ဆီးကျိတ်ကင်ဆာ (Prostate Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 18, 2021 . 3 mins read
Share now

ကင်ဆာအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ ဆီးကျိတ်ကင်ဆာဆိုတာက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာက ကင်ဆလို့ဆိုပေမယ့် စောစောသိ စောစောကုသမှု ခံယူရင် သက်တမ်းစေ့နေနိုင်မှာပါ။

ဒီတစ်ခေါက်တော့ ဆီးကျိတ်ကင်ဆာကို ဂရုပြုနိုင်စေဖို့ သိထားသင့်တဲ့ လက္ခဏာလေးတွေ၊ ကုသနည်းလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။

ဆီးကျိတ်ဆိုတာ

ဆီးကျိတ်ဆိုတာ သစ်ကြားသီးပုံစံ ဂလင်းတစ်ခုပါ။ ဆီးအိမ်အောက်ဘက်နားမှာရှိပြီး ဆီးပြွန်ကို ပတ်ထားပါတယ်။ ဆီးကျိတ်ရဲ့ အဓိကတာဝန်က သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကို ထုတ်လုပ်ပေးတာပါ။ ဒီအရည်တွေက သုက်ပိုးတွေကို ပေါ့ပါးပြီး မြန်မြန်သွက်သွက် လှုပ်ရှားစေနိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာဆိုတာ

ဆီးကျိတ်ကင်ဆာဆိုတာက ဆီးကျိတ်ကဆဲလ်တွေ ထိန်းချုပ်လို့ မရအောင် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်နဲ့ ကြီးထွားလာတာပါ။ ဆီးကျိတ်ကင်ဆာက သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကိုထုတ်လုပ်ပေးတဲ့ ဂလင်းဆဲလ်တွေကနေ စဖြစ်တာများပြီး အခြားဆဲလ်တွေဆီ ကူးစက်သွားနိုင်ပါတယ်။

ဘယ်လို လက္ခဏာတွေရှိနိုင်လဲ။

ဆီးကျိတ်ကင်ဆာက များသောအားဖြင့်တော့ လက္ခဏာ ပြခဲပါတယ်။ သက်ကြီးပိုင်းအရွယ် အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာက သိသိသာသာ လက္ခဏာပြခဲတယ်ဆိုပေမယ့် အခုလို လက္ခဏာတွေတော့ တွေ့ရနိုင်ပါတယ်။

  • ဆီးသွားရခက်တာ
  • ဆီးနည်းနည်းပဲ သွားတာ
  • ဆီးသွားတဲ့အခါ နာကျင်တာ
  • ဆီးကျန်နေသလို ခံစားရတာ
  • ဆီးထဲမှာသွေးပါတာ
  • သုက်ရည်ထဲမှာ သွေးပါတာ
  • ဆီးမသွားနိုင်တာ
  • ဆီးအိမ်တင်းနေတာ
  • ခါးအောက်ပိုင်း၊ တင်ပါးနဲ့ ပေါင်တွေနာတာ
  • အရိုးကို ကင်ဆာဆဲလ်တွေ ပြန့်သွားရင် အရိုးနာတာ၊ ကျိုးလွယ်တာ (အထူးသဖြင့် ခါးနဲ့ တင်ပဆုံရိုး)
  • လိင်တံထောင်မတ်နိုင်စွမ်း ကျတာ
  • သုက်လွှတ်ရင်နာတာ
  • အစားအသောက်ပျက်တာ၊
  • ကိုယ်အလေးချိန်ကျတာ စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဘာကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ရတာလဲ။

ဆီးကျိတ်ကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးပေမယ့် အခုလို အခြေအနေရှိသူတွေက ဆီးကျိတ်ကင်ဆာ ခံစားရနိုင်ခြေ မြင့်နေပါတယ်။

  • အသက် ၅၀ နဲ့အထက် ဖြစ်နေတာ
  • မျိုးရိုးရှိတာ
  • ဆေးလိပ်သောက်သုံးတာ
  • အဆီများတဲ့ အစားအစားတွေ စားတာ
  • အဝလွန်တာ
  • လိင်ဆက်ဆံဖော်များတာ
  • လိင်ကနေတဆင့်ကူးစက်တဲ့ ရောဂါခံစားရဖူးတာ
  • အရွယ်မတိုင်ခင် လိင်ဆက်ဆံဖူးတာ
  • testosterone ဟော်မုန်း( ကျားဟော်မုန်း) များနေတာတွေကြောင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာ အဆင့်များ

ဆီးကျိတ်ကင်ဆာကို အကျိတ်အရွယ်အစား၊ ပြန်ရည်ကြောတွေ ပါဝင်နေမှု နဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ ပြန့်နှံ့နေမှုအပေါ်မူတည်ပြီး အဆင့်တွေခွဲခြားနိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာ အဆင့် (၁)

ဆီးကျိတ်ကင်ဆာ အဆင့် (၁) မှာ အကျိတ်တွေက သေးငယ်နေနိုင်ပြီး စအိုလမ်းကြောင်းစစ်ဆေးမှု (digital rectal exam(DRE)) အတွင်း မသိနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီအျိတ်တွေက ဆီးကျိတ်ရဲ့ တဝက်ကျော်အထိ ပျံ့နှံ့နေတာမျိုး မရှိသလို အခြားနေရာတွေဆီ ပြန့်နှံ့နေတာမျိုးလည်း မရှိပါဘူး။

ဒီအဆင့်မှာ လက္ခဏာတွေကို စောင့်ကြည့်ဖို့ပဲ အကြံပြုခံရတာများပါတယ်။

ဆီးကျိတ်ကင်ဆာ အဆင့် (၂)

ဆီးကျိတ်ကင်ဆာ အဆင့် (၂) မှာ အကျိတ်တွေက အဆင့် (၁) ကထက် ပိုကြီးလာပါပြီ။ စအိုလမ်းကြောင်းစစ်ဆေးမှု (digital rectal exam(DRE)) နဲ့ ပုံရိပ်ဖော်စစ်ဆေးမှုတွေအတွင်း သိရနိုင်တဲ့ အနေအထားမျိုး ရှိလာပါပြီ။

ဒီအဆင့်မှာ ကင်ဆာကျိတ်တွေက ပြန်ရည်ကျိတ်တွေ နဲ့ အခြား အစိတ်အပိုင်းတွေဆီ ပြန့်နေပါပြီ။ ဒီအခြေအနေမှာ ဆီးကျိတ်ကို ကုသမှု မခံယူဘူးဆိုရင် အခြားနေရာတွေဆီ ကင်ဆာဆဲလ်တွေက ပြန့်သွားနိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာ အဆင့် (၃)

ဆီးကျိတ်ကင်ဆာ အဆင့် (၃) မှာ ဆီးကျိတ်က ကင်ဆာကျိတ်တွေက ပိုကြီးလာတာ ဆီးကျိတ်တစ်ခုလုံးစာလောက်ရှိလာပါပြီ။ သုက်ပို့ပြွန်တွေဆီတောင် ပြန့်နေနိုင်ပါတယ်။ ဆီးအိမ်၊ စအို နဲ့ အနီးတဝိုက်က ပြန်ရည်ကျိတ်တွေကိုတော့ မထိခိုက်သေးပါဘူး။

ဆီးကျိတ်ကင်ဆာ အဆင့် (၄)

ဆီးကျိတ်ကင်ဆာ အဆင့် (၄) မှာ အကျိတ်တွေက ဆီးကျိတ်ကနေ ဆီးအိမ်၊ စအို၊ အနီးတဝိုက်က ပြန်ရည်ကျိတ်တွေနဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ ပြန့်သွားပါပြီ။

ဆီးကျိတ်ကင်ဆာအတွက် ကုသနည်းတွေက ဘာတွေလဲ။

ဆီးကျိတ်ကင်ဆာကဖြစ်ပွားမှုနှုန်း နှေးတာကြောင့် ချက်ချင်းကုသတာထက် အကျိတ်ကို သေချာအောင် စောင့်ကြည့်တာတွေလုပ်ပြီးမှ ကုသတာ ပိုများပါတယ်။ ခံစားရတဲ့ လက္ခဏာ၊ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ၊ ကင်ဆာ အမျိုးအစားနဲ့ ကင်ဆာဖြစ်ပွားနေတဲ့ အဆင့်ပေါ်မူတည်ပြီး ကုသနည်းတွေက ကွာခြားနိုင်ပါတယ်။

  • ဆီးကျိတ်ကင်ဆာကို ခွဲစိတ်ဖယ်ရှားတာ
  • ဟော်မုန်းကုထုံး ခံယူတာ
  • Chemotherapy (ဆေးသွင်းကုသခြင်း)
  • Radiation therapy (ဓာတ်ရောင်ခြည်နဲ့ ကုသခြင်း)
  • ကင်ဆာဆေးသွင်းခြင်းနဲ့ ဓာတ်ရောင်ခြည်ပေးခြင်းကို တစ်ပြိုင်နက်တည်းပြုလုပ်ခြင်း (Concurrent chemo-radiation)
  • ခွဲစိတ်ကုသခြင်း (သို့) ဓာတ်ရောင်ခြည်ပေးခြင်းတို့ကို အဆင်ပြေလွယ်ကူစွာ ပြုလုပ်နိုင်စေဖို့ အကြို ကင်ဆာဆေးသွင်းခြင်း ( Upfront induction chemotherapy)
  • ကင်ဆာကျိတ်ရဲ့ သုံးဖက်မြင်ပုံရိပ်အတိုင်း အတိအကျ ဓာတ်ရောင်ခြည်ပေးကုသခြင်း (3D conformal radiation therapy)
  • ကင်ဆာကျိတ်အတွင်း ရေဒီယိုသတ္တိကြွပစ္စည်း ထည့်သွင်းကုသခြင်း (Brachytherapy and implants)
  • ကင်ဆာကျိတ်ပတ်ဝန်းကျင်ရှိ ပုံမှန်ဆဲလ်တွေကို ထိခိုက်မှုမရှိစေဖို့ ဓာတ်ရောင်ခြည်ကို ပမာဏနည်းနည်းဖြင့် အကြိမ်ရေများများ ခွဲပေးခြင်း (Conventional radiation therapy)
  • ပုံရိပ်ဖော်နည်းပညာအကူအညီဖြင့် ဓာတ်ရောင်ခြည်ပေးကုသခြင်း (Image-guided radiation therapy -IGRT)
  • ပြောင်းလဲလာတဲ့ ကင်ဆာကျိတ်အရွယ်အစားအလိုက် ဓာတ်ရောင်ခြည်ပြင်းအား ထိန်းညှိပြောင်းလဲကုသခြင်း (Intensity-modulated radiation therapy – IMRT)
  • တိတိကျကျရွေးချယ်ထားသော အလွန်သေးငယ်သည့် ကင်ဆာကျိတ်နေရာကို စွမ်းအားမြင့် ဓာတ်ရောင်ခြည်ပေး ကုသခြင်း (Radiosurgery)
  • ကင်ဆာကျိတ်နေရာကို ဓာတ်ရောင်ခြည်တိတိကျကျထိအောင် ချိန်ရွယ်ပြီး ဓာတ်ရောင်ခြည်ပမာဏ နည်းနည်းဖြင့် အကြိမ်ရေများများ ခွဲပေးခြင်း ( Stereotactic body radiation therapy – SBRT)

Takeaways

ဆီးကျိတ်ကင်ဆာက စောစောသိမယ်။ စောစောကုသမယ်။ နေထိုင်မှုပုံစံတွေကို လိုက်နာမယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့စေ့ နေနိုင်စေမှာပါ။ ဒါ​ကြောင့် အပေါ်မှာပြောခဲ့တဲ့အစောပိုင်း လက္ခဏာတွေ ခံစားရပြီဆိုတာနဲ့ သေချာလေး စစ်ဆေး ကုသမှု ခံယူပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုနေထိုင် စားသောက်ရမလဲ။ ဘာတွေကို ဂရုစိုက်ရမလဲ သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆီးလမ်းကြောင်း ကနေတဆင့် ဘက်တီးရီးယား နဲ့ မှိုပိုးတွေ ဝင်ရောက် ကူးစက်တာက များပါတယ်။ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်မှုကို ဆီးလမ်းကြောင်းပိုးဝင်တယ် ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက မျိုးဗီဇ မှားယွင်းတာ (သို့မဟုတ်) သန္ဓေ​ပြောင်းတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
how-hope-affects-your-health မျှော်လင့်ချက်ထား

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read