ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ အသက်အရွယ်အလိုက် ဘာတွေများကျွေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကလေးက ၆ လ အထိနို့သောက်ပြီးပြီ။ ဒီတော့ ကလေးက ၆ လပြည့်ပြီဆိုရင် ဘာလုပ်မယ်ထင်လဲ။ ထမင်းစားမှာပေါ့။ ထမင်းကလူကြီးတွေစားသလိုတော့ စားလို့မရသေးဘူးပေါ့။ ဒီတော့ ထမင်းတိုက်ကျွေးမယ်။ ထမင်းတိုက်ကျွေးတယ်ဆိုတဲ့နေရာမှာ ထမင်းပဲကျွေးလို့မရပါဘူးနော်။ လိုအပ်တဲ့အာဟာရတွြေပည့်ဖို့ အသီးအရွက်ပဲအမျိုးမျိုးနဲ့ အသား၊ ငါးတွေကို မျှတအောင်ကျွေးပေးဖို့လိုပါမယ်နော်။ အစားစစားတာက ကလေးတစ်ယောက်အတွက် ကြီးမားတဲ့စွန့်စားခန်းပေါ့။ မိဘတွေအနေနဲ့ကလည်း ကိုယ့်ကလေး အကောင်းဆုံးကျော်ဖြတ်နိုင်အောင် ကူညီပေးရမှာပါနော်။

ကလေးအတွက် အသက်အရွယ်အလိုက် အစားအစာပြင်ဆင်ပေးမယ်

ကလေး ၆ လ ကနေ ၈ လအရွယ်

ကလေးက ၆ လရောက်လာပြီဆိုရင် အစားစစားလို့ရပြီပေါ့။ ဒီအရွယ်မှာ ကလေးကို အစာခပ်ပျော့ပျော့လေးတစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်ကျွေးရပါမယ်။ ကလေးစားတဲ့ ခွက်ကလေးနဲ့တစ်ဝက်စာလောက်ကျွေးရမှာပါနော်။ ကလေးကို ထမင်း၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ရွှေဖရုံသီး၊ ကန်ဇွန်းဥတို့ကိုကျွေးလို့ရပါတယ်။ ပျားရည်တော့လုံးဝမကျွေးပါနဲ့ဦး။ မိခင်နို့၊ အာဟာရပြည့်နို့တွေတိုက်လို့ရပါတယ်။ သစ်သီးတွေကို ကြိတ်ခြေပြီး သရေစာအနေနဲ့ကျွေးလို့ရပါတယ်။ တဖြည်းဖြည်းချင်းနဲ့ ကလေးကို နည်းနည်းချင်းတိုးကျွေးသွားပေးပါ။

ကလေး ၆ လကနေ ၈ လအတွင်းမှာ ကလေးအတွက် လုံလောက်တဲ့ အာဟာရြပည့်ဝစေဖို့ တစ်နေ့ကို ထမင်း ၃ ကြိမ် နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ တစ်ကြိမ်ကျွေးပေးပါ။ ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေကို အရောင်စုံစုံလေးကျွေးပေးပါ။ ဆားနဲ့ အရသာအတွက်ထည့်ရတဲ့ အရာတွေတော့ ထည့်ဖို့မလိုပါဘူးနော်။

ဘာတွေကျွေးလို့ရလဲ

ဒီအသက်အပိုင်းအခြားမှာကလေးကို

ကလေး ၉ လ ကနေ ၁၂ လအရွယ်

ပိုပြီး စုံစုံလင်လင်စားလို့ရပါပြီ။ လူကြီးစားသမျှခွံလို့မရသေးပေမယ့် အရင်လတွေကထက်တော့ ပိုပြီး စုံလင်အောင်စားလို့ရပါပြီ။ အသား၊ငါးတွေစားလို့ရပါပြီ။ ထင်းတိုက်ကျွေးတဲ့အခါ အသ်းအရွက်တွေအပြင် ကြိတ်ခြေထားတဲ့ ငါးနဲ့ကြက်သားတို့ကို စစားလို့ရနေပါပြီ။ အမဲသား၊ဝက်သားလိုမျိုးအသားတွေကိုသေချာနူးအိနေအောင်ချက်ပြီးကျွေးလို့ရနေပါပြီ။ ပဲအမျိုးမျိုး၊ ဥနဲ့ နို့ထွက်ပစ္စည်းလေးတွေစားလို့ရပါပြီ။မေမေ့နို့ကိုတော့ ဆက်တိုက်နိုင်ရင် ပိုကောင်းပါမယ်။ သစ်သီးတွေကို ကြိတ်ခြေပြီး သရေစာအဖြစ်ကျွေးလို့ရပါတယ်။ပေါင်မုန့်ချောင်းလေးတွေကိုကျွေးလို့ရပါပြီ။

ကလေး ၉ လကနေ ၁၂ လအတွင်းမှာ ကလေးအတွက် လုံလောက်တဲ့ အာဟာရပြည့်ဝစေဖို့ တစ်နေ့ကို ထမင်း ၄ ကြိမ် ကနေ ၅ ကြိမ်လောက်အထိကျွေးပေးရပါမယ်။ တစ်နေ့တာအတွင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ နှစ်ကြိမ်ကျွေးပေးပါ။ အရွယ်ရောက်လာတာနဲ့အမျှ လိုအပ်တဲ့ အာဟာရပမာဏကလည်း ပိုများလာပါပြီ။ ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေကို အရောင်စုံစုံလေးကျွေးပေးပါ။ ဆားနဲ့ အရသာအတွက်ထည့်ရတဲ့ အရာတွေတော့ ထည့်ဖို့မလိုသေးပါဘူးနော်။

ဘာတွေကျွေးမလဲ

ဒီအသက်အပိုင်းအခြားမှာတော့ ကလေးက အရွယ်ရောက်လာပြီဖြစ်သလို အာဟာရလိုအပ်ချက်ကလည်း ပိုလာပါပြီ။ လိုအပ်တဲ့အာဟာရပြည့်ဝအောင်ကျွေးရမယ့်အစားအစာတွေကလည်း အရင်ကထက်ပိုများလာပြီပေါ့။

  • ထမင်း
  • ငါး
  • ကြက်သား
  • ဥအမျိုးမျိုး
  • နွားနို့၊ဆိတ်နို့
  • ဒိန်ချဉ်
  • ပဲနီလေး
  • မုန်လာဥနီ
  • ရွှေဖရုံသီး
  • ပန်းဂေါ်ဖီစိမ်း
  • ကန်ဇွန်းဥ
  • အာလူး
  • ဟင်းနုနွယ်
  • သခွားသီး
  • ချယ်ရီခရမ်းချဉ်သီး
  • ထောပတ်သီး
  • ပန်းသီး
  • စတော်ဘယ်ရီသီး
  • စပျစ်သီး (အစေ့ဖယ်ပေးပါ)
  • ငှက်ပျောသီး
  • သင်္ဘောသီး
  • ချယ်ရီသီး
  • တရုတ်ဇီးသီးတို့ကျွေးပေးလို့ရပါတယ်။

ဒီလိုကျွေးပေးတာက လိုအပ်တဲ့ ပရိုတင်းနဲ့ အမျှင်ဓါတ်တို့အပါအဝင် ကလေးအတွက် လိုအပ်တဲ့ အာဟာရတွေပြည့်ဝစုံလင်နေတာကြောင့် ကလေးကို ကျန်းမာပြီးပျော်ရွှင်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်မှာပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးသန့်စေဖို့ ဒါတွေစားပါ။

ခန္ဓာကိုယ်က အလုပ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ သွေးတွေကို လိုအပ်ပါတယ်။ သွေးဆိုတဲ့နေရာမှာ အဆိပ်အတောက်ကင်းပြီး သန့်စင်တဲ့ သွေး ဖြစ်ဖို့က အရေးကြီးပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေမကောင်းရင် ဆန်ပြုတ်စားပါဆိုတာက

ဆန်ပြုတ်ကို နေမကောင်းမှ မဟုတ်ပါဘူး။ သာမန်အချိန်တွေမှာလည်း သောက်ပေးလို့ရပါတယ်။ ဆန်ပြုတ်သောက်တာက ကျန်းမာရေးအတွက် ဘယ်လို ကောင်းလဲဆိုတော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား........................

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 1 min read
ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 29, 2020 . 2 mins read
ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read