ဘေဘီလေးတွေ ဖျားနာမှုက မေမေတိုင်းအတွက် စိတ်ဖိစီးစေတဲ့အချက်ပါ။ မေမေတွေက ဘေဘီလေးကို ပြုစုရလို့ ဂရုစိုက်ရလို့ ပင်ပန်းတယ် မခံစားရပေမယ့် ဘေဘီလေး ဖျားနာချိန်မှာတော့ စိတ်ရောကိုယ်ပါ ပင်ပန်းကြပါတယ်။ ဘေဘီလေးက စကားလည်း မပြောတတ်သလို နေထိုင်မကောင်းတာကို ပြသတတ်တဲ့ အပြုအမူဆိုလို့လည်း ငိုတာပဲ ရှိတာပါ။