backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာစေဖို့
အာဟာရပြည့်ဝမှုက သက်ရှိတိုင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တစ်ခုပါနော်။ ကလေးတွေမှ အာဟာရပြည့်ဝဖို့ လိုတာမဟုတ်ပါဘူး။ လူကြီးတွေလည်း အာဟာရပြည့်ဝဖို့ လိုပါမယ်။ များသောအားဖြင့် ဂရုစိုက်မိတတ်ကြတာက ကလေးလေးတွေ အာဟာရပြည့်ဝဖို့ကိုပဲ အာရုံစိုက်နေမိတတ်ကြတာပါ။ တကယ်တော့ မေမေဖေဖေ၊ဖိုးဖိုးဖွားဖွားတို့လည်း အာဟာရပြည့်ဝဖို့ လိုပါမယ်။ 
ဒါမှလည်း ကျန်းမာပြီး အသက်ရှည်စေမှာပါ။ ချစ်ရတဲ့ ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာစေဖို့ အသက်ရှည်ရှည်နဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်စေဖို့ အာဟာရပြည့်ဝစေရေးအတွက်သေချာလေးဂရုစိုက်ပေးဖို့ပြောပါရစေ။ မဖြစ်မနေ သိထားရမယ့် အချက်တစ်ခုက ကိုယ့်ကမွေးတဲ့ရင်သွေးတွေမှ အရေးကြီးတာမဟုတ်ပါဘူး။ ကိုယ့်ကိုမွေးဖွားစောင့်ရှောက်ပေးခဲ့တဲ့ မေမေဖေဖေဖိုးဖိုးဖွားဖွားတို့ ကျန်းမာအာဟာရပြည့်ဝဖို့ ကလည်း အရေးကြီးပါတယ်နော်။

အရွယ်ရလာတာနဲ့အမျှ အာဟာရလိုအပ်ချက်မြင့်လာသလား

အရွယ်ရောက်လာတာနဲ့အမျှ မဖြစ်ချင်ပေမယ့်လည်း အရိုးတွေရဲ့ သိပ်သည်းဆက ကျလာသလို ကြွက်သားတွေလည်း ဆုံးရှုံးစပြုလာပါပြီ။ မလိုအပ်ဘဲ ကြွက်သားနဲ့ အရိုးတွေဆုံးရှုံးမှုက လူကြီးတွေမှာ သွားလာရခက်ခဲစေနိုင်သလို ထိခိုက်ဒဏ်ရာရနိုင်ခြေကိုလည်း ပုံမှန်ထက်ပိုများစေနိုင်ပါတယ်။ ဒါ့အပြင်နောက်တစ်ခုက အရွယ်ရလာတာနဲ့အမျှ လူကြီးတွေက အသားအပါအဝင် အာဟာရရစေနိုင်တဲ့ အစားအသောက်အရင်းအမြစ်တွေကို စားသုံးမှုနည်းလာကြတာပါ။ ဒါကြောင့်ဆုံးရှုံးမှုကိုဖြည့်တင်းဖို့ အာဟာရလိုအပ်ချက်ကမြင့်လာနိုင်ပါတယ်။

ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲ

ဒါကတော့ လွယ်ပါတယ်။ အာဟာရပြည့်ဝအောင်ကျွေးရုံပေါ့။လေ့လာမှုအသစ်တစ်ရပ်အရ အရွယ်ရလာတဲ့မေမေဖေဖေ၊ဖိုးဖိုးဖွားဖွားတို့ကို ပရိုတင်းကြွယ်ဝပြီး ကယ်လ်လိုရီနည်းတဲ့ အစားအသောက်တွေကိုပြင်ဆင်ပေးတာက အသက်ကြီးမှ အဝလွန်တာကို ကာကွယ်ပေးနိုင်သလို အာဟာရမပြည့်ဝတာကြောင့်ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကြွက်သားဆုံးရှုံးတာနဲ့အရိုးဆုံးရှုံးတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အာဟာရပြည့်ဝဖို့ အစားအသောက် ဘယ်လို ပြင်ဆင်ပေးမလဲ

ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာစေဖို့ အတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင်ပေးမလဲ ဆိုတော့ အပေါ်မှာပြောခဲ့သလိုပါပဲ ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းများတဲ့ အစားအစာတွေကို အဓိကပြင်ဆင်ပေးဖို့လိုပါမယ်။မေမေဖေဖေတို့က မစားချင်ဘူးဆိုရင်တောင်မှ စားချင်စဖွယ်လေးဖြစ်အောင်ပြင်ဆင်ပေးရမှာက သားသမီးတွေတာဝန်ပါ။

မကြာသေးခင်ကမြောက်ကယ်လ်လိုလိုင်းနားမှာရှိတဲ့ ဝင်စတန် ဆာလန်မြို့အခြေစိုက်Wake Forest တက္ကသိုလ်ကဦးဆောင်ပြုလုပ်ခဲ့တဲ့လေ့လာမှုအရ အရွယ်ရလာတဲ့လူကြီးတွေမှာ ပရိုတင်းများများစားပြီး ကယ်လ်လိုရီလျှော့စားတာက အသက်အရွယ်ကြောင့် အရိုးသိပ်သည်းဆ ကျလာတာနဲ့ ကြွက်သားဆုံးရှုံးတာတွေခံစားရနိုင်ခြေကိုလျှော့ချပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။လေ့လာမှုအတွင်း အသက် ၆၅ နှစ်အထက် အမျိုးသား၊ အမျိုးသမီး ၉၆ ဦးကိုလေ့လာခဲ့ပါတယ်။ အုပ်စုနှစ်စု ခွဲပြီးလေ့လာခဲ့တာဖြစ်ပါတယ်။

လေ့လာမှုအတွင်း အုပ်စုတစ်စုကို ပရိုတင်းများများနဲ့ ကယ်လ်လိုရီ နည်းနည်းပဲစားစေပြီးနောက်တစ်အုပ်စုကိုတော့ ပရိုတင်းနည်းနည်းနဲ့ ကယ်လ်လိုရီများများစားသုံးစေခဲ့ပါတယ်။ ၆ လကြာလေ့လာခဲ့ပြီးတဲ့နောက် လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။လေ့လာမှုရလဒ်အရ ပရိုတင်းများများစားပြီး ကယ်လ်လိုရီ နည်းနည်းပဲစားတဲ့ အုပ်စုကသူတွေက ကိုယ်အလေးချိန်တက်မလာပေမယ့် ကြွက်သားတွေဆုံးရှုံးတာမျိုးမရှိသလို အရိုးသိပ်သည်းဆ ကျဆင်းသွားတာမျိုးလည်း မရှိပါဘူး။ ဒါတွေအပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးတွေအနေနဲ့ ဆီးချိုရောဂါနဲ့လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေခံစားရနိုင်ခြေနည်းသွားတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ ဒီတော့ပြောချင်တာက ဖိုးဖိုးဖွားဖွား၊ဖေဖေမေမေတို့ကို ကယ်လ်လိုရီနည်းပြီး ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေပြင်ဆင်ပေပြီးပျော်ရွှင်ကျန်းမာစွာနဲ့ အသက်ကြီးနိုင်အောင်လုပ်ဆောင်ပေးလိုက်ပါနော်။

ကျန်းမာစေမယ့် စားသောက်မှုပုံစံ

  • ကန်ဇွန်းဥနဲ့ဆန်လုံးညိုတို့လိုမျိုး ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေ
  • ဆယ်လ်မွန်ငါး၊ကြက်သား၊ ပဲအမျိုးမျိုးတို့လိုမျိုး ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ
  • သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ

အစားအသောက်ပြင်ဆင်ပေးတဲ့အခါ ဒါလေးတွေပါအောင်သတိထားပေးပါ

Omega-3 Fatty Acids ကြွယ်ဝတဲ့အစားအစာတွေ –ကင်ဆာ၊လေးဖက်နာ၊ အဆစ်အမြစ်ရောင်ရမ်းတာ၊နှလုံးရောဂါတွေမဖြစ်အောင်ကာကွယ်ပေးဖို့ပါ။ တစ်ပတ်ကိုနှစ်ကြိမ်စားသုံးပေးသင့်ပါတယ်။ တူနာ၊ဆာဒင်း၊မက်ကာရယ်၊ဆော်လ်မွန်တို့လိုမျိုး ပင်လယ်ငါးတွေ၊ သစ်ကြားသီး၊ပဲပိစပ်၊နှမ်းကြတ်စေ့ဆီတို့ကနေOmega-3 Fatty Acids ရရှိနိုင်ပါတယ်။

ကယ်လ်ဆီယမ် – အရိုးနဲ့သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့အတွက်ပါ။သွေးပေါင်ကျစေဖို့လည်း အထောက်အကူပေးပါတယ်။ တစ်နေ့ကို ကယ်လ်ဆီယမ် ၁၂၀၀ မီလီဂရမ်စားသုံးပေးရပါမယ်။ နို့၊ဒိန်ချဉ်၊ချိစ်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေစားသုံးပေးလို့ရပါတယ်။

အမျှင်ဓါတ်– အသက်ကြီးလာလေ အစာခြေစနစ်ရဲ့လုပ်ဆောင်မှုကနှေးသွားလေလေပါ။ အစာခြေစနစ်ရဲ့ အတွင်းပိုင်းနံရံတွေထူလာပြီး ကျုံ့ဆန့်နိုင်အားကျဆင်းသွားတာကြောင့် ဝမ်းချုပ်တာမျိုးခံစားရနိုင်ပါတယ်။ ဒီတော့ အစာခြေစနစ်ကျန်းမာဖို့ အမျှင်ဓါတ်ထောက်ပံ့ပေးဖို့လိုမှာပါ။ အမျှင်ဓါတ်ကြွယ်ဝမှုကအစာခြေစနစ်ကိုတင်ကျန်းမာစေတာမဟုတ်ပါဘူး။ နှလုံးရောဂါဖြစ်နိုင်ခြေကိုပါ ကျဆင်းစေနိုင်ပါတယ်။ အခွံမာသီးတွေ၊ ဂျုံကြမ်းပေါင်မုန့်၊ ပါစတာ၊ ဆန်လုံးညို၊ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကနေ အမျှင်ဓါတ်ကိုရရှိနိုင်ပါတယ်။

ရေသောက်ရေသန့်သန့်လေးပုံမှန်တိုက်ပေးပါ။ လူကြီးတွေက အသက်ကြီးလာလေလေရေသောက်နည်းလာလေလေပါ။နေ့စဉ်ရေ ၈ခွက်သောက်ဖြစ်အောင် သတိထားပေးပါ။ရေဗူးလေးကို အနီးဆုံးမှာထားပေးပြီးဖေဖေမေမေ နဲ့ ဖိုးဖိုးဖွားဖွားတို့ရေသောက်ဖြစ်အောင်ကူညီပေးလိုက်ပါ။

သံဓါတ် – ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်ခုပါ။သွေးတွင်းအောက်ဆီဂျင်တိုးစေပြီးသွေးဖြူဥဆဲလ်တွေကိုထုတ်လုပ်ပေးပါတယ်။ အဆုတ်နဲ့ အခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်ရောက်ရှိမှုတိုးစေနိုင်ပါတယ်။ သံဓါတ်နည်းတာကသွေးအားနည်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ အနီရောင်အသားတွေ နဲ့ ဟင်းသီးဟင်းရွက်တွေကနေရရှိနိုင်ပါတယ်။ အနီရောင်အသားတွေကို တစ်ပတ်နှစ်ရက်လောက်ပဲစားပေးပါ။

ဗီတာမင် C ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ကင်ဆာနဲ့နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကော်လာဂျင်ထုတ်လွှတ်အောင်လုပ်ဆောင်ပေးပါတယ်။ အသားအရေကိုတင်းရင်းလှပစေပြီး အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ အရိုးနဲ့သွားတွေကျန်းမာသန်စွမ်းအောင်လုပ်ဆောင်ပေးပါတယ်။ အနာကျက်စေနိုင်ပါတယ်။ လိမ္မော်သီး၊ စပျစ်သီး နဲ့ အချဉ်ဓါတ်ပါတဲ့ အသီးအနှံတွေစားသုံးပေးလို့ရပါတယ်။

ဗီတာမင် D – ကယ်လ်ဆီယမ်စုပ်ယူနိုင်အောင်ထောက်ပံ့ပေးပြီး အရိုးအတွင်းကကယ်လ်ဆီယမ်ဓါတ်လျော့ပါးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးပြီး အသက်ကြီးလို့ဖြစ်တဲ့ အရိုးပွတာနဲ့ အရိုးပါးတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။နေရောင်ခြည်ကနေရရှိနိုင်သလို အစားအစာတွေအနေနဲ့ ကြက်ဥအနှစ်၊ ဆယ်လ်မာန်နဲပတူနာငါးတို့ကနေရရှိနိုင်ပါတယ်။

ဗီတာမင် B12 – အာရုံကြောစနစ်တွေကျန်းမာစေနိုင်ပါတယ်။သွေးနီဥဆဲလ်တွေုတ်လုပ်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ နို့၊ အနီရောင်အသား၊ ကြက်သားတို့ကနေရရှိနိုင်ပါတယ်။

ပိုတက်ဆီယမ် – တစ်နေ့တာကို ပိုတက်ဆီယမ် ပမာဏ ၄၇၀၀ မီလီဂရမ်အထိလိုအပ်နိုင်ပါတယ်။ ဆဲလ်တွေလုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလုပ်ဆောင်နိုင်အောင်ကူညီပေးပါတယ်။သွေးပေါင်ချိန်းကိုထိန်းညှိပေးပါတယ်ကျောက်ကပ်မှာကျောက်တည်နိုင်ခြေကိုလျှော့ချပေးပါတယ်။ အရိုးတွေကိုလည်း သန်မာစေနိုင်ပါသေးတယ်။ ငှက်ပျောသီး၊ အာလူးနဲ့ ဇီးသီးခြောက်တွေကရရှိနိုင်ပါတယ်။

မဂ္ဂနီဆီယမ် – စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့လိုအပ်ပါတယ်။ နှလုံးကျန်းမာစေနိုင်သလို ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပြီး အရိုးတွေကို သန်မာစေနိုင်ပါတယ်။ အခွံမာသီးတွေ၊ လတ်ဆတ်တဲ့သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကနေရရှိနိုင်ပါတယ်။

နေ့စဉ်လူကြးတွေအတွက်ပြင်ဆင်ပေးတဲ့အခါ အခုပြောခဲ့တဲ့အချက်လေးတွေကို သတိထားပြင်ဆင်ပေးလို့ ချစ်ရတဲ့ ဖိုးဖိုးဖွားဖွား နဲ့ဖေဖေမေမေတို့ကို ကျန်းမာနေအောင်ဂရုစိုက်ပြီး တတ်နိုင်တဲ့ဘက်ကကျေးဇူးဆပ်လိုက်ပါနော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement