COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
Share now

လည်ချောင်းနာတယ်ဆိုတာက ဆိုးရွားလှတဲ့ ကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပေမယ့် အတော်လေး ခံရက်တဲ့ ဝေဒနာတစ်ခုပါ။ နောက်ပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲမှာလည်း လည်ချောင်းနာတာက တစ်ခုအပါအဝင်ဖြစ်နေတော့ လည်ချောင်းနာဝေဒနာခံစားလာရပြီဆိုရင် ယုန်ထင်ကြောင်ထင်နဲ့ တွေးပူစရာပါ။

COVID-19 ဆိုတာက အသက်ရှှုလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးမို့ လည်ချောင်းနာဝေဒနာက သူ့ရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်နေတာ သိပ်တော့ မထူးဆန်းလှပါဘူး။ လေ့လာချက်တွေအရဆိုရင် Positive လူနာ ၁၄% လောက်မှာ လည်ချောင်းနာတဲ့ လက္ခဏာတွေ ပြသခဲ့ကြပါတယ်တဲ့။

သေချာသိနားလည်ထားသင့်တာကတော့ လည်ချောင်းနာတာက COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲက တစ်ခုသာဖြစ်ပြီးတော့ လည်ချောင်းနာတိုင်း COVID-19 လို့ တထစ်ချမှတ်ယူလို့မရဘူးဆိုတာပါပဲ။

အအေးမိ၊ တုပ်ကွေးနဲ့ တခြားရောဂါတွေကြောင့် လည်ချောင်းနာတာမျိုးခံစားရနိုင်ပါတယ်။ တကယ်တမ်း ဒီလို လည်ချောင်းနာဝေဒနာမျိုး ခံစားလာရတယ်ဆိုရင် အိမ်တွင်းကုထုံးတွေနဲ့တင်ကုစားလို့ရနိုင်ပါတယ်။ လည်ချောင်းနာဝေဒနာကို သက်သာလျော့ပါးစေနိုင်တဲ့ အိမ်တွင်းကုထုံးတွေကို ပြောပြပေးချင်ပါတယ်။

လည်ချောင်းနာ သက်သာစေမယ့် အိမ်တွင်း ကုထုံးများ

လည်ချောင်းနာတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးတစ်ချို့ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ဆားရေနဲ့ ပလုပ်ကျင်းပါ၊
  • Apple cider vinegar ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါမှုန့်ကို ရေဖော်ပြီးလည်း ပလုပ်ကျင်းနိုင်ပါတယ်၊
  • အေးမြတဲ့ရေကို များများသောက်ပေးပါ၊
  • ရေခဲတုံး ငုံပေးပါ၊
  • ခြောက်သွေ့တဲ့လေကို ရှောင်ပါ၊ စိုထိုင်းစရှိတဲ့နေရာမျိုးမှာနေပါ၊
  • အက်စစ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ပါ၊
  • ငုံဆေးပြား ငုံပါ၊
  • လက်ဖက်ရည်ကြမ်းကို အနည်းငယ်စီ သောက်ပေးပါ၊
  • ပျားရည် ငုံပါ၊ မျိုချပါ၊
  • အကိုက်အခဲပျောက်ဆေး သောက်ပါ၊
  • နှာရှူဆေးသုံးကြည့်ပါ၊
  • နာကျင်မှုသက်သာအောင် စကားပြောတာကို လျှော့ပါ၊
  • ဘက်တီးရီးယားတွေ လျော့နည်းစေဖို့ သွားကြားက အညစ်အကြေးတွေကို ရှင်းလင်းပါ၊
  • ဓာတ်မတည့်မှုဝေဒနာတစ်မျိုးမျိုးရှိနေရင် သက်သာစေမယ့် ဆေးဝါးမှီဝဲပါ၊
  • ခွန်အားပြည့်ပြီး ကိုယ်ခံအားမြင့်တက်လာအောင် အနားယူပါ၊
  • ရေနွေးငွေ့ပါဝင်တဲ့ရေနဲ့ ရေချိုးပါ၊
  • အိပ်စက်ရာမှာ ခေါင်းကို မြင့်မြင့်ထားပြီး အိပ်ပါ။

