backup og meta

ဆေးလိပ်ဖြတ်နေသူများအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေမယ့် စားသောက်သင့်သည့်ပုံစံ များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ဖြတ်နေသူများအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေမယ့် စားသောက်သင့်သည့်ပုံစံ များ

    ယနေ့ခေတ်မှာ ဆေးလိပ်ေသာက်တာ က trend တစ်ခုလို ဖြစ်လာပါတယ်။ ဒါကတော့ ကျန်းမာရေးကို အလွန်အကျွံထိခိုက်စေတဲ့ အလေ့အထတစ်ခုဆိုတာလည်း လူတိုင်း သိပြီးသား ဖြစ်ပါတယ်။ ဒါကို နားလည်လာတဲ့ လူတွေ ကတော့ ဆေးလိပ်ဖြတ်ဖို့အတွက် စပြီး ကြိုးစားလာကြပါတယ်။ အစပိုင်းမှာတော့ အခက်အခဲ တချို့ တွေ့ရတတ်ပါတယ်။ အဲ့ဒီထဲမှာမှ အာဟာရဘက်ကနေ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။

    အဓိက ဆေးလိပ်ဖြတ်နေတုန်း မှာ

  • ဗိုက်ပြည့်အောင် စားထားဖို့လိုပါတယ်။
  • ပါးစပ်ထဲ မှာ အာဟာရ ဖြစ်စေမယ့် အရသာရှိတဲ့ အစားအစာ တစ်ခု မဟုတ်တစ်ခု စားပေးနေဖို့လိုပါတယ်။ ဥပမာ- အသီး တစ်မျိုးမျိုး
  • အနံ့မွှေးတဲ့ အစားအစာတွေကို ရွေးစားပေးဖို့လည်း လိုပါတယ်။
  • ဘယ်လိုအချက်တွေ သတိထား သင့်သလဲ

    • တစ်နေ့ကို မနက်စာ၊ နေ့လယ်စာ၊ ညစာ သုံးနပ်လုံး စားပေးဖို့လိုပါတယ်၊ တစ်နပ်နပ် ကို မစားမိပဲ ကျော်လိုက်မယ် ဆိုရင်တော့ ဗိုက်အရမ်းဆာလာပြီး စိတ်ဖိစီးမှု များလာကာ ဆေးလိပ် ဖြတ်တဲ့နေရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။
    • ဗိုက်ဆာပြီဆိုတာ နဲ့ ကယ်လ်လိုရီ နည်းပြီး ခဏခဏ စားလို့ရမယ့် အစားအစာ တွေ ရွေးစားပေးပါ။ ဥပမာ – ပန်းသီး၊ ဆန်းကစ်သီး၊ နှင်းသီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီး စတာတွေ စားပေးလို့ရပါတယ်။
    • ကြာကြာဝါးရတဲ့ အစားအစာ၊ crunchy ဖြစ်တဲ့ အစားအစာတွေ ကလည်း တစ်ခါတလေ အရမ်း ဆေးလိပ် သောက်ချင်လာတဲ့စိတ်ကို တားပေးနိုင်ပါတယ်။ ဥပမာ – ပီကေ၊ protein bar
    • အဆာပြေ နှစ်ခါလောက် စားပေးသင့်ပါတယ်။ အဆာပြေစားတဲ့ နေရာမှာ ရွေးစားတတ်ဖို့တော့လိုပါတယ်။ အလွယ်ရတဲ့ အစားအစာကို အလွယ်တကူ ဝယ်စားတာထက်စာရင် စဉ်းစားချင့်ချိန်ပြီးစားတတ်ဖို့လိုပါတယ်။ ဥပမာ – ပေါင်မုန့် အညို၊ oatmeal၊ စီရီယယ်၊ အသီး အမျိုးမျိုး၊ အဆီထုတ်ထားတဲ့ ဒိန်ချဉ်၊ နွားနို့၊ သကြားလျှော့ထားတဲ့ ပဲနို့အစေ့အဆန်အမျိုးမျိုး (အပေါ့) စတာတွေ ရွေးစားပေးဖို့ လိုအပ်ပါတယ်။
    • ဒီအပြင် ပေါက်ပေါက်ဆုပ်၊ အသီးဖျော်ရည်၊ milkshake၊ smoothie စတာတွေ ကို လည်း အဆာပြေစားပေး ခြင်းဖြင့် ဆေးလိပ် သောက်ချင်စိတ်ကို ထိန်းပေးထားနိုင်ပါတယ်။
    • တခါတလေ သကြားမပါတဲ့ ပီကေ၊ သကြားလျှော့ထားတဲ့ candy၊ စတာတွေ က လည်း ဆေးလိပ်ဖြတ်တဲ့နေရာ မှာ အထောက်အကူ ပြု ပါတယ်။
    • အေးတဲ့ အစားအစာ တချို့ကလည်း ဆေးလိပ်ဖြတ်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။ ဥပမာ – စပျစ်သီး၊ ပန်းသီးတို့ကို ခဲနေအောင်လုပ်ပြီး ရေခဲတုံးကဲ့သို့ ပါးစပ်ထဲ ငုံထားတာမျိုး၊ အဆီထုတ်ထားတဲ့ ရေခဲမုန့်၊ ဒိန်ချဉ် ရေခဲချောင်း စတာတွေ စားပေးခြင်း ဖြင့်လည်း ဆေးလိပ်ဖြတ်တဲ့ နေရာမှာ များစွာအထောက်အကူပြု နိုင်ပါတယ်။

    လေးစားစွာဖြင့်

    ဒေါက်တာ ညီညီကျော်

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement