backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆေးလိပ်ဖြတ်လိုက်တဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 24/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆေးလိပ်ဖြတ်လိုက်တဲ့အခါ

အခုနောက်ပိုင်း အမျိုးသားတွေတင် မကပါဘူး။ လေဒီလေးတွေပါ ဆေးလိပ်ကို စိတ်အပန်းဖြေစရာ တစ်ခု အနေနဲ့ သောက်သုံး လာကြပါတယ်။ တကယ်တော့ ဆေးလိပ် သောက်တာက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ် ဆိုတဲ့ စကားကို ငယ်စဉ်ကတည်းကကြားဖူးခဲ့မယ် ထင်ပါတယ်။ ဒီတော့ အကောင်းဆုံးက ဆေးလိပ် ဖြတ်တာပါ။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ဘာတွေများ ထူးလာမှာမို့လဲလို့ တွေးနေမိနိုင်ပါတယ်။ ဆေးလိပ် ဖြတ်ခြင်းက ကျန်းမာရေးကို ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်သလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား……….

ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူး

ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ငွေကုန်ကြေးကျ သက်သာရုံတင် မဟုတ်ဘဲ ခန္ဓာကိုယ်မှာလည်း ကျန်းမာရေး သိသိသာသာ ကောင်းလာမှာပါ။ ဆေးလိပ် ဖြတ်လိုက်ချိန် ကနေစပြီး တစ်ရက်ပြီး တစ်ရက် ပိုကျန်းမာလာတာကို တွေ့ရမယ် ဆိုတာ အသေအချာပါ။ ဆေးလိပ် ဖြတ်လိုက်ပြီဆိုရင်

ဆေးလိပ် ဖြတ်ပြီး တစ်လလောက် ကြာတဲ့အခါ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေက ပုံမှန် အခြေအနေကို ပြန်ရောက်သွားပြီး နီကိုတင်း စွဲလမ်းမှု လုံးဝ ကင်းစင်သွားပါလိမ့်မယ်။

  • သွေးလည်ပတ်မှု ကောင်းလာမယ်
  • ဆေးလိပ် ဖြတ်ပြီး ၂ ပတ် ကနေ ၁၂ ပတ်တာ ကာလအတွင်း ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု ကောင်းလာပြီး ရုတ်တရက် နှလုံးရပ်နိုင်ခြေ တော်တော်လေး နည်းသွားပါလိမ့်မယ်။ အမောလည်း ခံနိုင်လာပါလိမ့်မယ်။

    • အနံ့အရသာ ခံနိုင်စွမ်း ပိုကောင်းလာမယ်

    ဆေးလိပ်က နှာခေါင်းနဲ့ ပါးစပ်တွင်းက အာရုံခံနိုင်တဲ့ ဆဲလ်လေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဆေးလိပ် ဖြတ်ပြီး ၂ ရက်အတွင်းမှာ အနံ့အရသာ ခံနိုင်စွမ်း သိသိသာသာ ကောင်းလာပါလိမ့်မယ်။

    အသက်ရှုရတာ ပိုကောင်းလာတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်တာနဲ့အတူ ခန္ဓာကိုယ်တွင်းမှာ အောက်ဆီဂျင် ပမာဏ တိုးလာတာကြောင့် အားပြည့်နေစေမှာပါ။

    ကိုယ်တွင်းမှာ သွေးစီးဆင်းမှု ကောင်းလာတာ၊ အောက်ဆီဂျင် ပမာဏ များလာတာတွေကြောင့် ကိုယ်ခံအား ကောင်းလာပါလိမ့်မယ်။ နာဖျားလွယ်မှုကနေ ကင်းစင်လာပါလိမ့်မယ်။

  • သွား နဲ့ ခံတွင်း ကျန်းမာလာမယ်
  • သွားတွေ အရောင်ပြောင်းတာ၊ ခံတွင်းနံ့ ဆိုးတာတွေ နဲ့ ခံတွင်းမှာ ပိုးဝင်ကူးစက်တာ မျိုးဖြစ်နိုင်ခြေ တော်တော်လေး နည်းသွားပါလိမ့်မယ်။ တစ်ပတ်အတွင်း ခံတွင်း ကျန်းမာရေး ကောင်းလာပါလိမ့်မယ်။

    ကင်ဆာဖြစ်နိုင်ခြေ နည်းသွားမယ်

    ဆေးလိပ် ဖြတ်တာကြောင့် အဆုတ် ကင်ဆာ၊ ကျောက်ကပ် ကင်ဆာ၊ ဆီးအိတ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ အစာရေမြို ကင်ဆာ ဖြစ်နိုင်ခြေတွေ သိသိသာသာ လျော့ကျ သွားပါလိမ့်မယ်။

    ငွေကုန်ကြေးကျလည်း သက်သာ ကျန်းမာရေးလည်းကောင်း ချစ်ရသူတွေနဲ့လည်း သက်ဆုံးတိုင် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မယ် ဆိုတော့ ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ ဆေးလိပ် ဖြတ်သင့်တယ် မထင်မိဘူးလား။ ဆေးလိပ် ဖြတ်တာက ကိုယ်တိုင် အတွက်ရော ပတ်ဝန်ကျင် အတွက်ပါ ကောင်းတဲ့ အချက် ဖြစ်တာကြောင့် ဆေးလိပ် ဖြတ်ကြဖို့ တိုက်တွန်းပါရစေလား….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 24/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement