backup og meta

သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 06/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ

    သက်သတ်လွတ်စား တယ် ဒါမှမဟုတ် အရွက်ချည်းပဲပါတဲ့ Vegan Diet တွေ စားတယ်ဆိုတာက ကျန်းမာရေးအတွက် သင့်လျော်တဲ့ အလေ့အထတစ်ခုပါ။

    ဒါပေမယ့် လူတော်တော်များများ တွေးပူတတ်ကြတာက ဒီလိုစားတဲ့အခါ ကြွက်သားတွေ ကြီးသင့်သလောက်ကြီးရဲ့လား၊ ဖွံ့သင့်သလောက် ဖွံ့ပါ့မလားဆိုတာကိုပေါ့။

    ပုံမှန်အားဖြင့် သက်သတ်လွတ်စား တာက ကိုယ်အလေးချိန်လျှော့ချဖို့ ကိုယ်ရည်စစ်ဖို့အတွက် ရည်ရွယ်ပြီးလုပ်ကြတာများပါတယ်။ တကယ်လည်း သက်သတ်လွတ်စားသူတစ်ယောက် ကြွက်သားတွေ တက်လာဖို့အတွက်ဆိုတာက အတန်ငယ်ခက်ခဲတတ်ပါတယ်။

    ဒါပေမယ့် သက်သတ်လွတ်စားတာဟာ ကိုယ်အလေးချိန်လျှော့ချမှုကိုပဲ အထောက်အကူ ဖြစ်စေတာမဟုတ်ပါဘူး။ နည်းမှန်လမ်းမှန်နဲ့ စားမယ်ဆိုရင် လေ့ကျင့်ခန်းပြုလုပ်သူတွေအတွက် ခန္ဓာကိုယ်ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ အကြောင်းလေး ဆက်ကြည့်လိုက်ရအောင်လား။

    သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ

    နာမည်ကျော် Body Builder မီဂန်း ရိုက်ချ်ကတော့ သက်သတ်လွတ်စားသူတွေအနေနဲ့ ကြွက်သားတိုးလာအောင် ဘာတွေလုပ်ရမယ်ဆိုတာကို လမ်းညွှန်ပေးထားတာရှိပါတယ်။

    သူမရဲ့ အဆိုအရ အဆီပိုတွေ ဖယ်ရှားဖို့၊ ကြွက်သားဖွံ့ဖြိုးဖို့နဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်သွားဖို့လည်း လိုအပ်ပါတယ်တဲ့။ ဒါပေမယ့် ဒီလို လေ့ကျင့်ခန်းတွေကို စဉ်ဆက်မပြတ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုတော့ အောက်ပါနည်းလမ်းတွေနဲ့ ဖြည့်ဆည်းနိုင်ပါတယ်။

    မီဂန်း ရိုက်ခ်ပြောပြတဲ့ သက်သတ်လွတ်စားရင်း သဘာဝအတိုင်း ကြွက်သားကို ကောင်းမွန်စွာ ဖွံ့ဖြိုးစေမယ့် နည်းလမ်းတွေကတော့

    ၁။ စဉ်ဆက်မပြတ်ဖြစ်ပါစေ

    အရေးအကြီးဆုံးအချက်ဖြစ်တာကြောင့် ထိပ်ဆုံးမှာတင်ပြီး ပြောထားတာပါ။ သင်က သက်သတ်လွတ်လည်းစားတယ်၊ တစ်ပတ်မှာ ၆ ရက်လောက်လည်း Work-out လုပ်နေသူတစ်ယောက်ဆိုပါစို့။ တစ်နေ့မှာ အစာ ၄ ကြိမ် စားဖို့ လိုအပ်တာ မမေ့ပါနဲ့။ ပရိုတင်းများတဲ့ အစားအစာတွေကို အဓိကမှီဝဲပေးဖို့ လိုအပ်ပါတယ်။ မှန်မှန် Work-out လုပ်ပြီး မှန်မှန်စားသွားဖို့က အရေးအကြီးဆုံးပါပဲ။

    ၂။ ပရိုတင်း ဖြည့်စွက်ပါ

    အဆာပြေမုန့်တွေစားရာမှာ ပရိုတင်းပါဝင်မှုများတဲ့ မုန့်မျိုးတွေကို ရွေးချယ်စားသောက်ပေးပါ။ Protein Bar လို အရာမျိုးတွေကိုလည်း စားသုံးနိုင်ပါတယ်။ ဂရုပြုရမှာကတော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ ကိုက်ညှိပြီး ကိုယ်အလေးချိန် တစ်ပေါင်ကို ပရိုတင်း ဝ.၅-ဝ.၇ ဂရမ်လောက် မှီဝဲပေးဖို့ လိုအပ်တယ်ဆိုတာပါပဲ။

    ၃။ သကြားလုံးဝရှောင်ပါ

    သကြားကတော့ ကျန်းမာလိုသူတိုင်းအတွက် ရန်သူပါ။ မဖြစ်မနေ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ဟင်းချက်ဆီကိုလည်း လျှော့စားပါ။

    ၄။ လိုအပ်တဲ့ ဗီတာမင်တွေကို ပုံမှန်မှီဝဲပါ

    ဗီတာမင် B12၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ဇင့်တို့လို ဓာတ်တွေ နဲ့ မိမိနှစ်သက်ရာ ပရိုတင်းဖျော်ရည်တစ်မျိုးမျိုးကို ပုံမှန်မှီဝဲပေးဖို့ လိုအပ်ပါတယ်။

    ၅။ ဒီအစားအစာတွေကိုလည်း များများစားပေးပါ

    အစေ့အဆန်၊ ပဲ၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ ပဲနို့၊ ဂေါ်ဖီနွယ်ဝင်တွေလို အရွက်တွေကို များများစားသောက်ပေးပါ။ ဒီအရာတွေက သင့်ကို ခွန်အားဖြစ်စေမှာဖြစ်သလို ကြွက်သားတည်ဆောက်မှုကိုလည်း ကူညီပေးမှာဖြစ်ပါတယ်။

    ဥပမာအားဖြင့်ပြောရရင် ရိုမေးနီးယားနိုင်ငံက အိုလံပစ်ပြိုင်ပွဲဝင် ပြေးခုန်ပစ်အားကစားသမားတွေထဲက သက်သတ်လွတ်စားတဲ့ ကစားသမားတချို့ဟာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့ တစ်နေ့ကို ပဲနို့ ၁.၅ ဂရမ်နှုန်း ပုံမှန်မှီဝဲကြရလေ့ရှိပါတယ်။ ပဲနို့မှာပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေရုံသာမက ကြံ့ခိုင်သန်မာစေဖို့ကိုလည်း အထောက်အကူပေးနိုင်တာကြောင့်ပါ။

    ဒါကြောင့် ပြောချင်တာက ကြွက်သားတွေဖွံ့ဖြိုးစေဖို့အတွက် အသားတွေ မပြတ်မှီဝဲနေတာက နည်းလမ်းကောင်းတစ်ခုဆိုတာမှန်ပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားသူတစ်ယောက်အတွက်လည်း ကြွက်သားတွေ သန်မာဖွံ့ဖြိုးလာအောင် လုပ်ဆောင်လို့ရနိုင်ပါတယ်လို့ ပြောပါရစေ။

    တကယ်လို့ ကိုယ်က သက်သတ်လွတ်မစားပေမယ့် Diet လုပ်နေတဲ့သူဆိုရင်လည်း အထက်ပါနည်းတွေကို အသုံးချလို့ရနိုင်ပါတယ်။ ကဲ … သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ ကို လက်တွေ့ အသုံးချကြည့်လိုက်တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 06/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement