ပုံရိပ်ဖော်နည်းပညာများကို COVID-19 ရောဂါရှာဖွေရေးတွင်အသုံးပြုခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 5, 2020 . 2 mins read
Share now

ဒီနေ့အထိ ကမ္ဘာ့လူဦးရေ ၅ သန်းခွဲကျော်မှာ  COVID-19 ရောဂါ ကူးစက်ခံထားရပါပြီ။ ရောဂါအသစ်အဆန်းတစ်ခု ဖြစ်တဲ့အပြင် ကူးစက်နှုန်းလည်းမြန်ဆန်လွန်းတာကြောင့် ရောဂါကိုထိန်းချုပ်ဖို့ တစ်ကမ္ဘာလုံး အသည်းအသန် ကြိုးပမ်းနေရဆဲပါ။ COVID-19 လို ကူးစက်မြန်ရောဂါပိုးတွေကို ထိန်းချုပ်ရေးမှာ ရောဂါရှိမရှိ အချိန်တိုအတွင်း စစ်ဆေးသိရှိပြီး လိုအပ်တဲ့ ကြပ်မတ်ကုသမှုတွေပေးဖို့က အဓိကကျပါတယ်။

ဒါ့ကြောင့် သွေးစစ်ခြင်း၊ နှာခေါင်းတို့ဖတ်နမူနာယူပြီး စစ်ဆေးခြင်းနည်းတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲပြီး ရောဂါရှိသူတွေကို လျင်လျင်မြန်မြန် ရှာဖွေဖော်ထုတ်နိုင်အောင် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။   နောက်ပြီး COVID-19 ရောဂါက အဆုတ်နဲ့တခြားကိုယ်တွင်းကလီစာတွေကိုပါ တိုက်ခိုက်တဲ့အတွက် ရင်ဘတ်ဓာတ်မှန်နဲ့ ကွန်ပြူတာဓာတ်မှန်လို ပုံရိပ်ဖော်နည်းပညာတွေကိုပါ ရောဂါရှာဖွေ အတည်ပြုတဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့ တစ်ဖက်တစ်လမ်းက အသုံးပြုလျက်ရှိပါတယ်။

ရင်ဘတ်ဓာတ်မှန် (X-ray)

အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါအတော်များများကို ရောဂါရှာဖွေအတည်ပြုဖို့အတွက် ရင်ဘတ်ဓာတ်မှန်ရိုက်ဖို့ လိုအပ်လေ့ရှိပါတယ်။ COVID-19 ကလည်း ပြင်းထန်ကူးစက်အဆုတ်ရောင်ရောဂါကို ဖြစ်စေတာမို့ ရောဂါရှာဖွေတဲ့အဆင့်မှာ ရင်ဘတ်ဓာတ်မှန်ကို အသုံးပြုနိုင်ပါတယ်။ COVID-19 ရောဂါအစောပိုင်းအဆင့်မှာ ရင်ဘတ်ဓာတ်မှန်အဖြေတွေက ပုံမှန်ဖြစ်နေနိုင်ပေမဲ့ ရောဂါဆိုးလာရင်တော့ နမိုးနီးယားအဆုတ်ရောင်ရောဂါ (ဒါမှမဟုတ်) ရုတ်တရက်အသက်ရှုမဝဖြစ်တဲ့ရောဂါမှာ တွေ့ရတဲ့ပုံစံမျိုးတွေ မြင်ရနိုင်ပါတယ်။

COVID-19 ရောဂါဖြစ်ပွားတဲ့သူတွေရဲ့ ဓာတ်မှန်အဖြေတွေကို လေ့လာကြည့်တဲ့အခါမှာလည်း ဒီလိုအခြေအနေတွေ တွေ့ရှိရပါတယ်

– အဆုတ်နှစ်ဖက်စလုံးရဲ့ လေအိတ်ကလေးများတွင် အရည်များပြည့်နေခြင်း (သို့မဟုတ်) ရောင်ရမ်းမှုများကြောင့် ထွက်ရှိလာသည့်ဓာတ်များနှင့် ပြည့်နေခြင်း

– အဆုတ်နှင့် ရင်ဘတ်ကြွက်သားများကြားတွင် ပုံမှန်မဟုတ်ဘဲ အရည်များပြည့်လာခြင်း

ကွန်ပျူတာဓာတ်မှန် (CT)

ရိုးရိုးဓာတ်မှန်ရိုက်တာထက် ပိုအဆင့်မြင့်တဲ့ နည်းပညာဖြစ်တာမို့ ဓာတ်မှန်လှိုင်းတွေကို အသုံးပြုပြီး ပိုအသေးစိတ်ကျတဲ့ ပုံရိပ်တွေထုတ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် COVID-19 ရောဂါရှာဖွေတဲ့နေရာမှာလည်း ရိုးရိုးဓာတ်မှန်ထက် ပိုအသုံးဝင်ပါတယ်။ COVID-19 ရောဂါကို ကွန်ပြူတာဓာတ်မှန်ရိုက်ကူးတဲ့အခါ အောက်ပါပုံစံတွေနဲ့ တွေ့မြင်ရနိုင်ပါတယ်

အဆုတ်လေအိတ်လေးများတွင် ပုံမှန်မဟုတ်သော အရည်များပြည့်နေခြင်း၊ အဆုတ်လေပြွန်များ ပျက်စီးနေခြင်း

– အဆုတ်ရဲ့ အနားသတ်ပိုင်းနှင့် အောက်ဖက်ပိုင်းများတွင် ပုံမှန်မဟုတ်သော အခြေအနေများ တွေ့ရှိရခြင်း

ကန့်သတ်ချက်များ

ရင်ဘတ်ဓာတ်မှန်နဲ့ ကွန်ပျူတာဓာတ်မှန်နည်းတွေ အသုံးပြုတဲ့အခါ တခြားသတိထားစရာအချက်တွေလည်းရှိ ပါသေးတယ်၊ ဒါတွေကတော့

– ရင်ဘတ်ဓာတ်မှန်တစ်မျိုးတည်းသုံးပြီး တခြားတုပ်ကွေးရောဂါတွေနဲ့ COVID-19 ရောဂါကို ကွဲကွဲပြားပြားမသိရှိနိုင်ခြင်း

– တချို့ COVID-19 ဝေဒနာရှင်တွေမှာ ရောဂါပိုးရှိပေမဲ့ ဓာတ်မှန်ရိုက်တဲ့အခါ ပုံမှန်အတိုင်းဖြစ်နေခြင်း

– COVID-19 ရောဂါက လူတစ်ယောက်ကနေ တစ်ယောက်ကို လျင်လျင်မြန်မြန် ကူးစက်နိုင်တဲ့အတွက် ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန်ရိုက်ကူးရင်း တခြားသူများပါ ရောဂါကူးစက်သွားနိုင်ခြင်း တို့ဖြစ်ပါတယ်။

COVID-19 ရောဂါအတွက် ပုံရိပ်ဖော်နည်းပညာများနှင့် Swab Test စစ်ဆေးမှု (တို့ဖတ်နမူနာယူစစ်ဆေးမှု) ကိုနှိုင်းယှဉ်ကြည့်ခြင်း

အခုချိန်ထိ COVID-19 ရောဂါကို ရှာဖွေအတည်ပြုတဲ့နေရာမှာ နှာခေါင်းထဲ (ဒါမှမဟုတ်) အာခေါင်ထဲကနေတစ်ဆင့် တို့ဖတ်နမူနာယူပြီးစစ်ဆေးတဲ့ Swab Test နည်းကပဲ စိတ်အချရဆုံးဖြစ်နေဆဲပါ။ ဒီနည်းတွေမှာရလာတဲ့ နမူနာတွေကို PCR နည်းပညာနဲ့စစ်ဆေးပြီး ဗိုင်းရပ်စ်ပိုး RNA ကိုရှာဖွေတာဖြစ်ပါတယ်။ လက်ရှိ COVID-19 ရောဂါစစ်ဆေးမှုတွေထဲမှာ အမှားအနည်းဆုံးနည်းလည်းဖြစ်ပါတယ်။ COVID-19 ရောဂါ ရှာဖွေရေးမှာ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းနဲ့ ကွန်ပြူတာ ဓာတ်မှန် CT scan နည်းပညာတွေ အသုံးပြုနိုင်ပေမဲ့ ရောဂါအစောပိုင်းအဆင့်မှာ ရှာဖွေတွေ့ ရှိဖို့မလွယ်ပါဘူး။ နောက်ပြီး ထူးခြားတဲ့အခြေအနေတွေတွေ့ရှိရင်တောင် COVID-19 ရောဂါလား၊ တခြားအဆုတ်ရောဂါတွေလားဆိုတာ ခွဲခြားဖို့လည်း ခက်ခဲပါတယ်။ ဒါ့ကြောင့် ပုံရိပ်ဖော်နည်းပညာတွေကို အစောပိုင်း ရောဂါရှာဖွေအတည်ပြုတဲ့ အဆင့်တွေမှာ မသုံးသင့်ဘဲ Swab Test စစ်ဆေးနည်း (တို့ဖတ်နမူနာယူ စစ်ဆေးနည်း)ကိုပဲ အဓိကအသုံးပြုနေတာဖြစ်ပါတယ်။

ရေးသားသူ – Dr. Htoo Tint

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေဖို့ အသုံးပြုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

Video Call တွေကြောင့် ပင်ပန်းနွမ်းလျပြီး စိတ်ဖိစီးလာနေတာကို လူသုံးများတဲ့ Zoom ကို အစွဲပြုပြီး Zoom Fatigue လို့ သုံးနှုန်းခေါ်ဝေါ်လာကြတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား ... ချင်း က ဘေဘီလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေဖြစ်စေနိုင်လဲဆိုတာ မေမေတွေ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
Uncategorized ဇန်နဝါရီ 20, 2021 . 2 mins read

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

GCS 3ဆိုတာ ဘာလဲ။

GCS 3 ဆိုတာ ဘာလဲ..ခေါင်းဒဏ်ရာမှာ GCS ကိုဘာလို့သိသင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
how to prevent covid when you have to be in a crowd

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 2 mins read