခုကြော့င့် ကလေး ညက်ေနတာမဟုတ်ဘူးဆိုရင် အချိန်တန်တာနဲ့ ကိုယ်အလေးချိန် ပြန်တက်လာမှာပါ။ ရောဂါရှိမရှိကို ဆရာဝန်က စစ်ဆေး စမ်းသပ်မှာ ဖြစ်ပြီး မေမေတို့ ဘက်ကလည်း ဆေးခန်းမသွားခင် အိမ်မှာတည်းက ကိုယ့်ကလေးက အစားကောင်းကောင်းစားလား၊ လန်းလန်းဆန်းဆန်းရှိလား၊ အိပ်လို့ရောပျော်ရဲ့လားဆိုတာ မေမေတို့ သေချာစောင့်ကြည့်ရမှာနော်။ ဒါမှ ကလေးပုံမှန်မဟုတ်တာကို မေမေတို့ မြန်မြန်သိနိုင်မှာလေနော်။

    ( ၃ ) သန်ချဖို့လည်း မမေ့ပါနဲ့။

    သန် ဆိုတဲ့ ကပ်ပါးကောင်တွေက ကလေးရဲ့ အူအတွင်းမှာနေပြီး ကလေးစားလိုက်သမျှ အာဟာရဓါတ်တွေကို အကုန်ထိုင်ယူနေပြီး ကလေးကို ဗိုက်အောင့် ဗိုက်နာဖြစ်အောင် ဒုက္ခပေးတဲ့ အကောင်တွေပါ။ သူတို့တွေကြောင့်ပဲ ကလေးစားတဲ့ အာဟာရတွေ ကိုယ်ခန္ဓါက မစုပ်ယူနိုင်လို့ ကလေးပိန်နေတာဖြစ်နိုင်ပါတယ်။ ဒ့ါကြောင့် ကလေးအသက် ၁ နှစ်ကျော်လာပြီဆိုတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သန်ချဖို့ ပြင်သင့်ပါပြီ။ ဒါ့အပြင် တွေ့ကရာ အစားအစာတွေ ကလေးပါးစပ်ထဲလျှောက်မထည့်ဖို့၊ ညစ်ပတ်တာတွေ မစားမိဖို့နဲ့ သန့်ရှင်းတဲ့ အစားအသောက်တွေ ပြင်ဆင်ကျွေးမွေးဖို့ဆိုတာ မေမေတို့အတွက် အရေးကြီးတဲ့အပိုင်းဖြစ်သွားပြီနော်။ ။

    ( ၄ ) ကလေးကို အာဟာရမျှတပြည့်ဝစွာကျွေးပါ။

    ကလေးကြိုက်တာချည်းပ ဲ မကျွေးဘဲ အရွက်၊ အသား၊ ထမင်း မျှတအောင်ကျွေးပါ။ ကလေးအစာစားချင်စိတ်ရှိအောင်လည်း အရောင်စုံအောင် ထမင်းပန်းကန်ကို ပြင်ဆင်ပေးပါ။ ကလေးကို စားဖို့ငြင်းနေတယ်ဆိုရင်တောင် ချော့တစ်ခါ ခြောက်တစ်လှည့် ကျွေးရမှာ မေမေတို့ တာဝန်ပါ။ ဒါ့အပြင် ကလေးရဲ့ အရိုးအဆစ်တွေ သန်မာအောင် တစ်နေ့ကို နို့ တစ်ခွက်လောက် အနည်းဆုံးတိုက်ပေးဖို့လည်း မမေ့ပါနဲ့။ ထမင်းစားချိန် သရေစာစားချိန် နို့သောက်ချိန်ဆိုပြီး ကလေးအစားစားချိန် သတ်သတ်မှတ်မှတ် ထားပါ။

    ( ၅ ) အားဆေးတိုက်သင့်ရင်လည်း တိုက်ပါ။

    ကလေးက အစားချေး( ဂျီး) များပြီး ဘာမှကျွေးမရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးတိုက်သင့်ရင်လည်း တိုက်ရပါမယ်။ ဒါမှမဟုတ်လည်း ထမင်းနဲ့ မိခင်နို့အပြင် အခြား ြဖည့်စွက် အာဟာရမှုန့်တွေ တိုက်သင့်ရင်လည်း တိုက်ဖို့ပါ။ ကလေးက အသားမစားဘဲ အသီးအရွက်ပဲ စားတဲ့သူဆိုရင် သံဓါတ်ဖြည့်အားဆေးတွေ တိုက်ဖို့လိုပါတယ်။ မေမေတို့ မှတ်ထားရမှာက ကလေးကို ဘာဆေးပဲတိုက်တိုက် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ပဲ ဖြစ်ပါတယ်။

    ( ၆ ) ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ခိုင်းပါ။

    ကလေးငြိမ်နေရင်ပြီးရောဆိုပြီး ကလေးကို တီဘီထိုင်ကြည့်ခိုင်းတာ၊ ဖုန်းပေးပြီး ဂိမ်းဆော့ခိုင်းထားတာမျိုးက လုံးဝကို မလုပ်သင့်တဲ့ အရာတစ်ခုပါ။ လှုပ်ရှားမှုရှိမှ ကြွက်သားတွေတည်ဆောက်မှု အားကောင်းလာပြီး အရိုးအဆစ်တွေ သန်မာလာမှာ ဖြစ်လို့ အိမ်ထဲမှာ အရုပ်အပြည့်ဝယ်ထားပြီး ဆော့ခိုင်းမယ့်အစား ကလေးကို အပြင်ထွက်ပေးကစားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement