backup og meta

ကိုဗစ်က ကာကွယ်ဆေးထိုးထားလည်း ကူးစက်ခံရနိုင်ခြေ ရှိသေးတယ်ဆိုတာကို သတိရပါ!

ကိုဗစ် ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ Omicron မျိုးကွဲ BA.4 နဲ့ BA.5 ဟာ လက်ရှိမှာ ကူးစက်မှု တွေ မြင့်မားနေပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ကူးစက်ဖြစ်ပွားမှုတွေ ရှိနေသလို မြန်မာနိုင်ငံနဲ့ အာရှဒေသတွင်းနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ ရှိနေပါတယ်။

ကိုဗစ်က ကူးစက်ခံရပြီးရင်ရော ပြန်ကူးနိုင်သလား

ကိုဗစ်က တစ်ခါ ကူးစက်ဖူးရင်တောင်မှ နောက်တစ်ကြိမ်ထက် မနည်း ထပ်မံကူးစက်ခံရနိုင်ပါသေးတယ်။ အကြောင်းကတော့ အမျိုးအစား မတူတဲ့ ကိုဗစ်ဗိုင်းရပ်စ်တွေကြောင့်ပါ။ အရင်က ကိုဗစ်ကူးစက်ထားဖူးတဲ့အတွက် ခန္ဓာကိုယ်မှာ ထိုက်သင့်သလောက် ကိုယ်ခံအားရထားတာဖြစ်တာကြောင့် အရမ်းပြင်းထန်ချင်မှတော့ ပြင်းထန်မှာပါ။ နောက်တစ်ချက်က လူတစ်ဦးနဲ့ တစ်ဦးမှာ ရောဂါပိုး တစ်မျိုးတည်းကို ကူးစက်ခံရရင်တောင်မှ တုံ့ပြန်ပုံချင်း ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။

ကိုဗစ်ဗိုင်းရပ်စ် စတင် ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက တစ်ကျော့ပြန် ကိုဗစ်ကူးစက်တယ်ဆိုတာ တော်တော်လေး ရှားပါတယ်။ ၂၀၂၁ ခုနှစ် အရောက်မှာတော့ ကိုဗစ်ထပ်မံ ကူးစက်ခံရမှုတွေက တော်တော်လေး များလာခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူတွေမှာတောင် ကိုဗစ်ကူးစက်ခံရတာမျိုးတွေ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ကာကွယ်ဆေး ထိုးထားသူတွေမှာ ကိုဗစ် ကူးစက်ခံရမှုကတော့ ဖြစ်နိုင်ခြေ နည်းပါတယ်။

၂၀၂၂ ခုနှစ် အရောက်မှာတော့ ကိုယ်ခံအားကို ရှောင်ရှားနိုင်တဲ့ ကိုဗစ်မျိုးကွဲတွေ ပိုမိုထွက်ပေါ်လာတာကြောင့် ကိုဗစ်ဖြစ်ပြီးချိန်မှာ ကိုဗစ်ပြန်ကူးစက်ခံရတာတွေက တော်တော်လေး မြင့်တက်လာခဲ့ပြီး ကိုဗစ် တကျော့ပြန် ကူးစက်ခံရမှုက ပုံမှန်အခြေအနေလိုတောင် ဖြစ်လာခဲ့ပါတယ်။

အိုမီခရွန်မျိုးကွဲတွေ ကူးစက်ဖြစ်ပွားနေချိန်မှာ ကိုဗစ်ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရနိုင်ခြေဟာ အရင်ကထက် ၈ ဆလောက်ကို ပိုများလာခဲ့ပါတယ်။ အိုမီခရွန်မျိုးကွဲတွေက delta မျိုးစိတ်ထက် ပိုပြီး ပြန်လည်ကူးစက်ခံရနိုင်ခြေ များပါတယ်။

ကိုဗစ်က ကာကွယ်ဆေးထိုးထားလည်း ကူးစက်ခံရနိုင်ခြေ ရှိသေးတယ်ဆိုတာကို သတိရပါ!

ကိုဗစ်က ကာကွယ်ဆေးထိုးထားလည်း ကူးစက်ခံရနိုင်ခြေ ရှိသေးတယ်ဆိုတာကို သတိရပါ!

ကိုဗစ်က ကာကွယ်ဆေးထိုးထားလည်း ကူးစက်ခံရနိုင်ခြေ ရှိ သေးတယ်ဆိုတာကို သတိရပါ! ဒီလို ပြောရတာက ကိုဗစ်က မျိုးစိတ်တွေ မတူတာကြောင့် တစ်ကြိမ် ဖြစ်ပွားပြီးသူတွေမှာ ထပ်ဖြစ်နိုင်သလို ကာကွယ်ဆေးတွေ၊ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးပြီးသူတွေမှာတောင် ကူးစက်ဖြစ်ပွားနိုင်ခြေ ရှိနေပါသေးတယ်။ ကာကွယ်ဆေး ထိုးပြီးသူတွေမှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရတာက ရောဂါကို ပြင်းပြင်းထန်ထန် မခံစားရဘဲ ရာသီတုပ်ကွေးလို လက္ခဏာတွေတော့ ခံစားရနိုင်ပါတယ်။

အခုဆိုရင်တော့ ကိုယ်ခံအားကို ရှောင်တိမ်းနိုင်ပြီး ကူးစက်မြန်တဲ့ ကိုဗစ်ဗိုင်းရပ်စ် အိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5 တို့ကြောင့် ကိုဗစ်ဖြစ်ပွားပြီးသူတွေမှာရော ကာကွယ်ဆေးထိုးပြီးသူတွေမှာပါ ကိုဗစ်ထပ်မံ ဖြစ်ပွားကူးစက်ခံရနိုင်ခြေက တော်တော်လေး များလာပါတယ်။

အိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5တို့က အရင်တုန်းက ဗိုင်းရပ်စ်တွေထက် ပိုပြီး လျင်လျင်မြန်မြန် ကူးစက်နိုင်သလို ကိုယ်ခံအားကို ရှောင်တိမ်းနိုင်စွမ်းလည်း ပိုမြင့်တာကြောင့် ကူးစက်မှုတွေ၊ ထပ်မံကူးစက်မှုနှုန်းတွေဟာ နေ့စဉ်နဲ့အမျှ ကမ္ဘာတလွှားမှာ မြင့်တက်လာနေတာပါ။

ဒီလိုမျိုး ကာကွယ်ဆေး ထိုးပြီးရင်ရော တစ်ကြိမ် ဖြစ်ဖူးရင်ရော ထပ်မံကူးစက်ခံရနိုင်တာ ရှိနိုင်တယ်ဆိုတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး ဘာမှလုပ်လို့ မရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ကာကွယ်ဆေးတွေ၊ ထပ်ဆောင်းကာကွယ်ဆေးတွေကို အချိန်မှန် ထိုးမယ်။ အပြင်ထွက်တဲ့အခါ၊ လူထူထပ်တဲ့ လေလုံခန်းတွေကို သွားတဲ့အခါမျိုးမှာ ပါးစပ်နဲ့နှာခေါင်းစည်း [မတ်ခ်] သေချာတပ်ဆင်မယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်က အမျိုးမျိုးသော ဗီဇပြောင်းလဲမှုတွေ ဖြစ်ပွားနေချိန်မှာ ကူးစက်ပြီးရင်တောင် ပြန်လည် ကူးစက်ခံရတာက ပုံမှန် ဖြစ်စဉ် တစ်ရပ်လိုတောင် ဖြစ်လာပါပြီ။ ကာကွယ်ဆေး ထိုးထားတယ်ဆိုရင်လည်း မျိုးစိတ်က တစ်ခုတည်း မဟုတ်တာကြောင့် ကိုဗစ်ကို သာမန်ဖျားနာမှုလို လက္ခဏာမျိုးနဲ့ ကူးစက်ခံရတာမျိုး ရှိနိုင်ပါတယ်။

ဘယ်နှကြိမ်လောက်အထိ ထပ်မံ ကူးစက်ခံရနိုင်လဲ

ကိုဗစ်က တစ်ခါဖြစ်ပြီးရင် ဘယ်နှကြိမ်လောက်အထိ ထပ်မံကူးစက်ခံရနိုင်လဲဆိုတာကို အတိအကျ ပြောဖို့ ခက်ပါမယ်။ ကူးစက်နှုန်း မြင့်တဲ့နေရာတွေမှာတော့ ကူးစက်ခံရနိုင်ခြေက ပိုများမှာပါ။

နောက်တစ်ချက်ကတော့ ကိုယ်ခံအား ဘယ်လောက် ကောင်းလဲဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်ပြီး ကွာခြားပါသေးတယ်။

ကူးစက်မြန်တဲ့ မျိုးစိတ်တွေ အရမ်းဖြစ်ပွားနေတဲ့ နေရာမှာ ဆိုရင်တော့ ကိုဗစ်ထပ်မံကူးစက်ခံရနိုင်ခြေက ပိုများနေနိုင်တာပေါ့။

ကိုဗစ် ထပ်မံကူးစက်ခံရတာက သိပ်မပြင်းထန်လောက်ပါဘူး

ကိုယ်ခံအားလည်း ကောင်းမယ်၊ ကာကွယ်ဆေးတွေကိုလည်း ပြည့်ပြည့်စုံစုံ ထိုးထားမယ်ဆိုရင်တော့ ကိုဗစ် နောက်တစ်ကြိမ် ကူးစက်ခံရမှုမှာ ပြင်းပြင်းထန်ထန် ခံရနိုင်ခြေ နည်းသွားနိုင်ပါတယ်။

ဒါပေမယ့် ရောဂါအခံရှိမယ်။ ကိုယ်ခံအားလည်း နည်းမယ်။ ကာကွယ်ဆေးလည်း ထိုးမထားဘူးဆိုရင်တော့ ရောဂါကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ကူးစက်ခံရတဲ့ မျိုးစိတ်ပေါ်လိုက်ပြီးတော့လည်း ရောဂါပြင်းထန်မှု ကွာခြားနိုင်ပါတယ်။

ကိုဗစ် ထပ်မံကူးစက်ခံရတာက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မလား

ကိုဗစ် ထပ်မံကူးစက်ခံရတာက ကိုယ်ခံအားကို ပိုတက်စေသလားဆိုတော့ ဖြစ်နိုင်ခြေရှိပါတယ်လို့ပဲ ဖြေရမှာပါ။ ဒါပေမယ့် ကိုယ်ခံအားတက်အောင် တမင်ကူးခံတာမျိုးတော့ မလုပ်သင့်ပါဘူး။ ကိုယ်ခံအားမတက်ဘဲ ရောဂါရဲ့ ဒဏ်ကို ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက အန္တရာယ်များတဲ့ စွန့်စားမှုပါ။

ကိုဗစ်က ကာကွယ်ဆေးထိုးထားလည်း ကူးစက်ခံရနိုင်ခြေ ရှိ သေးတယ်လို့ ဘာကြောင့် ပြောရတာလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။

ကာကွယ်တာက အကောင်းဆုံး နည်းလမ်းပါ

ကာကွယ်ဆေး ထိုးထားတာတောင် ကိုဗစ်ကူးစက်ခံရနိုင်ခြေ ရှိနေသေးတယ်ဆိုပေမယ့် ရောဂါပို ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကိုတော့ လျှော့ချပေးနိုင်ပါတယ်။ ကိုဗစ်ကူးစက်မှုကို ကာကွယ်တာက အကောင်းဆုံး နည်းလမ်း ဖြစ်တာကြောင့် အရင်တုန်းက ကျင့်သုံးခဲ့တဲ့ ကိုဗစ် ကာကွယ်နည်းတွေ ဖြစ်ကြတဲ့
  • မတ်ခ်တပ်တာ
  • လက်ဆေးတာ
  • ကာကွယ်ဆေးထိုးတာ
  • ထပ်ဆောင်းကာကွယ်ဆေး ထိုးတာ
  • အာဟာရပြည့်ဝအောင် စားတာ
  • ခပ်ခွာခွာနေတာ
  • အိပ်ရေးဝဝအိပ်တာမျိုးတွေလုပ်ပြီး ကာကွယ်လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COVID reinfections: are they milder and do they strengthen immunity? https://www.gavi.org/vaccineswork/covid-reinfections-are-they-milder-and-do-they-strengthen-immunity?gclid=CjwKCAjw_b6WBhAQEiwAp4HyIA00ATW91GhZH1U3WU4r2IkkzrDCW-aExvtbb786vTXj3jIxJ5PshBoCO-kQAvD_BwE Accessed Date 15 July 2022

Is Omicron Infection Inevitable? https://www.yalemedicine.org/news/covid-19-omicron-infection-inevitable Accessed Date 15 July 2022

Reduced Risk of Reinfection with SARS-CoV-2 After COVID-19 Vaccination https://www.cdc.gov/mmwr/volumes/70/wr/mm7032e1.htm  Accessed Date 15 July 2022

Reinfections and COVID-19 https://www.cdc.gov/coronavirus/2019-ncov/your-health/reinfection.html Accessed Date 15 July 2022

COVID-19 Reinfections https://emedicine.medscape.com/article/2500144-overview Accessed Date 15 July 2022

ယခုပုံစံ

09/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ဖြစ်ဖူးရင်ရော Omicron ကူးစက်ခံရနိုင်လား။

ဗီတာမင် Dက ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ထောက်ကူပေးနိုင်သလား။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement