backup og meta

ဆောင်းရာသီမှာ ဘေဘီလေးတွေကျန်းမာနေစေဖို့

ဆောင်းရာသီမှာ ဘေဘီလေးတွေကျန်းမာနေစေဖို့

ဆောင်းရာသီက ကဗျာသမား၊ စာသမားတွေအတွက် စိတ်ကူးယဉ်စရာ လွမ်းမောဖွယ်ရာ ရာသီဆိုပေမယ့် ဖေဖေမေမေတို့အတွက်တော့ စိတ်ပူစရာကောင်းတဲ့ရာသီပေါ့။ အကြောင်းကတော့ ဆောင်းရာသီမှာ ဘေဘီလေးတွေ အလွယ်တကူဖျားနာ နိုင်တာကြောင့်ပါ။ စိတ်ကူးယဉ်ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဆောင်းရာသီအေးအေးလေးကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းကုန်ဆုံးချင်တဲ့ ဖေဖေမေမေတို့အတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းလေးပါးပါရစေ။

ဗီတာမင်တွေက အအေးမိဖျားနာတာကို ကာကွယ်ပေးနိုင်လား

ဆောင်းရာသီလိုမျိုး အလွယ်တကူဖျားနာနိုင်တဲ့ ရာသီမှာဘေဘီလေးတွေကို ကျန်းမာစေချင်တယ်ဆိုရင်နေ့စဉ်စားသုံးတဲ့ အစားအစာတွေကို အာဟာရမျှတအောင်စားသုံးဖို့လိုပါမယ်။ ဒီနေရာမှာမေးစရာတစ်ခုရှိလာပါပြီ အာဟာရြပည့်ဝအောင်စားရုံနဲ့ အအေးမိဖျားနာတာတွေကို ကာကွယ်နိုင်မှာလားဆိုတာပါ။နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ အာဟာရတွေပြည့်ဝအောင်စားသုံးမယ်ဆိုရင်ရောဂါပိုးတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။

ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် D၊ဗီတာမင် E၊ Omega – 3၊ဖောလစ်အက်ဆစ်၊ သံဓါတ်နဲ့ အခြားသောအာဟာရနဲ့ဗီတာမင်တွေပါဝင်ဖို့လိုအပ်မှာပါ။ ဗီတာမင်တွေကို တကူးတကပြင်ဆင်ပေးဖို့မလိုပါဘူး။နေ့စဉ်စားသုံးတဲ့အစာအစာလေးတွေထဲမှာ ထည့်သွင်းပြီးပြင်ဆင်ပေးရုံနဲ့ဘေဘီလေးတွေကိုဆောင်းရာသီမှာ အအေးဒဏ်ကြောင့် နာမကျန်းမှုဖြစ်မှုတွေကနေ ကာကွယ်ပေးနိုင်မှာပါ။

ဆောင်းအအေးဒဏ်ကို အံတုနိုင်ဖို့ဘေဘီလေးတွေကိုကျွေးသင့်တဲ့ ဗီတာမင်တွေကဘာတွေများလဲ။

ဘေဘီလေးတွေကို ကိုယ်ခံအားတိုးစေနိုင်တဲ့ ဗီတာမင်တွေက –

ဗီတာမင် C ကိုယ်ခံအားကောင်းစေဖို့အတွက် အဓိကလိုအပ်တဲ့ ဗီတာမင်တစ်ခုပေါ့။ ဒါကြောင့်ဘေဘီလေးတွေကိုနေ့စဉ်ပြင်ဆင်ပေးတဲ့အစားအစာတွေထဲမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတဲ့ လိမ္မော်သီး၊ ကီဝီသီး၊ သရက်သီးခရမ်းချဉ်သီးပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ သခွားမွှေးလိုမျိုး သစ်သီးလေးတွေကိုဖော်ျရည်လုပ်တာပဲဖြစ်ဖြစ် သစ်သီးလေးတွေကို ပုံစံလှလှလေးတွေလှီးပြီးကျွေးတာမျိုးဖြစ်ဖြစ်လုပ်ပြီးပြင်ဆင်ကျွေးမွေးပေးပါ။

ဗီတာမင် D – ဗီတာမင် D ကိုနေရောင်ခြည်ကနေရရှိနိုင်ပါတယ်။နောက်ထပ် ဗီတာမင် D ကိုရရှိနိုင်တဲ့အရာတွေကတော့ အဆီများတဲ့ ငါး၊ နို့ထွက်ပစ္စည်းတွေ၊ဥအမျိုးမျိုးကနေရရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးကို နို့၊ဒိန်ချဉ်လိုမျိုးအစားအစာတွေကျွေးတာ၊ ကြက်ဥပြုတ်ကျွေးတာ၊ကြော်ကျွေးတာမျိုးလုပ်ပေးပါ။

ဗီတာမင် E –ဆောင်းရာသီလိုအေးမြတဲ့ရာသီမှာ အရေပြား၊ လက်သည်းခြေသည်း၊ ဆံသားတွေခြောက်သွေ့မှုကို ကာကွယ်ဖို့အတွက် ဗီတာမင် E ကိုလိုအပ်ပါတယ်။ အရေပြားကို ကျန်းမာစေပြီးခြောက်သွေ့မှုကင်းစေနိုင်တာကြောင့် အရေပြားပြဿနာတွေကနေဘေဘီလေးတွေကို ကာကွယ်ဖို့ဗီတာမင် E ကိုပြည့်ဝအောင်ကျွေးမွေးဖို့လိုပါမယ်။

သံဓါတ် – သံဓါတ်က ခန္ဓါကိုယ်ကျန်းမာဖို့အတွက်တော်တော်လေးအရေးပါသလိုသွေးတွင်းကိုအောက်ဆီဂျင်ရောက်ရှိစေဖို့နဲ့ အဆုတ်၊ သရက်ရွက်၊ကြွက်သားနဲ့ဆဲလ်တွေ ကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်မျိုးပေါ့။ ဒါကြောင့် ကျန်းမာတဲ့ ခန္ဓါကိုယ်ပိုင်ရှင်ဘေဘီလေးတွေဖြစ်စေဖို့အတွက် သံဓါတ်ကြွယ်ဝအောင်ပြင်ဆင်ပေးဖို့ကိုလည်း မမေ့ပါနဲ့။

ဗီတာမင် A – ဗီတာမင် A ကကိုယ်ခံအားကောင်းစေနိုင်သလို အမြင်အာရုံနဲ့ ဆဲလ်တွေဖွံ့ဖြိုးမှုအတွက်လည်းတော်တော်လေးအထောက်အကူပြုပေးတဲ့ ဗီတာမင်တစ်ခုပါ။ နှလုံး၊အဆုတ်၊ကျောက်ကပ်နဲ့ အခြားကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အအေးမိဖျားနာတာကို သက်သာစေနိုင်ပါတယ်။

Omega-3 Fatty Acidsဆောင်းရာသီရဲ့ အအေးဒဏ်ကြောင့်ဘေဘီလေးတွေ ဖျားနာတာမျိုးမဖြစ်စေဖို့ဆိုရင်ဘေဘီရဲ့နေ့စဉ်စားသုံးမှုထဲမှာ Omega-3 Fatty Acids ကို မဖြစ်မနေပါဝင်အောင်ထည့်သွင်းဖို့ မမေ့သင့်ပါဘူး။Omega-3 Fatty Acids က ရာသီအဖျားရောဂါတွေကို ကာကွယ်ပေးနိုင်သလို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။ အဆီများတဲ့ ပင်လယ်ငါးတွေကနေOmega-3 Fatty Acids ကိုရရှိနိုင်ပါတယ်။

Folic Acid – အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကနေတဆင့် ရရှိနိုင်တဲ့ ဓါတ်တစ်မျိုးပါ။ Folic Acid က အရေပြားကိုစိုပြည်စေနိုင်တဲ့အတွက် အေးမြတဲ့ရာသီဥတုဒဏ်ကြောင့် အရေပြားခြောက်သွေ့ပြီး အရေပြားပြဿနာဖြစ်တာတွေကို ကင်းဝေးစေနိုင်ပါတယ်။ဆောင်းရာသီမှာ အစိမ်းရောင်ရင့်တဲ့ ဟင်းနုနွယ်လိုမျိုးအရွက်တွေကို စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ပေးလိုက်ပါ။

ဘေဘီလေးကို လိုအပ်တဲ့ဗီတာမင်နဲ့အာဟာရဓါတ်တွေပြည့်ပြည့်စုံစုံပါဝင်အောင်ကျွေးမွေးပြီးအေးမြတဲ့ဆောင်းရာသီကိုပျော်ရွှင်စွာဖြတ်သန်းလိုက်ကြပါနော်ဖေဖေမေမေတို့ရေ

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to keep your kids healthy this winterhttps://www.kidspot.com.au/kitchen/articles/nutrition/how-to-keep-your-kids-healthy-this-winter Accessed Date 18 July 2018

8 Ways to Keep Kids Healthy This Winterhttps://kulamama.com/8-ways-to-keep-kids-healthy-this-winter/ Accessed Date 18 July 2018

TODDLER VITAMINS, SUPPLEMENTS, AND IMMUNE BOOSTERShttps://www.yummytoddlerfood.com/advice/nutrition/toddlers-multivitamins-and-supplements/ Accessed Date 18 July 2018

5 Tips for keeping your kids healthy this winter https://www.sheknows.com/parenting/articles/822969/5-tips-for-keeping-your-kids-healthy-this-winter Accessed Date 18 July 2018

10 Essential Vitamins for Winter Survivalhttps://www.activebeat.com/diet-nutrition/10-essential-vitamins-for-winter-survival/ Accessed Date 18 July 2018

Everything you need to know about vitamin Ahttps://www.medicalnewstoday.com/articles/219486.php Accessed Date 18 July 2018

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့

ဘေဘီလေးတွေ အရမ်းအိပ်တာ ဒါ့ကြောင့်ပါ



Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement