backup og meta

ကိုဗစ်ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ မျက်စိနာခြင်း

လူတော်တော်များများက ကိုဗစ်ဆိုရင် ဖျားမယ်။ ချောင်းဆိုးမယ်။ ကိုယ်ပူမယ်။ အသက်ရှူရခက်မယ်လည်ချောင်းနာမယ်။ ဆိုတာလောက်ကိုပဲ အာရုံစိုက်​ကြပါတယ်။နောက်ထပ် အာရုံစိုက်တဲ့အရာတစ်ခုက ကိုယ်ပူနေတယ်။ အနံ့ရသေးလား။ ချောင်းဆိုးနေတယ်။ အနံရသေးတယ် မဟုတ်လား။ ဆိုတာပါ။ အနံ့ရသေးရင် ကိုဗစ် မဟုတ်ဘူးလို့ပေါ့။ တကယ်ကတော့ ကိုဗစ် ကူးစက်ခံထားရပါလျက်နဲ့ အနံ့မပျောက်သွားသူတွေလည်း ရှိပါတယ်။ တကယ်ကတော့ ကိုဗစ်က ဒီလို လက္ခဏာတွေတင် မဟုတ်ဘဲ အခြား လက္ခဏာတစ်ရပ်လည်း ပြနိုင်ပါသေးတယ်။ ဒါကတော့ မျက်စိနာတာပါ။

ကိုဗစ်ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ မျက်စိနာခြင်း

ကိုဗစ်ရဲ့ လက္ခဏာများ

ကိုဗစ်ရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ 

ဒါပေမယ့် ကိုဗစ်ဖြစ်လာပြီဆိုရင် ဒီလက္ခဏာတွေအပြင်

အပြင်းထန်ဆုံး လက္ခဏာ အနေနဲ့ကတော့

တကယ်လို့ အခုပြောခဲ့တဲ့ လက္ခဏာတွေထဲက တစ်မျိုး ဒါမှမဟုတ် တစ်မျိုးနဲ့အထက် ခံစားနေရတယ်ဆိုရင် နီးစပ်ရာ Fever Clinic ကို ဆက်သွယ်ပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့ လိုပါမယ်။
များသောအားဖြင့်ကတော့ ရောဂါပိုး ကူးစက်ခံရပြီး ၅ ရက်ကနေ ၆ ရက်မှာ လက္ခဏာတွေ စပြတတ်ပါတယ်။ ၁၄ ရက်ကြာမှ လက္ခဏာပေါ်လာတာမျိုးလည်း ရှိပါတယ်။

မျက်စိနာတာ ကိုဗစ်လား………..

အခုထိ တွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရကတော့ ကိုဗစ်ပိုး ကူးစက်ခံရသူတွေရဲ့ ၁ ရာခိုင်းနှုန်းကနေ ၃ ရာခိုင်နှုန်းလောက်က မျက်စိနာကြပါတယ်။ အကြောင်းကတော့ ကိုဗစ်ဗိုင်းရပ်စ်က မျက်လုံးထဲမှာရှိတဲ့ မျက်ခွံအတွင်းသားကို ဝင်ရောက်ကူးစက်တာကြောင့်ပါ။ လက္ခဏာတွေ အနေနဲ့ကတော့

မျက်စိနာပြီဆိုတာနဲ့ ကိုဗစ်ဖြစ်နေပြီလို့တော့ မဆိုသာပါဘူး။ မျက်စိနာရတဲ့ အကြောင်းအရင်းက ကိုဗစ်ဗိုင်းရပ်စ်ကြောင့်အပြင် အခြားသော ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယား၊ ဓာတုပစ္စည်းတွေ နဲ့ ဓာတ်မတည့်မှုတွေကြောင့်လည်း မျက်စိနာနိုင်ပါတယ်။

သာမန် မျက်စိနာတာက မျက်စဉ်းခတ်တာမျိုး လုပ်ပေးမယ်ဆိုရင် ၁ ပတ် ကနေ ၂ ပတ်အတွင်းမှာ သက်သာသွားနိုင်ပါတယ်။တကယ်လို့ မျက်စိနာတာနဲ့အတူ အဖျားရှိမယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်မယ်ဆိုရင်တော့ နီးစပ်ရာ Fever Clinic ကို အမြန်ဆုံး သွားရောက်ပြသပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ခံယူဖို့ လိုပါမယ်။
[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coronavirus disease (COVID-19) https://www.who.int/emergencies/diseases/novel-coronavirus-2019/question-and-answers-hub/q-a-detail/q-a-coronaviruses Accessed Date 27 October 2020

ယခုပုံစံ

15/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ကိုဗစ်ကာလမှာ အိမ်မှာနေရင်း ဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/07/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