home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုဗစ်ဗီဇပြောင်းမျိုးကွဲ တွေအကြောင်း ဘာတွေ သိထားသင့်သလဲ။

ကိုဗစ်ဗီဇပြောင်းမျိုးကွဲ တွေအကြောင်း ဘာတွေ သိထားသင့်သလဲ။

ကိုဗစ်ရောဂါကို ဖြစ်စေတဲ့ SARS-CoV-2 က ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် မကြာခဏ ဗီဇပြောင်းတာကို ကြုံရမှာပါ။ ဒါက ဗိုင်းရပ်စ်တွေရဲ့ သဘောသဘာဝပါပဲ။ ကိုဗစ်ဗီဇပြောင်းမျိုးကွဲ တွေဖြစ်လာရတာက ကာကွယ်ဆေးမတိုးတာ၊ လက်ရှိကုသနေတဲ့ ကုထုံးတွေကို မတိုးတာတွေ ဖြစ်တတ်ပါတယ်။ လက်ရှိအချိန်ထိ တွေ့ထားရတဲ့ ဗီဇပြောင်းမျိုးကွဲတွေအကြောင်းကို စုစည်းပြောပြလိုပါတယ်။

ကိုဗစ်ဗီဇပြောင်းမျိုးကွဲ တွေကို ဘယ်လိုခွဲခြားထားသလဲ။

ကိုဗစ်မှာ ဗီဇပြောင်းမျိုးကွဲတွေ အများကြီး ရှိပေမယ့် အကုန်လုံးကိုတော့ စိုးရိမ်စရာ မလိုပါဘူး။ ဘယ်လိုဗီဇပြောင်းမျိုးကွဲတွေကို စိုးရိမ်စရာကောင်းလဲဆိုတာကို WHOက ခွဲခြားပေးထားပါတယ်။ ဒီစာရင်းဇယားအရ ၃မျိုး ခွဲထားပါတယ်။

  • Variants of Concern (VOCs)
  • Variants of Interest (VOIs)
  • Variants under Monitoring (VUM) ဆိုပြီးတော့ပါ။

ဘယ်လိုအချက်တွေအပေါ် မူတည်ပြီး သတ်မှတ်ထားလဲဆိုတော့

  • Variants of Concern (VOCs)

-ကူးစက်နှုန်း ဒါမှမဟုတ် ရောဂါပြန့်ပွားနှုန်းတွေ များလာခဲ့ရင် (သို့မဟုတ်)

-ပိုးက ဆိုးနေရင်သော်လည်းကောင်း၊ လက္ခဏာပြတဲ့ ပုံစံပြောင်းလာရင်သော်လည်းကောင်း (သို့မဟုတ်)

-ရောဂါရှာဖွေနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်ဆေးတွေရဲ့ အစွမ်းထက်မှုတွေကို လျော့ကျစေရင်သော်လည်းကောင်း VOCsထဲကို ထည့်ပါတယ်။

လက်ရှိမှာ အယ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာ၊ အိုမီခရွန်ဆိုပြီး ၅ခုရှိပါတယ်။

  • Variants of Interest (VOIs)

-သူ့ရဲ့ ဗီဇပြောင်းပုံက ကူးစက်နှုန်း၊ ရောဂါပြင်းထန်နှုန်း၊ ခုခံအားကို ကျော်လွှားနိုင်စွမ်း၊ ကုထုံးတွေ၊ ရောဂါရှာဖွေနည်းတွေကို ထိခိုက်စေလိမ့်မယ်

-ပြီးတော့ နိုင်ငံတော်တော်များများမှာ ကူးစက်တာတွေ များနေပြီဆိုရင်တော့ VOIsထဲကို ထည့်ထားပါတယ်။

လက်ရှိမှာ လမ်ဒါရယ်၊ မျူရယ်ဆိုပြီး ၂မျိုးရှိနေပါတယ်။

  • Variants under Monitoring (VUM)

ဗိုင်းရပ်စ်ရဲ့ ဗီဇပြောင်းပုံက နည်းနည်း အန္တရာယ်များလာနိုင်တယ်လို့ ယူဆတယ်။ ဒါပေမယ့် သူရဲ့ ပုံစံကို သိပ်မသေချာမသိရသေးတဲ့အတွက် ဆက်လက်စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။

ဒီစာရင်းထဲမှာ ၇မျိုးလောက်ရှိပေမယ့် စောင့်ကြည့်နေဆဲမို့လို့ နာမည်ပေးထားတာမျိုး မရှိပါဘူး။

ကိုဗစ်ဗီဇပြောင်းမျိုးကွဲ တွေအကြောင်း ဘာတွေ သိထားသင့်သလဲ။

ကိုဗစ်ဗီဇပြောင်းမျိုးကွဲ များအကြောင်း

  • အယ်ဖာ (B.1.1.7)

ယူကေမှာ ၂၀၂၀ စက်တင်ဘာက စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၂၀ ဒီဇင်ဘာ ၁၈ရက်နေ့မှာ VOCsစာရင်းထဲမှာ ပါခဲ့ပါတယ်။ ယူကေ၊ ယူအက်စ်လို နိုင်ငံတွေမှာ လူပေါင်း ၂သိန်းကျော်ထိ ကူးစက်ခဲ့ပြီး ဒီ၂၀၂၁ ဇူလိုင်လထိ ကူးစက်မှုတွေ ရှိဆဲပဲ ဖြစ်ပါတယ်။

  • ဘီတာ (B.1.351)

တောင်အာဖရိကမှာ ၂၀၂၀မေလက စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၂၀ ဒီဇင်ဘာ ၁၈ရက်နေ့မှာ VOCsစာရင်းထဲမှာ ပါခဲ့ပါတယ်။ ၂၀၂၁ ဇူလိုင်လ စာရင်းတွေအရ နိုင်ငံပေါင်း ၁၀၃ နိုင်ငံကို ပြန့်နှံ့ခဲ့ပြီး လူပေါင်း ၂၈,၀၀၀ကျော်ကူးစက်ခဲ့ပါတယ်။ ထူးခြားချက်က ကာကွယ်ဆေးကို ခုခံနိုင်လာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးလုံးဝမတိုးတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။

ဘရာဇီးမှာ ၂၀၂၀ နိုဝင်ဘာက စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၂၁ ဇန်နဝါရီ ၁၁ရက်နေ့မှာ VOCsစာရင်းထဲမှာ ပါခဲ့ပါတယ်။ ၂၀၂၁ သြဂုတ်လစာရင်းတွေအရ နိုင်ငံပေါင်း ၇၁ နိုင်ငံမှာ လူပေါင်း ၆၀,၀၀၀ကျော် ကူးစက်ခဲ့ပါတယ်။

အိန္ဒိယမှာ ၂၀၂၀ အောက်တိုဘာမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၂၁ မေလ ၁၁ရက်နေ့မှာ VOCsစာရင်းထဲမှာ ပါခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တတိယလှိုင်းဖြစ်ရတာ ဒီမျိုးကွဲကြောင့်လို့ ယူဆရပါတယ်။ GISAIDရဲ့ စာရင်းတွေအရ နိုဝင်ဘာ ၂၃ရက်နေ့အထိ နိုင်ငံပေါင်း ၁၇၉နိုင်ငံမှာ လူပေါင်း ၂သန်း ကူးစက်ပြီးပါပြီ။

WHO ထုတ်ပြန်ချက်အရ ဒီမျိုးကွဲက ကူးစက်နှုန်းလည်း မြန်ပါတယ်။ ဖြစ်ပြီးသား လူမှာလည်း ပြန်ဖြစ်ပါတယ်။ ကာကွယ်ဆးအကြိမ်ပြည့်အောင် ထိုးထားပေမယ့်လည်း ကူးစက်ခံရတာကို တွေ့ရပါတယ်။ ဆေးရုံတက်ပြီး ရောဂါပြင်းထန်တဲ့ လူနာလည်း များပါတယ်။ ခုထက်ထိလည်း စိုးရိမ်နေရတုန်းပါပဲ။

တောင်အာဖရိကမှာ ၂၀၂၁ နိုဝင်ဘာလမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၂၁ နိုဝင်ဘာ ၂၆ရက်မှာ VOCsစာရင်းထဲမှာ ပါခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အာရှဘက်ကိုပါ ရောက်ရှိလာပါပြီ။ Spike protein ၃၀မှာ နေရာ ၅၀လောက် ပြောင်းထားတာကို တွေ့ရတဲ့အတွက် အရင် ဒယ်တာထက် ပိုဆိုးနိုင်မလားဆိုတာကို စိုးရိမ်နေကြပါတယ်။

လက်ရှိအချိန်ထိတော့ သူနဲ့ ပတ်သက်ပြီးတိကျတဲ့ အချက်အလက်တွေ မရသေးပါဘူး။

ပီရူးမှာ ၂၀၂၀ ဒီဇင်ဘာမှာ စတွေ့ခဲ့ပြီး VOIsစာရင်းထဲကို ၂၀၂၁ ဇွန်လ ၁၄ရက်နေ့မှာ စတင်ပါလာပါတယ်။ ၂၀၂၁ သြဂုတ်လ စာရင်းတွေအရ နိုင်ငံပေါင်း ၄၄နိုင်ငံမှာ လူနာပေါင်း ၄,၇၀၀ ကျော်ရှိနေပါပြီ။

ကိုလမ်ဘီယာမှာ ၂၀၂၁ ဇန်နဝါရီလမှာ စတွေ့ခဲ့ပြီး VOIsစာရင်းထဲကို ၂၀၂၁ သြဂုတ်လ ၃၀မှာ ပါလာတာပဲ ဖြစ်ပါတယ်။ နိုဝင်ဘာ လကုန်အထိ တစ်ကမ္ဘာလုံးမှာ လူနာ ၁၃,၀၀၀ကျော် ရှိနေပါပြီ။

Takeaway

ကိုဗစ်ဗိုင်းရပ်စ်ပိုးက သူဆက်လက်ပြန့်ပွားနိုင်ဖို့ ပုံစံမျိုးစုံပြောင်းနေဦးမှာပဲ။ လူသားတွေအနေနဲ့က နှာခေါင်းစည်းတပ်၊ လက်ဆေးပြီး လူတိုင်း နီးပါး ကာကွယ်ဆေးအပြည့်ထိုးပြီး ဗိုင်းရပ်စ်ဝင်မလာအောင် ကာကွယ်ထားဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 06/12/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။