ဘေဘီလေး ကို ပွင့်ပွင့်လင်းလင်းပြောတတ်သူ တစ်ယောက်အဖြစ် အရွယ်ရောက်လာစေချင်တယ်ဆိုရင်တော့ ပန်းချီပေးဆွဲပါ။ ပန်းချီဆွဲတာက ဆက်ဆံရေးကောင်းမွန်စေဖို့ အထောက်အကူပြုပေးနိုင်သလို စိတ်ခံစားချက်တွေကို လွတ်လပ်စွာဖော်ပြတတ်စေဖို့လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ခံစားချက်ကို ပွင့်လင်းမြင်သာစွာ ဖော်ပြတတ်မှုက ဘေဘီလေးကို သိမြင်မှုစွမ်းရည်ကောင်းမွန်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။
ဒါကြောင့် ဘေဘီလေးက တစ်နှစ်ကျော်လောက်ရောက်လာပြီဆိုရင် ဖယောင်းရောင်စုံခဲတံနဲ့ ပုံဆွဲစာအုပ်လေး ထားပေးပါ။ သူစိတ်ကြိုက်ပုံတွေကို စိတ်တိုင်းကျ ရေးဆွဲခွင့်ပေးလိုက်ပါ။
ကလေးကို ပုံဆွဲစေတာက သူတို့ရဲ့ လက်ချောင်းလေးတွေကို သန်မာစေပြီး လှုပ်ရှားမှု စွမ်းရည်ကို ကောင်းမွန်စေဖို့အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ငယ်စဉ်အရွယ်မှာ ဘေဘီလေးတစ်ယောက်အနေနဲ့ လက်ချောင်းကြွက်သားလေးတွေ အကောင်းဆုံးဖွံ့ဖြိုးဖို့ကလည်း လိုအပ်ချက်တစ်ခုပါ။ ဒါကြောင့် စိတ်ကူးဉာဏ်တွေကိုရင့်သန်စေပြီး လက်ချောင်းကြွက်သားလေးတွေ သန်မာစေဖို့ဆိုရင် ပန်းချီဆွဲတာကို အားပေးပါ။ လွယ်ကူတဲ့ ရေးဆွဲမှုတွေကနေ ဖြည်းဖြည်းချင်း စတင်ပေးပါ။
အမြင်အာရုံဆန်းစစ်နိုင်စွမ်း တိုးစေတယ်
ဘေဘီလေးတွေကို ပန်းချီဆွဲခွင့်ပေးလိုက်တာက အကွာအဝေး၊ အရွယ်အစား၊ ပုံသဏ္ဍာန်ကွာခြားမှုတွေကို အမြင်အာရုံနဲပ အကောင်းဆုံး ဆန်းစစ်နိုင်စေဖို့ အားပေးရာရောက်ပါတယ်။ ဘယ်အရာကကြီးတယ်၊ ဘယ်အရာက သေးတယ်။ ဘယ်အရာက နီးတယ်၊ ဘယ်အရာက ဝေးတယ်။ ဘယ်အရာက ကြမ်းတမ်းတယ်၊ ဘယ်အရာက ချောမွေ့တယ်ဆိုတာကစလို့ မျက်လုံးအမြင်နဲ့ တွေ့မြင်တဲ့ အရာတွေကို အကောင်းဆုံး ဆန်းစစ်အကဲဖြတ်နိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။