brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးက တုပ်ကွေးဖြစ် နေတာလား ......

တုပ်ကွေးက ဘေဘီလေးတွေကို ထိခိုက်မှု များစေနိုင်တဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ အကြောင်းကတော့ ဘေဘီလေးက တုပ်ကွေးဖြစ် လာရင် ခုခံနိုင်လောက်အောင် ကိုယ်ခံအား မဖွံ့ဖြိုးသေးလို့ပါ။ နောက်တစ်ချက်က တုပ်ကွေးက ကာကွယ်ဆေး ရှိပေမယ့် ဘေဘီလေးတွေကို အသက် ၆ လမတိုင်ခင်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးနှံပေးလို့ မရပါဘူး။

ဘေဘီလေးက တုပ်ကွေးဖြစ် နေတာလား ......

ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေကို တုပ်ကွေးကာကွယ်ဆေး ထိုးခိုင်းတာပါ။ မေမေ့ဆီကရတဲ့ ကိုယ်ခံအားက ကလေးတွေကို ၆လလောက်ထိ ကာကွယ်ပေးနိုင်လို့ပါ။

ဒီတစ်ခေါက်တော့ ဘေဘီလေးမှာ တုပ်ကွေးဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရလဲဆိုတာနဲ့ ဘယ်လို လက္ခဏာတွေဆို စိုးရိမ်စရာ အခြေအနေလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ဘေဘီလေးတွေက ဘယ်အရွယ်မှာ တုပ်ကွေး ကူးစက်ခံရနိုင်ခြေ များလဲ……

ဘေဘီလေးတွေက လူကြီးတွေထက် တုပ်ကွေး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့သလို ဘေဘီလေးရဲ့ ကိုယ်ခံအားက ရောဂါတွေကို ခုခံနိုင်လောက်တဲ့အထိ ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်ပါ။ အရွယ်ငယ်သေးတာကြောင့် ကာကွယ်ဆေးလည်း ထိုးလို့ မရသေးပါဘူး။ တကယ်လို့ မေမေက ကိုယ်ဝန်ဆောင်တုန်းက တုပ်ကွေးကာကွယ်ဆေးထိုးထားခဲ့ရင်တော့ ကလေးဆီကို ခုခံအားရောက်နေနိုင်ပါတယ်။

ဘေဘီလေးတွေက အသက် ၅ နှစ် အောက် အထူးသဖြင့် အသက် ၂ နှစ် မပြည့်ခင်မှာ တုပ်ကွေးကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ခြေ ပိုများပါတယ်။ တုပ်ကွေး ကူးစက်ခံရနိုင်ခြေကတော့ ဘေဘီလေးတွေရဲ့ အသက်အရွယ်တိုင်းမှာ ပိုများတာပါ။

ကာကွယ်ဆေး ထိုးလို့ မရသေးတဲ့ ၆ လအောက် အရွယ်မှာ ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို တုပ်ကွေး မဖြစ်အောင် သေချာ ဂရုစိုက် ကာကွယ်ပေးဖို့ လိုသလို မတော်တဆ ကူးစက်ခံခဲ့ရရင်လည်း သေချာလေး ကုသပေးဖို့ လိုပါမယ်။

ဘေဘီလေးက တုပ်ကွေးဖြစ် နေပြီ ဆိုရင်

ဘေဘီလေးမှာ တုပ်ကွေးဖြစ်နေပြီဆိုရင် အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။

ချက်ချင်း ကုသမှု ခံယူဖို့ လိုတဲ့ အခြေအနေ

တကယ်လို့ ဘေဘီလေးက တုပ်ကွေးဖြစ် လို့ အဖျားတွေတက်လာပြီး အခုလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသပေးဖို့ လိုပါမယ်။ ဘေဘီလေးက

  • အသက်ရှူရ ခက်နေမယ်
  • အသက်ရှူ မြန်နေမယ်
  • အဖျားကြီးမယ်
  • မျက်နှာတွေ၊ နှုတ်ခမ်းတွေ ပြာနေမယ်
  • ရင်ဘတ်အောင့်မယ်
  • ရေဓာတ် ခမ်းခြောက်မယ်
  • အိပ်မရဘူး ဖြစ်နေမယ်
  • အသက်ရှူတဲ့အခါ နံရိုးတွေ ချိုင့်ဝင်မယ်
  • တက်မယ်
  • ခံစားနေရတဲ့ လက္ခဏာတွေ ပိုဆိုးလာမယ်
  • ချောင်းဆိုးတာနဲ့ အဖျားက ပိုဆိုးလာမယ်ဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး သွားရောက်ဖို့ လိုပါမယ်။

ဘေဘီလေးတွေအနေနဲ့ တုပ်ကွေး ဗိုင်းရပ်စ်က အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်တာမျိုးအထိ ဖြစ်စေနိုင်တာကြောင့် ဘေဘီလေးကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။