ဒီအချိန်မှာ ဘေဘီလေး ရဲ့ ကြီးထွားဖွံ့ဖြိုးမှုက အရင်ကအပတ်တွေကနဲ့ မတူတော့တာ အမှန်ပါပဲ။ ဒီကာလမှာ ဘေဘီလေး က
ကိုယ်အလေးချိန် – ပျမ်းမျှအားဖြင့် တစ်လကို ၁ ပေါင်ခွဲခန့်တက်လာပါမယ်။
အရပ်အမြင့် – တစ်လကို ၁ လက်မစီတိုးရပါမယ်။
ဦးခေါင်းအရွယ်အစား – တစ်လကို လက်မဝက်စီလောက် တိုးလာရပါမယ်။ ဒါက ဘေဘီလေး တစ်ယောက်ရဲ့ ပုံမှန်ဖွံ့ဖြိုးမှု ဖြစ်စဉ်ပါ။
ဒီအရွယ်မှာ ဘေဘီလေး က ဘာတွေလုပ်တတ်ပြီလဲ…………
ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ် စတင်နေပါပြီ။ ဒီကာလကစပြီး မေမေဖဖေတို့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဘေဘီလေးရဲက တိုးတက်မှုတွေကို မြင်တွေ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ကြွက်သားတွေက အရင်ကထက် သန်မာလာပြီး လှုပ်ရှားမှုတွေပိုလုပ်နိုင်လာပါပြီ။ ခြေလက်တွေကိုလည်း အရင်ကထက် ကွေးနိုင်ဆန့်နိုင်လာပါပြီ။ ဒီကာလ အပိုင်းအခြားမှာ ဘေဘီလေးက
• အရင်မွေးစကလို အမှုမဲ့ အမှတ်မဲ့လှုပ်ရှားမှုမျိုးတွေ သိပ်မရှိတော့ဘူး
• လည်ပင်းကကြွက်သားတွေ သန်မာလာပြီ။ ခေါင်းထောင်ဖို့ စကြိုးစားနေပါပြီ။
• မှောက်ရက်အနေအထားမှာ ခေါင်းကို ဘယ်ညာလှည့်နိုင်ပြီ
• ပစ္စည်းတွေကို လက်နဲ့ယူပြီး ပါးစပ်ဆီထည့်နိုင်ပြီ
• လက်တွေကို ကြည့်တတ်နေပြီ
• မျက်နှာတွေ၊ အလင်းရောင်နဲ့ အရာဝတ္ထုတွေကို လိုက်ကြည့်တတ်နေပြီ
• ဂျောက်ဂျက်တွေကို လှုပ်ပြီးဆော့တတ်ပြီ။ ပစ္စည်းလေးတွေကို ပစ်ချတတ်ပြီ
• ခြေထောက်တွေ စလှုပ်ရှားတတ်ပြီ။
၃ လပြည့်တဲ့အခါ –
• ခေါင်းကို သေသေချာချာမတ်မတ်ထောင်နိုင်ပြီ။
• လိုချင်တဲ့ ပစ္စည်းတွေဆီရောက်အောင် လက်လှမ်းတတ်ပြီ။
ဘေဘီလေးက ဘာတွေပြောနိုင်ပြီလဲ………..
ဒီကာလက မိဘတိုင်းရဲ့ စိတ်အလှုပ်ရှားရဆုံးကာလပါ။ ဘေဘီလေးက မေမေဖေဖေတို့နဲ့ ဆက်ဆံမှုတွေလုပ်နိုင်လာပါပြီ။
- စကားလုံးတွေကို စမှတ်သားတတ်နေပါပြီ။
- ပါးစပ်ကနေ အသံလေးတွေ စထွက်တတ်နေပါပြီ
- ငိုတဲ့အခါတိုင်းမှာ အဓိပ္ပာယ်တစ်မျိုးစီရှိနေပါတယ်။ ဆာလို့ ငိုတာ၊ အိပ်ချင်လို့ ငိုတာတွေတစ်ခုချင်းစီမှာ ကွဲပြားမှုတွေရှိနေပါတယ်။
ဘေဘီလေးတွေက ဘာတွေနားလည်နေပြီလဲ…………
ဒီကာလမှာ ဘေဘီလေးရဲ့ နားလည်နိုင်စွမ်းကလည်း တိုးတက်လာပါပြီ။ ဒီအချိန်မှာ ဘေဘီလေးက သူ့ရဲ့ milestone တွေကို စတင်စိုက်ထူနိုင်ပါပြီ။
• မိသားစုဝင်တွေရဲ့ အသံတွေကိုနားလည်နေပါပြီ။ (အထူးသဖြင့် ဖေဖေနဲ့မေမေ့ရဲ့ အသံတွေကိုပါ။)
• ပြုံးပြတတ်ပြီ။
• အသံတွေကို ပိုထွက်တတ်လာတာနဲ့အတူ လက်တွေခြေတွေကို လိုသလို လှုပ်တတ်နေပါပြီ။
မေမေနဲ့ဖေဖေတို့က ဘာတွေလုပ်ပေးဖို့လိုမလဲ……..
ဒီအရွယ်မှာ ဘေဘီလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးစေဖို့ မေမေဖေဖေတို့အနေနဲ့
• ဘေဘီလေးနဲ့ မျက်နှာချင်းဆိုင်ကြည့်ပြီး မျက်လုံးချင်းဆုံကြည့်ပေးပါ
• အဝတ်အစားဝတ်ပေးတဲ့အခါ၊ ရေချိုးပေးတဲ့အခါ၊ ထမင်းခွံတဲ့အခါ နဲ့ ကလေးနဲ့ကစားတဲ့အချိန်မျိုးမှာ ချိုချိုသာသာ စကားပြောပေးပါ
• ကလေးကို သီချင်းဆိုပြပါ
• ကလေးကို အသံထွက်တဲ့ အရုပ်ပျော့ပျော့လေးနဲ့ ပေးကစားပါ
• ကလေးကို တိရစ္ဆာန်အသံတုလေးတွေလုပ်ပြပါ
• ကလေးကို ရုပ်ပုံလေးတွေပြပေးပါ
• ကလေးရဲ့ အိပ်ရာပေါ်မှ အရုပ်လေးတွေချိတ်ဆွဲပေးပါ
• ကလေးကို နာမည်လေးခေါ်ပေးပါ
• ကလေးကို ပွေ့ချီပေးပါ
အခုပြောပြခဲ့တာကတော့ ဘေဘီလေးရဲ့ ၁ လ ကနေ ၃ လအတွင်းမှာတွေ့ရမယ့် ကြီးထွားဖွံ့ဖြိုးမှု နဲ့ ဖေဖေမေမေတို့အနေနဲ့ လုပ်ပေးရမယ့်အချက်တွေပါ။
[embed-health-tool-baby-poop-tool]