၉ လလွယ် ၁၀ လဖွားထားတဲ့ကလေးတစ်ယောက် ပျော်ရွှင်စွာနဲ့ကြီးပြင်းလာဖို့က မေမေတိုင်းရဲ့ မျှော်လင့်ချက်တစ်ခု ဟုတ်။ မမွေးခင်က အစားအသောက်ဂရုစိုက်သလို နို့တိုက်နေချိန်မှာလည်း ကလေးကို ထိခိုက်မယ်ဆိုတာနဲ့ နှစ်ခါမစဉ်းစားဘဲ ရှောင်လိုက်တာ မေမေတိုင်းရဲ့ ကြီးမားတဲ့မေတ္တာပါ။ ဒီလိုကနေ အရွယ်ရောက်လို့ အစားစစားချိန်မှာ အာဟာရပြည့်ဝအောင် ပါဝင်စေဖို့ကိုလည်း မေမေက အကောင်းဆုံးစီစဉ်ပေးတတ်ပါသေးတယ်။