backup og meta

ဘေဘီလေး ဖျားနေချိန်မှာ မေမေက ဘာတွေ စားပေးသင့်လဲ ........

ဘေဘီလေးတွေ ဖျားနာမှုက မေမေတိုင်းအတွက် စိတ်ဖိစီးစေတဲ့အချက်ပါ။ မေမေတွေက ဘေဘီလေးကို ပြုစုရလို့ ဂရုစိုက်ရလို့ ပင်ပန်းတယ် မခံစားရပေမယ့် ဘေဘီလေး ဖျားနာချိန်မှာတော့ စိတ်ရောကိုယ်ပါ ပင်ပန်းကြပါတယ်။ ဘေဘီလေးက စကားလည်း မပြောတတ်သလို နေထိုင်မကောင်းတာကို ပြသတတ်တဲ့ အပြုအမူဆိုလို့လည်း ငိုတာပဲ ရှိတာပါ။

နောက်တစ်ခုက ဘေဘီလေးက အစားမစားတတ်သေးတာမို့ နေထိုင်မကောင်းချိန်မှာ ဘယ်လိုတွေများ ဂရုစိုက်ပေးရမလဲဆိုပြီး စိတ်ဖိစီးနေပြီလား…….. မေမေတို့ရေ။ ဒါဆိုရင်တော့ နို့စို့အရွယ် ဘေဘီလေး ဖျားနာနေချိန်မှာ ဘေဘီလေး ကျန်းမာလာစေဖို့ မေမေတို့ ဘာတွေ စားပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

နို့စို့အရွယ် ဘေဘီလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက ဘာတွေများလဲ………

နို့စို့အရွယ် ဘေဘီလေးတွေမှာ

    ဘေဘီလေး ဖျားနေချိန်မှာ မေမေက ဘာတွေ စားပေးသင့်လဲ……..

    ဘေဘီလေး ဖျားနေချိန်မှာ ဖျားနာတာတွေ သက်သာစေဖို့အတွက် မေမေတို့အနေနဲ့ ဒါလေးတွေကို စားပေးဖို့ လိုပါမယ်။ ဘေဘီလေး ဖျားနာနေချိန်မှာ အဖျား သက်သာစေဖို့ဆိုရင်

    ရေများများ သောက်ပါ

    ဖျားနာနေချိန်မှာ ဘေဘီလေး အနေနဲ့ ရေဓာတ် များများ လိုအပ်မှာပါ။ ဒီလို ရေဓာတ်ပြည့်ဝစေဖို့ ဖြည့်ပေးနိုင်မယ့် တစ်ခုတည်းသောအရာက မေမေ့နို့ချိုပါ။ ဒါကြောင့် ဘေဘီလေးကို အဖျားကျပြီး သက်သာစေဖို့ဆိုရင် မေမေက ရေများများသောက်ပြီး ဘေဘီလေးကို နို့ချို များများတိုက်ပေးပါ

    ဗီတာမင် C ကြွယ်ဝတာ စားပေးပါ

    ဘေဘီလေးကို ကိုယ်ခံအား မြှင့်တင်ပေးဖို့ဆိုရင် ဗီတာမင် C က မဖြစ်မနေ လိုအပ်မယ့် အရာပါ။ ဗီတာမင် C ဆိုတဲ့နေရာမှာ ချဉ်တဲ့ အစားအစာတွေကိုပဲ မမြင်စေချင်ပါဘူး။ ဗီတာမင် C ပါဝင်နေတဲ့ အသီးအရွက်တွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးဖို့ လိုပါမယ်။ အရမ်း များများတော့ မစားမိဖို့ လိုပါမယ်။

    ဇင့်ဓာတ် ကြွယ်ဝတာ စားပေးပါ

    ဇင့်ဓာတ်ကလည်း ဖျားနာမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဇင့်ဓာတ် ကြွယ်ဝတာကို စားပေးတာကလည်း ဘေဘီလေးကို ဖျားနာမှု သက်သာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဇင့်ဓာတ် ပြည့်ဝစေဖို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ဖရုံစေ့၊ သီဟိုဠ်စေ့ စတာတွေကို စားပေးပါ။

    ပရိုတင်း ပြည့်ဝအောင် စားပေးပါ

    ပရိုတင်း ပြည့်ဝအောင် စားသုံးတာကလည်း ကိုယ်ခံအားကို အားဖြည့်ပေးရာ ရောက်ပါတယ်။ ဒါကြောင့်  ဘေဘီလေး ဖျားနာနေချိန်မှာ မေမေအနေနဲ့ ဘေဘီလေးကို ကိုယ်ခံအား ဖြည့်ပေးနိုင်စေဖို့ ကြက်ဥ၊ ပဲ၊ ကြက်သား စတာတွေကို စားပေးဖို့ လိုပါမယ်။

    ဘေဘီလေး ဖျားနေချိန်မှာ မေမေတို့ အနေနဲ့ အစပ်ပါတဲ့ အစားအစာတွေ၊ ကဖင်းပါတဲ့ အစားအစာတွေနဲ့ အယ်လ်ကိုဟောပါတာတွေကို ရှောင်ဖို့ လိုပါမယ်။

    အခုပြောခဲ့တာလေးတွေကို သေချာလေး ဂရုတစိုက် စားပေးတာက ဘေဘီလေးကို ကျန်းမာလာစေဖို့ အကောင်းဆုံး ထောက်ကူပေးမှာပါ။ ဒီအစာအာဟာရတွေကို ပြည့်ဝအောင် စားရင်း ဘေဘီလေးကို မိခင်နို့ များများတိုက်ဖို့လည်း မမေ့ပါနဲ့နော် မေမေတို့ရေ……..

    နောက်တစ်ချက်က မေမေတို့ စားလိုက်တဲ့  အာဟာရတွေက မိခင်နို့ကနေတဆင့် ကလေးဆီရောက်တယ်ဆိုပေမယ့် အတိုင်းအတာ တစ်ခုတော့ ရှိပါတယ်။ မေမေတို့ပဲ အာဟာရပြည့်အောင် စားပြီး ကလေးနေမကောင်းတာကို ပစ်မထားပါနဲ့။ ကလေးခံစားရတဲ့ ဝေဒနာတွေကို သက်သာအောင် လုပ်ပေးပါ။ လိုအပ်ရင် ကလေးဆရာဝန်နဲ့ ပြသပါ။

    [embed-health-tool-baby-poop-tool]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    8 Simple Remedies to Ease Baby Colds Naturally https://raisedgood.com/babys-first-cold-8-tips-to-ease-colds-naturally/ Accessed Date 20 September 2021

    Cold Remedies for Nursing Moms https://kidspluspgh.com/doctors-notes/cold-remedies-for-nursing-moms/ Accessed Date 20 September 2021

    ယခုပုံစံ

    28/09/2021

    Aye Thi Mon မှ ရေးသားသည်။

    Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


    ဆက်စပ် အကြောင်းအရာများ

    ဘေဘီလေးတွေကို ပုံပြင် ပြောပြပါ။

    မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ


    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/09/2021 ဖြစ်ပါသည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement