ပဲနို့ကနေရမယ့် အကျိုးကျေးဇူး (၅) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ပဲနို့က ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး သောက်တော့သောက်နေကြတာပဲ၊ ဒါပေမယ့် ဗီတာမင်တွေပါတယ်ဆိုတာကလွဲလို့ ဘာအတွက်ကောင်းတာလဲဆိုတာ သိပ်မသိကြပါဘူး။ ပဲပိစပ်ကနေရတဲ့ပဲနို့ဟာ ပရိုတင်းဓါတ်ကြွယ်ဝပြီး နွားနို့အစားထိုးသောက်သုံးလို့လည်းရပါတယ်။

ပဲနို့မှာ ပရိုတင်း၊ကယ်လ်စီယမ်၊သံဓါတ်၊မဂ္ဂနီဆီယမ်၊ ဖော်စဖရပ်စ်နဲ့ ပိုတက်စီယမ်၊ဆိုဒီယမ်၊နဲ့ဇင့်ဓါတ် တွေပါဝင်ပါတယ်။ အမျှင်ဓါတ်တွေအပြင် folate၊ thiamin၊ riboflavin၊ niacin ၊ ဗီတာမင် B6၊ ဗီတာမင် B12၊ ဗီတာမင် E၊ ဗီတာမင် K တို့ပါဝင်ပါသေးတယ်။

ပဲနို့က ဘာအတွက်ကောင်းတာလဲ

နှလုံးကျန်းမာရေးကောင်းစေတယ်

ပဲနို့ရဲ့ပရိုတင်းဓါတ်ဟာ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ ပရိုတင်းဆိုတာ နှလုံးရောဂါအမျိုးမျိုးကိုကာကွယ်ပေးနိုင်စွမ်းရှိတဲ့ amino acids တွေနဲ့ဖွဲ့စည်းထားပါတယ်။ amino acids နဲ့ isoflavones ပါဝင်မှုကြောင့် မကောင်းတဲ့ကိုလက်စထရောဓါတ်တွေကို လျော့ကျစေပါတယ်။ သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးသွေးကြောကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

သွေးဆုံးကိုင် ဝေဒနာတွေကို သက်သာစေတယ်

ပဲနို့မှာပါတဲ့ Isoflavones ကြောင့်ပဲ သွေးဆုံးတဲ့အရွယ်အမျိုးသမီးတွေမှာ အက်စထရိုဂျင်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးဆုံးပြီးတဲ့အမျိုးသမီးတွေအနေနဲ့ ပဲနို့သောက်သုံးခြင်းအားဖြင့် အက်စထရိုဂျင်လျော့နည်းမှုနဲ့သွေးဆုံးကိုင်ဝေဒနာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။

အရိုးပွရောဂါကို ကာကွယ်ပေးတယ်၊ သက်သာစေတယ်

ပဲနို့က သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရိုးပွခြင်းကိုသက်သာစေတဲ့ဆေးတစ်ခွက်ပါ။ အရိုးကြွပ်ဆတ်ခြင်းနဲ့ ကယ်လ်စီယမ်ဆုံးရှုံးခြင်းတို့ကြောင့် သည်အန္တရာယ်ကိုများစေတာပါ။ အသားကရတဲ့ပရိုတင်းက ပဲနို့ပရိုတင်းထက် ဆီးအတွင်းကယ်လ်စီယမ်ရောပါစွန့်ထုတ်မှုပိုများတယ်လို့ လေ့လာမှုတွေကဖော်ပြထားပါတယ်။ အရိုးသိပ်သည်းမှုကို အားဖြည့်ပေးပြီး အရိုးကျိုးအက်မှုအန္တရာယ်ကို လျော့နည်းစေပါတယ်။

ကင်ဆာကာကွယ်တယ်

ပဲနို့က ရင်သားကင်ဆာကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဒါတင်မကဘဲ ပဲနို့များများသောက်တဲ့ အမျိုးသားတွေဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကိုပါ လျော့နည်းစေတယ်လို့သိရပါတယ်။

ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိတယ်

ပဲနို့ isoflavones ရဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေက နာတာရှည်ရောဂါတွေအတွက် အကျိုးထူးပါတယ်တဲ့။ ဓါတ်တိုးခြင်းကိုလျော့ကျစေပြီး ထိခိုက်မှုနည်းစေတဲ့အတွက် အသည်းထိခိုက်မှုကိုကာကွယ်နိုင်ပါတယ်။

အဝမလွန်အောင် ထိန်းပေးပြီး ကိုလက်စထရောကိုကျစေတယ်

ပဲနို့က အဝလွန်ခြင်းကို ကာကွယ်ပေးသလို ဝနေတဲ့အမျိုးသားအမျိုးသမီးတွေမှာလည်း ခါးပတ်လည်အဆီကျစေဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။

အပင်ထွက်အာဟာရ phytonutrients တွေပါဝင်မှုများတဲ့ ပဲနို့ဟာ နာတာရှည်ရောဂါရှိသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကလေးတွေအတွက် အထူးအကျိုးကျေးဇူးပေးတဲ့အာဟာရ တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သတိထားသင့်တဲ့အချက်ကဈေးကွက်မှာ လူကြိုက်များတဲ့ အသင့်သောက်ပဲနို့တွေကိုတော့ အချိုပါဝင်မှုပမာဏကိုချင့်ချိန်သောက်သုံးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

    အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်ခဲ့ရတဲ့ သားသားမီးမီးတို့ ကျန်းမာထက်မြက်စွာ ကြီးပြင်းလာမှုက ဘာနဲ့မှ မလဲနိုင်တဲ့ မေမေတို့အတွက် တန်ဖိုးအကြီးဆုံး ဆုလာဘ်ပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ……………….

    လူတစ်ယောက်စီမှာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စ အမျိုးမျိုးရှိစမြဲပါ။ ဒီလိုပါပဲ မေမေတွေမှာလည်း ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ရှိပါတယ်။ ဒါကတော့............

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား…………..

    ဘေဘီလေးကို ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ။

    အစားအစာတွေကို ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြောင်းလဲမယ်၊ သေးသေးလေးကနေ စပြီး ကျန်းမာရေးနဲ့ ညီညွတ် အောင် ချက်မယ်ဆိုရင် သင့်တော်တဲ့ဟင်းတစ်ခွက် ဖြစ်လာမှာပါ၊

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    သင့်အတွက် ရွေးချယ်ထားသည်

    ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား......................

    ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read
    ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

    ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read
    ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

    ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
    ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

    ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read