အထက်ပါ နည်းလမ်းတွေက လည်ချောင်းနာခြင်းဝေဒနာကို လျော့ပါးစေမယ့် အိမ်တွင်း ကုထုံးတွေဖြစ်ပါတယ်။

အကယ်၍ COVID-19 လို့ သံသယရှိနေတယ်ဆိုရင်

လည်ချောင်းနာတိုင်း COVID-19 မဟုတ်ပါဘူး။ တကယ်လို့ COVID-19 ကြောင့် လည်ချောင်းနာတာဆိုရင်လည်း အထက်ပါအိမ်တွင်းကုထုံးတွေက လည်ချောင်းနာတာကိုသာ သက်သာစေမှာပါ။ ရောဂါကိုတော့ တိုက်ထုတ်နိုင်မှာမဟုတ်ပါဘူး။

လည်ချောင်းနာတဲ့ဝေဒနာကို ဖျားနာကိုက်ခဲမှုတွေ၊ ရာသီတုပ်ကွေးလိုရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ COVID-19 ကြောင့်လား တခြားဝေဒနာတွေကြောင့်လားဆိုတာကို သိချင်ရင် အကြမ်းဖျဉ်းအားဖြင့် အောက်ပါ အခြေအနေတွေကို ကြည့်ရှုပြီး ခွဲခြားနိုင်ပါတယ်။

  • COVID-19 : လည်ချောင်းနာခြင်းနဲ့အတူ ဖျားမယ်၊ ကိုယ်ပူမယ်၊ ချောင်းဆိုးမယ်၊ ပင်ပန်းနွမ်းနယ်မယ်။ တခြားလက္ခဏာတွေလည်း ပြသနိုင်ပါတယ်။ သေချာတာကတော့ ပိုးရှိမရှိ စစ်ဆေးကြည့်မှ တိကျတဲ့ အဖြေထွက်နိုင်တယ်ဆိုတာပါပဲ။
  • ပုံမှန် အဖျားဝေဒနာ : နှာခေါင်းတွေနီရဲနေအောင် နှာစေးမယ်၊ လည်ချောင်းလည်းနာမယ်။ ဖျားနိုင်ပေမယ့် ပြင်းထန်လေ့မရှိဘူး။
  • တုပ်ကွေး : တုပ်ကွေးလက္ခဏာအများအပြားဟာ COVID-19 နဲ့ ဆင်တူတတ်ပါတယ်။ ဒါပေမယ့် လည်ချောင်းနာခြင်းအပြင် ချမ်းတုန်ဖျားတာ၊ ခေါင်းကိုက်တာ၊ နှာချေတာ၊ ကိုလက်ကိုက်ခဲတာနဲ့ နာကျင်တာတွေဖြစ်တယ်ဆိုရင်တော့ တုပ်ကွေးဖြစ်နိုင်ခြေပိုများပါတယ်။

တကယ်လို့ ကိုယ့်ရဲ့လည်ချောင်းနာဝေဒနာအပေါ် စိတ်မချလို့ သံသယရှိတယ်ဆိုရင်တော့ နီးစပ်ရာ Fever Clinic တွေဆီကို သွားရောက်ပြီး စမ်းသပ်စစ်ဆေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကူးစက်နိုင်သည့် အရေပြားရောဂါများ

အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာကနေ တားပေးဖို့ဆိုပေမယ့် အရေပြားကိုယ်တိုင်ကလည်း ရောဂါပိုးတွေ ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လေထဲကနေ ကူးစက်နိုင်တဲ့ ရောဂါများ

လေထဲကနေ ကူးစက်တတ်တဲ့ ရောဂါတွေက အဖြစ်များပါတယ်။ အကူးလည်း လွယ်ပါတယ်။ တချို့ရောဂါတွေဆို အသိနောက်ကျရင် အသက်အန္တရာယ်ရှိတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များလာခြင်းက ရေရှည်မှာ လူနာကို ဘာဖြစ်စေနိုင်သလဲ။ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲဆိုတာ လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 21, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 3 mins read
လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ

လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 15, 2021 . 2 mins read