၄ – ရွှေဖရုံသီး ။
အစာခြေရတာလည်းလွယ်တယ်၊ ကစီဓါတ်လည်းကြွယ်ဝတယ်၊ ဗီတာမင် A လည်းအများကြီးပါတဲ့ အပြင် ချိုစိမ့်စိမ့် အရသာလည်းရှိတာကြောင့် ကလေးလည်းကြိုက် အာဟာရလည်း ကြွယ်ဝတဲ့ ရွှေဖရုံသီးဟာ ကလေးတွေကို စကျွေးသင့်တဲ့အထဲ ပါကိုပါသင့်တဲ့ အစားအသောက်တစ်ခုပါ။ ရွှေဖရုံသီးကို ပြုတ်ပြီး ဆီလေးဆားလေးနဲ့ ကြိတ်ချေပြီးတော့ပဲဖြစ်ဖြစ်၊ ပျစ်ပျစ်ချေထားတဲ့ ထမင်းထဲကို ရောထည့်ပြီးပဲ ဖြစ်ဖြစ် ကျွေးလို့ရပါတယ်။
၅ – အသား၊ငါး ။
အသား၊ငါးတွေမှာ ပါတဲ့ ပရိုတင်းဓါတ်ဟာ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ အသား၊ငါးတွေမှာ ပရိုတင်းတွေပဲ ပါတယ်လို့ မထင်လိုက်ပါနဲ့။ သွေးအားကောင်းဖို့အတွက်လိုအပ်တဲ့ သံဓါတ်၊ ဗီတာမင် B 12 နဲ့ ဇင့်ဓါတ် ဒီ ၃ မျိုးဟာ အနီရောင်အသားတွေမှာ အကြွယ်ဝဆုံးပါတဲ့ သတ္တုဓါတ်တွေပါ။ ဒါ့အပြင် ငါးတွေမှာ ဦးနှောက်နဲ့ အမြင် အာရုံ ဖွံဖြိုးဖို့အတွက် လိုအပ်တဲ့ omega 3 fatty acid တွေလည်း အများကြီးပါတာကြောင့် ကလေးတစ်ယောက်ရဲ့ဖြည့်စွက်စာတွေထဲမှာ ဒီ အသား၊ငါးတွေကို ချန်ခဲ့လို့မရပါဘူး။ အသား၊ငါးတွေကို အတုံးလိုက်မဟုတ်ဘဲ အမျှင်လေးတွေ ခြေပြီးတော့ပဲ ဖြစ်ဖြစ်၊ ဆန်ပြုတ်လေးတွေ ပြုတ်ပြီးတော့ပဲ ဖြစ်ဖြစ် ကျွေးလို့ရပါတယ်။
ကဲ ဒီလောက်ဆိုရင် ကလေးတစ်ယောက်ရဲ့ ဖြည့်စွက်စာတွေ အဖြစ် စစချင်း ကျွေးသင့်တဲ့အစားအသောက်တွေကို မေမေတို့ သိသွားပြီလို့ထင်ပါတယ်။ သန့်သန့်ရှင်းရှင်းနဲ့ ကလေးစားချင်အောင် ပြင်ပြင်ဆင်ဆင်လေး ချက်ကျွေးဖို့တော့ လိုတာပေါ့။ ကလေးတစ်ယောက်ရဲ့ ကျန်းမာရေး၊ ဖွံဖြိုးမှု အားလုံးဟာ မေမေတို့ အပေါ်မှာ မူတည်နေတာမဟုတ်လား ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။