backup og meta

COVID-19 ဖြစ်ပွားနေချိန်မှာ ဖျားနေတဲ့ ဘေဘီလေးကို ဘယ်လို ပြင်ဆင်ပေးမလဲ……..

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 ဖြစ်ပွားနေချိန်မှာ ဖျားနေတဲ့ ဘေဘီလေးကို ဘယ်လို ပြင်ဆင်ပေးမလဲ……..

    အခုကာလမှာ ဘေဘီလေး ဖျားပြီဆိုရင် မေမေတိုင်း ရင်ပူတကြီးနဲ့ တွေးမိနိုင်တာက ကိုဗစ်များ ကူးပြီလားဆိုပြီးဟုတ်….. တကယ်ကတော့ ဘေဘီလေးတွေမှာ အဖျားဝင်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်သလို အခြားသော ဖျားနာမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ဘေဘီလေးက ဖျားနာလာပြီဆိုရင် အရေးကြီးဆုံးက ဘေဘီလေးကို တတ်သိနားလည်တဲ့သူနဲ့ ထိရောက်တဲ့ ကုသမှုပေးနိုင်ဖို့ ပါ။ ဒီကာလမှာ အကောင်းဆုံးကတော့ ဘေဘီလေးကို ဖျားနာမှု ကင်းအောင် ကာကွယ်တာပါပဲ။ ဒါပေမယ့် တကယ်လို့ ဘေဘီလေးက ဖျားနာလာပြီဆိုရင် အမြန်ဆုံး ကျန်းမာလာစေဖို့ ဘယ်လို ပြင်ဆင်ပေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    COVID-19 ဖြစ်ပွားနေချိန်မှာ ဖျားနေတဲ့ ဘေဘီလေးကို ဘယ်လို ပြင်ဆင်ပေးမလဲ……..

    အခုလို ကိုဗစ်တွေ ဖြစ်ပွားနေချိန်မှာ ဘေဘီလေးက ဖျားနာလာပြီဆိုရင် ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်လာစေဖို့အတွက် အခုလိုလေး ဂရုစိုက်ပေးဖို့လိုပါမယ် မေမေတို့ရေ……..

    မိခင်နို့ မကြာခဏ တိုက်ပေးပါ

    ဘေဘီလေးတွေနဲ့ ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးလေးတွေအတွက် အဖျားကို တိုက်ထုတ်ရာမှာ အထောက်အကူဖြစ်စေဖို့၊ နေထိုင်မကောင်းချိန်မှာ ကိုယ်အလေးချိန် မကျစေဖို့အတွက် နဲ့ မြန်မြန် ပြန်လည် ကျန်းမာလာစေဖို့အတွက် မိခင်နို့ကို ဝင်နိုင်သမျှ များများတိုက်ဖို့ လိုပါမယ်။

    ကလေးက နေထိုင်မကောင်းတာကြောင့် နို့မစို့ချင်ဘူး ဖြစ်နေခဲ့ရင် မိခင်နို့ရည်ကို ညှစ်ထုတ်ပြီး ဇွန်းလေးနဲ့ ဝင်နိုင်သမျှ ခွံပေးပါ။ ကလေးကို နည်းနည်းချင်းနဲ့ ခဏခဏတိုက်ပေးပါ။

    အစား မပျက်ပါစေနဲ့

    ကလေးတွေက ဖျားနာနေချိန်မှာ ရေနဲ့ အစားအစာတွေကို ပုံမှန်ထက် ပိုမိုစားသုံးဖို့ လိုအပ်ပါတယ်။ ဒါမှ အာဟာရ ပြည့်ဝပြီး ဖျားနာတာကြောင့် ဝမ်းသွားတာ၊ အန်တာတွေကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ အာဟာရဓာတ်တွေကို ပြန်လည် ဖြည့်တင်းနိုင်မှာပါ။

    ကလေးက ဖျားနာနေချိန်မှာ အစာကြေခဲတာကြောင့် ဆန်ပြုတ်လိုမျိုး အစာကြေလွယ်ပြီး အာဟာရ ပြည့်ဝတာမျိုးတွေကို ပြင်ဆင်ပေးပါ။ ရေဓာတ်ရော အာဟာရဓာတ်ပါ ပြည့်ဝစေမယ့် အစားအစာမျိုးတွေကို အဓိကထားပြီး ကျွေးပေးပါ။ အချိုများတာ၊ အငန်များတာ၊ အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေ မကျွေးပါနဲ့။

    ကလေးက ဝမ်းသွားနေမယ်ဆိုရင် ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဓာတ်ဆား ဒါမှမဟုတ် အုန်းစိမ်းရည်တို့ကို တိုက်ပေးဖို့ လိုပါမယ်။ ရေများများ တိုက်ဖို့လည်း မမေ့ပါနဲ့။ ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း ကျွေးပေးပါ။

    နလန်ထချိန်မှာ အာဟာရ ပြည့်ဝအောင် ကျွေးပါ

    ဘေဘီလေးက ပြန်ပြီး ကျန်းမာလာပြီဆိုရင် မိခင်နို့ကို မကြာခဏ တိုက်ပေးတာအပြင် အာဟာရဖြည့်တင်းပေးနိုင်မယ့် solid food တွေကို ပြင်ဆင်ပေးပါ။ ဒီလိုပြင်ဆင်ပေးမှုကို ရက်သတ္တပတ် ၂ ပတ် ဆက်တိုက် လုပ်ဆောင်ပေးဖို့ လိုပါမယ်။ ဒီလို ပြင်ဆင်ပေးတာက ဘေဘီလေးရဲ့ ကိုယ်ခံအားကို ပြည့်ဝစေပြီး နေထိုင်မကောင်းချိန်မှာ ကျသွားတဲ့ ဘေဘီလေးရဲ့ ကိုယ်အလေးချိန်ကိုလည်း ပြန်တက်လာစေမှာပါ။

    ဘေဘီလေးက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်ထားမှလည်း မကြာခဏ ဖျားနာမှု ကင်းတော့မှာပေါ့။ ဒါကြောင့် အခုလို ကာလမှာ မတော်တဆ ဘေဘီလေး ဖျားနာလာပြီဆိုရင် အခုပြောခဲ့သလို ပြင်ဆင်ပေးရင်း သေချာလေး ဂရုစိုက်ပေးပါနော် မေမေတို့ရေ………..

    ကိုဗစ်ကာလပေမယ့် ကလေးဖျားတာ ၃ရက်ကျော်ပြီဆို သွေးလွန်တုပ်ကွေးကိုလည်း မမေ့ပါနဲ့။ ဒီကာလမှာ ကလေးဖျားတယ်ဆိုရင် အရင်လို အိမ်တွင်းနည်းလမ်းတွေနဲ့တင် မဟုတ်ဘဲ ဆရာဝန်နဲ့ သတ်သတ်မှတ်မှတ်ပြဖို့လည်း လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement