backup og meta

ဆယ်ကျော်သက်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့


Aye Thi Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့

    စိတ်ပိုင်းဆိုင်ရာ ကျန်းမာ​ကြံ့ခိုင်စွာ ကြီးပြင်းလာစေဖို့ ငယ်စဉ်ကတည်းက ကလေးကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦးဖြစ်အောင် ပျိုးထောင်ပေးဖို့လိုပါမယ်။ ဆယ်ကျော်သက် အရွယ်ရောက်လာတဲ့အခါမှာ ကလေးတိုင်းက စိတ်ဓာတ်ကျတာ အပါအဝင် အမျိုးမျိုးသော စိတ်အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတယ်။

    ဒီလို အခြေအနေတွေကို ကျော်လွှားနိုင်မှ ကလေးက အောင်မြင်တဲ့ လူငယ်ဖြစ်လာမှာပါ။ ဒီတော့ ကိုယ့်ရဲ့ ဆယ်ကျော်သက်  ကလေးတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံခိုင်စေဖို့ ဘယ်လို အလေ့အထလေးတွေများ မွေးမြူပျိုးထောင်ပေးဖို့ လိုမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ဆယ်ကျော်သက်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့

    ခန္ဓာကိုယ် အပြောင်းအလဲစိတ်အပြောင်းအလဲကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့

    လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ

    လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ တစ်နေ့ကို တစ်နာရီလောက် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးဖို့လိုပါမယ်။

    လေ့ကျင့်ခန်း လုပ်တာက စိတ်ကို ပျော်ရွှင်စေသလို၊ ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ရှားနိုင်ပြီး ကျန်းမာလှပတဲ့ အချိုးအစားကိုလည်း ပိုင်ဆိုင်နိုင်စေမှာပါ။

    ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ

    ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်မှုက ခန္ဓာကိုယ် ကြီးထွားမှုအတွက်ရော စိတ်ကျန်းမာရေးအတွက်ပါ အရေးပါပါတယ်။ ဒါကြောင့် တစ်နေ့တာ စားသုံးမှုမှာ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ၊ နို့ထွက်ပစ္စည်းတွေ မျှတစွာ ပါဝင်အောင် စားသုံးပါ။

    ကိုယ်အလေးချိန် ထိန်းပါ

    ဆယ်ကျော်သက်အရွယ်မှာ အဝလွန်တာက စိတ်ဓာတ်ကျစေဖို့ တွန်းပို့ရာရောက်ပါတယ်။ ရွယ်တူတွေကြားမှာ လှောင်ပြောင်ခံရတာက ကလေးကို စိတ်ဒဏ်ရာ ရစေပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ စိတ် ကျန်းမာကြံ့ခိုင်စေဖို့ဆိုရင် သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

    ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ပါ တစ်ညကို အိပ်ချိန် ၉ နာရီကနေ ၉နာရီခွဲကြား ရှိဖို့ လိုပါမယ်။ အိပ်ချိန် အများကြီးမထားနိုင်ရင်တောင် ၇ နာရီကတော့ မဖြစ်မနေ ရှိရပါမယ်။

    ဒါမှ စိတ်ကျန်းမာရေး ကောင်းမှာ ဖြစ်သလို ကျောင်းစာတွေမှာလည်း အာရုံ စူးစိုက်မှု ကောင်းမှာပါ။

    စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပါ

    ဆယ်ကျော်သက် အရွယ်မှာ စိတ်ကျန်းမာစေဖို့ဆိုရင် စိတ်ဖိစီးမှုတွေကို ဖြေလျှော့နိုင်မယ့် နည်းလမ်းတွေကို ကိုယ်တိုင် ရှာဖွေထားဖို့ လိုပါမယ်။ ဥပမာ သီချင်းနားထောင်တာ၊ တရားထိုင်တာ၊ ယောဂ လေ့ကျင့်တာ၊ ပန်းချီဆွဲတာ တစ်ခုခုပေါ့။

    စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်သူတွေက စိတ်ကျန်းမာရေး ကောင်းကြပါတယ်။ ဒီတော့ စိတ်ဖိစီးမှုကို သယ်ပိုး မထားဘဲ ဖြေလျှော့ပါ။

    ကျောင်းစာတွေကို လေ့လာပါ

    ကလေးအများစု စိတ်ဓာတ်ကျတာက ကျောင်းစာ မလိုက်နိုင်တာကြောင့်လည်း ပါပါတယ်။ ဒီတော့ အကောင်းဆုံးက တစ်နေ့ စာ တစ်နေ့လုပ်ပါ။ နားမလည်တာရှိရင် ဆရာ/ဆရာမတွေကို မေးမြန်းပါ။ လေ့လာပါ။ ကျောင်းပညာရေး ထူးချွန်တဲ့ ဆယ်ကျော်သက်တွေက စိတ်ကျန်းမာပါတယ်။

    မိဘတွေနဲ့ ချစ်ချစ်ခင်ခင်နေပါ

    မိဘတွေနဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်၊ မိဘတွေရဲ့ ဂရုစိုက် ယုယမှုကို ခံရတဲ့ ကလေးတွေဟာ စိတ်ကျန်းမာရေး ကောင်းကြပါတယ်။ ဒါကြောင့် မိဘတွေနဲ့ ချစ်ချစ်ခင်ခင်နေပါ။ ပွင့်ပွင်းလင်းလင်း တိုင်ပင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement