backup og meta

ကိုဗစ်ကြောင့် ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကြောင့် ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

    ကိုဗစ် ခံစားရသူတွေမှာ မေ့တတ်လာတာ၊ အာရုံစိုက်နိုင်စွမ်း ကျလာတာတွေ ခံစားကြရတာမျိုး ရှိပါတယ်။ ဒီလို ပြဿနာတွေ ခံစားရတဲ့အခါ ဦးနှောက်စွမ်းဆောင်ရည် ပြန်လည် မြင့်တက်လာစေဖို့ စားပေးရမယ့် အစားအစာလေးတွေရှိပါတယ်။ ဒါတွေက ဘာတွေက ဘာတွေများ ဖြစ်မလဲ…….

    ကိုဗစ်က ဦးနှောက် ကို ထိခိုက်စေသလား……..

    ပုံမှန်အားဖြင့်ကတော့ ကိုဗစ်က အဆုတ်ကို ထိခိုက်စေတယ်လို့ပဲ သိထားတာပါ။ တကယ်ကတော့ ကိုဗစ်က အဆုတ်ကိုတင် မဟုတ်ဘဲ နှလုံး၊ ဦးနှောက် အပါအဝင် အခြား အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေပါတယ်။

    COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၇ ဦးမှာ ၁ ဦးက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့ အာရုံကြောဆိုင်ရာ ထိခိုက်မှုတွေ ရှိသလို ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေတာမျိုးတွေ ရှိပါတယ်။

    ကိုဗစ်ဗိုင်းရပ်စ်က ဦးနှောက် တစ်ရှူးတွေနဲ့ အာရုံကြောတွေကို တိုက်ရိုက် ထိခိုက်စေသလားဆိုတော့ မဟုတ်ပါဘူး။ ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် ရောက်ရှိမှုကို အဟန့်အတားဖြစ်စေပြီး ဦးနှောက်ကို ထိခိုက်စေတာပါ။ ဒီလိုကနေ မှတ်မိနိုင်စွမ်း ကျဆင်းတာ၊ အာရုံစူးစိုက်မှု အားနည်းတာတွေ ခံစားလာရနိုင်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာ အာရုံရှုပ်ထွေးတာ၊ လေဖြတ်တာ၊ တက်တာတွေ ခံစားရနိုင်ပါတယ်။

    ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

    အစားအသောက်တွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ဦးနှောက်စွမ်းဆောင်ရည် အပေါ်မှာလည်း သက်ရောက်နေပါတယ်။

    ဒီတော့ ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ဖို့ ဒါလေးတွေ စားပေးပါ။

    ဘလူးဘယ်ရီသီး

    ဘလူးဘယ်ရီမှာ အရောင်ကျစေနိုင်တဲ့ ဒြပ်ပေါင်းပါဝင်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်လည်း ကြွယ်ဝပါတယ်။ အရောင်ကျစေနိုင်တဲ့ အစွမ်းက ဦးနှောက်ကို အိုမင်းမှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အာရုံကြောဆိုင်ရာ ပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဦးနှောက်ဆဲလ်တွေကို ချိတ်ဆက်ပေးပြီး မှတ်မိနိုင်စွမ်းတွေ ကောင်းလာစေဖို့ အားဖြည့်ပေးမှာပါ။

    ဥအမျိုးမျိုး

    ဥအမျိုးမျိုးမှာ ဗီတာမင် B ကြွယ်ဝသလို choline လို့ခေါ်တဲ့ အာဟာရလည်း ပါဝင်နေပါတယ်။ ဗီတာမင် B က သိမြင်မှုစွမ်းရည် ကျဆင်းမှု နှေးအောင် လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် B က မှတ်မိနိုင်စွမ်း မကျစေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။ စိတ်ခံစားမှုလည်း ကောင်းစေပါတယ်။

    အဆီပါတဲ့ ငါး

    ဆယ်လ်မွန်ငါး၊ ထရောက်ငါး၊ ဆာဒင်းငါးတွေမှာ omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေကို ကျန်းမာစေပါတယ်။ ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို omega-3 fatty acids နဲ့ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေဖို့ဆိုရင် အဆီပါတဲ့ ပင်လယ်ငါးတွေကို စားပေးဖို့ လိုပါမယ်။

    သစ်သီးတွေ

    လိမ္မော်သီး၊ ငရုတ်ပွ၊ မာလကာသီး၊ ကီဝီသီး၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီးတို့မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် C က ဦးနှောက်ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပြီး ဦးနှောက်စွမ်းဆောင်ရည်ကို ကျန်းမာစေနိုင်ပါတယ်။

    နောက်တစ်ချက်က ဗီတာမင် C က အယ်လ်ဇိုင်းမား မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညှင်းစိမ်းတို့မှာ ဗီတာမင် K၊ lutein၊ ဖောလိတ်၊ ဘီတာကယ်လ်ရိုတင်းတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် K က ဦးနှောက်ဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပြီး မှတ်ဉာဏ်ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။

    ဒါတွေအပြင် အခွံမာသီးတွေ၊ ဖရုံစေ့၊ အစေ့အဆန်တွေ၊ ရေနွေးကြမ်း၊ နနွင်းတို့ကလည်း ဦးနှောက်စွမ်းဆောင်ရည်ကို ပြန်လည် မြှင့်တင်ဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement