backup og meta

ကလေးကငယ်သေးလို့ သန်ချဆေးမတိုက်ချင်ဘူးဆိုတဲ့ မေမေတို့အတွက်


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကငယ်သေးလို့ သန်ချဆေးမတိုက်ချင်ဘူးဆိုတဲ့ မေမေတို့အတွက်

    ကလေးတစ်ယောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးနေတဲ့ သန်ကောင်တွေ၊ တုတ်ကောင်တွေကို နှိမ်နှင်းပေးချင်ပေမယ့် သားသားမီးမီးကငယ်သေးလို့ ဆေးမတိုက်ရဲဘူးဖြစ်နေတယ်ဆိုရင် အခုပြောပြခဲ့တဲ့နည်းလေးတွေသုံးပြီး ကလေးတွေကို သန်ချပေးလို့ရပါတယ်။

    ကလေးကို သဘာဝအတိုင်းသန်ချမယ်

    နနွင်း

    သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။ မိးဖိုချောင်ထဲမှာလည်း အလွယ်တကူရနိုင်တယ်နော်။ ဒီမီးဖိုချောင်သုံး ပစ္စည်းလေးက အစာခြေစနစ်ထဲက သန်ကောင်တွေကိုချေဖျက်ပေးဖို့လည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးပါတယ်။

    ကလေးကိုနေ့တိုင်း နို့တစ်ခွက်စာထဲမှာ နနွင်းတစ်ဇွန်းထည့်ဖော်ျလို့ တိုက်ပေးပါ။ တစ်ပတ်လောက်ဆက်တိုက်တိုက်ပေးရင် သန်ကျလာပါလိမ့်မယ်။ နနွင်းက ဝမ်းချုပ်တတ်တာကြောင့်ရေများများတိုက်ပေးဖို့ မမေ့ပါနဲ့။

    အုန်းဆီ

    အုန်းသီးနဲ့ အုန်းဆီမှာ ကပ်ပါးပိုးတွေကိုသေစေနိုင်တဲ့အာိသင်ရှိပါတယ်။ ဒါကြောင့်ဘေဘီလေးကို သန်ချဖို့အတွက် အုန်းဆီစစ်စစ်ကိုသုံးပေးလို့ရပါတယ်။ မနက်တိုင်း အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတိုက်ကိုရေနွေးနဲ့တိုက်ပေးတာ ဒါမှမဟုတ် အုန်းသီးစားပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးရဲ့ အစာခြေစနစ်ထဲမှာ အာဟာရတွေကို စုပ်ယူရှင်သန်နေတဲ့ သန်ကောင်တွေကို ထိထိရောက်ရောက်ဖယ်ရှားနိုင်မှာပါ။ အုန်းသီးစိမ်းကို စားပေးရင်လည်းရပါတယ်။ အုန်းသီးက သန်တင်ကျစေတာမဟုတ်ဘဲက ကလေးကို ကိုယ်ခံအားေကာင်းစေပြီး သန်တွေမဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ကြက်ဟင်းခါးသီး

    ကြက်ဟင်းခါးသီးကို ဝမ်းဗိုက်ပြဿနာတွေကင်းစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ ကလေးတစ်ယောက်အဖို့ကတော့ ကြက်ဟင်းခါးသီးစားဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တစ်ပတ်တစ်ကြိမ်တော့ ကလေးကို ကြက်ဟင်းခါးသီး ဆေးဖြစ်ဝါးဖြစ်လေးကျွေးပေးပါ။ သန်တွေကို ကာကွယ်ရာရောက်ပါတယ်။

    ကြက်ဟင်းခါးသီးကိုရေထဲမှာ တစ်နာရီလောက်စိမ်ထားပေးပါ။ ဒီစိမ်ထားပြီးရလာတဲ့ အရည်ကို ဆားနည်းနည်း နနွင်းနည်းနည်းထည့်လို့ တိုက်ပေးပါ။ ပျားရည်နည်းနည်းလောက်ထည့်ပေးရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ကလေးက အသက် ၂ နှစ်လောက်မှာ ဒီနည်းကို သုံးသင့်ပါတယ်။

    တမာရွက်က ကပ်ပါးပိုးတွေ၊ သန်ကောင်တွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သန်ချဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ အခြောက်ခံထားတဲ့ တမာရွက်ကို ကြိတ်ခြေပြီး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ တမာရွက်မှုန့်ကို ဆားနည်းနည်းလောက်နဲ့ရာစပ်ပြီး တိုက်ပေးပါ။ နို့ ဒါမှမဟုတ် ပျားရည်နဲ့ရောစပ်ပြီးတော့လည်း တိုက်နိုင်ပါတယ်။

    ကြက်သွန်ဖြူ

    သန်ကောင်တွေကို ထိထိရောက်ရောက်တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ကလေးတွေအတွက် အကောင်းဆုံးသော သန်ချဆေးတစ်မျိုးပါ။ဘေးထွက်ဆိုးကျိုးမရှိဘဲ သန်ချပေးလို့ရပါတယ်။ ကြက်သွန်ဖြူ ၂ မွှာ ၃ မွှာကို ခပ်ဆတ်ဆတ်လေးထုပြီး နို့ထဲထည့်ကျိုလိုက်ပါ။ ဆူလာပြီဆိုရင် အအေးခံပြီး တစ်ခွက်စာသောက်ခိုင်းပါ။ ဒီလိုမှမဟုတ်ရင်လည်း ပျားရည်ထဲကို ကြက်သွန်ဖြူထည့်စိမ်ပြီး ကလေးကို စားခိုင်းပေးပါ။

    သင်္ဘောသီးစိမ်း

    သဘော်သီးစိမ်းမှာပါတဲ့ အင်ဇိုင်းတစ်မျိုးက အစာခြေလမ်းကြောင်းက သန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သင်္ဘောသီးစေ့ကလည် သန်ချပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ သင်္ဘောသီးစိမ်းကိုရေစင်အောင်ဆေးပြီး နို့ထဲထည့်ကျိုလို့ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ထည့်မွှေပြီး တိုက်ပေးလို့လည်းရပါတယ်။

    ကလေးကို သန်ချချင်ပေမယ့် အရမ်းငယ်နေသေးလို့ သန်ချဆေးတိုက်ဖို့ အဆင်မပြေဘူးဆိုရင် အခုပြောခဲ့တဲ့ သဘာဝနည်းလေးတွေအတိုင်း ကလေးကို သန်ချပေးလိုက်ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement