ဝိတ်ကျချင်တဲ့သူတိုင်း လေ့ကျင့်ခန်းလုပ်ပြီး နောက်ပိုင်း ဒါတွေစားပါ ။ ။ ပိန်ချင်တဲ့သူတိုင်း gym သွား လေ့ကျင့်ခန်းလုပ်တဲ့အခါ လူတိုင်း မေးတဲ့ မေးခွန်းတစ်ခုက လေ့ကျင့်ခန်းလုပ်ပြီး ဘာစားရမှာလဲ။ လေ့ကျင့်ခန်းတွေလုပ်ထားတော့ ဗိုက်ဆာ နေတာက တစ်ကြောင်း၊ မသင့်တော်တာတွေ စားလိုက်မိရင်လည်း လုပ်ထားသမျှ အကျိုးမရှိဖြစ်သွားမှာက တစ်ကြောင်းနဲ့ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပြီး ဘာစားရမလဲဆိုတဲ့ အတွေးက တော်တော်ကို ခေါင်းစားစေပါတယ်။ ကိုယ်ကလည်း ပိန်ချင်နေတဲ့သူဆိုတော့ အစားမှားမခံဘူးလေနော် ။
ဝိတ်ကျချင်တဲ့သူတိုင်း လေ့ကျင့်ခန်းလုပ်ပြီး နောက်ပိုင်း ဒါတွေစားပါ ။ ။
ဝိတ်ကျချင်တဲ့သူတိုင်း လေ့ကျင့်ခန်းလုပ်ပြီး နောက်ပိုင်း ဒါတွေစားပါ ဘာတွေဖြစ်မလဲဆိုတော့ –
- ( ကာဘိုဟိုက်ဒရိတ်နဲ့ပရိုတင်း) ထမင်းနဲ့အသား
ကာဘိုဟိုက်ဒရိတ် က လေ့ကျင့်ခန်းလုပ်ချိန်က ကုန်သွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးမှာ ဖြစ်ပြီး ပရိုတင်းကတော့ ထိခိုက်သွားတဲ့ ကြွက်သားတွေ ပြန်ကောင်းအောင်အတွက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်တွေက ထမင်းစားမယ်ဆိုရင် ထမင်းလေး နည်းနည်းနဲ့ အသားများများစားပေရမှာဖြစ်ပါတယ်။ စားတဲ့အသားကလည်း အဆီမများစေဖို့လိုအပ်တာကြောင့် ကြက်သား ကအကောင်းဆုံးပါ။
- ငှက်ပျောသီး
နောက်ပြီး ကာဘိုဟိုက်ဒရိတ်ရော ပိုတက်ဆီယမ်ရော ကြွယ်ဝတဲ့ ငှက်ပျောသီးစားပေးလို့လည်းရပါတယ်။
- နို့
နို့ထဲမှာပါတဲ့ ကယ်လ်ဆီယမ်ဓာတ်က ခါးအဆီတွေကို ကျစေတဲ့အတွက် ဝိတ်ချ နေတဲ့သူတွေ အားထားသင့်တဲ့ အစားအသောက်တစ်ခုလို့ လေ့လာတဲ့သူတွေက ဆိုပါတယ်။ ကိုယ်ကပိန်ချင်တဲ့သူဖြစ်တဲ့အတွက် low fat (အဆီနည်းတဲ့နို့) တွေကိုသာ ဦးစားပေးရွေးချယ်ပါ။ နို့မသောက်ချင်တဲ့သူတွေအတွက်ကတော့ ဒိန်ချဉ် သောက် ပေးလို့ရပါတယ်။
- ငရုတ်ကောင်း
ငရုတ်ကောင်းထဲမှာပါတဲ့ Capsaicin ဓာတ်ပေါင်းလေးက ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေလို့ အဆီတွေကို ပိုလောင်ကျွမ်းစေပြီး energy ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြက်ဥလေးကြော်စားခဲ့ရင် ငရုတ်ကောင်းလေးဖြူးစားတာမျိုးလုပ်ပေးလို့ရပါတယ်။
- အစိမ်းရောင်ခြယ် အစားအစာတွေစားပါ။
အဆီလည်းကင်း၊ ကျန်းမာရေးနဲ့လည်း ညီညွတ် ဝမ်းကိုလည်း မှန်စေတဲ့ အစားအသောက်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ မစားမဖြစ် စားကိုစားပေးရမှာပါ။ ဟင်းသီးဟင်းရွက် တွေထဲမှာဆို သံဓာတ်လည်း ကြွယ်ဝ၊ အမျှင်ဓာတ်လည်းများတဲ့ ပဲသီး၊ ဟင်းနုနွယ်တို့ကို ပိုဦးစားပေးစားသင့်ပါတယ်။ ဒါမှ သွေးအားလည်းများ ၊ အမောပန်းလည်း ခံနိုင် ဝိတ်လည်းကျမှာ ဖြစ်ပါတယ်။
- ငါးစားပေးပါ။
ငါးကလည်း ပရိုတင်းကြွယ်ဝပြီး အဆီမပါတဲ့အသားတစ်မျိုးဖြစ်တဲ့အတွက် အဆီများ၊ ကယ်လိုရီများတဲ့အသားတွေမစားချင်တဲ့ လေ့ကျင့်ခန်းလုပ်သူတိုင်း အဓိကထား စားပေးလို့ရတဲ့ အစားအစာတစ်ခုပါ။ နောက်ပြီး တူနာတို့ ဆယ်လ်မွန်တို့လို ပင်လယ်စာငါးတွေမှာ အဓိကပါတဲ့ omega 3 fatty acid က ကိုယ်တွင်းရောင်ရမ်းခြင်းတွေကို သက်သာစေတာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရွေးချယ်စားသင့်တဲ့ အစားအစာတစ်ခုနော်။
- လက်ဖက်စိမ်းရည် ။
ကဖင်းဓာတ်က သင့်ကို နိုးကြားတက်ကြွစေပြီး ကယ်လိုရီ တွေကို ပိုလောင်ကျွမ်းစေတဲ့အတွက်ကြောင့် ဝိတ်ချနေတဲ့သူတွေအတွက် တော့ အဆင်အပြေဆုံးနော်။ ကဖင်းဓာတ်ပါတဲ့ သောက်စရာဆိုရင် ကော်ဖီအစား ကျန်းမာရေးအတွက်ပါ အထောက်အကူပြုတဲ့ လက်ဖက်စိမ်းရည်က အသင့်တော်ဆုံးပါ။
- ရေများများသောက်ပါ။
လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ဖို့အတွက် ရေများများသောက်တာလောက် အရေးကြီးတာ မရှိပါဘူး။ ရိုးရိုးရေပဲ ဖြစ်ဖြစ်၊ ဓာတ်ဆားထည့်ထားတဲ့ ရေကိုပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းမလုပ်ခင်ရော၊ လုပ်နေစဉ်ရော လုပ်ပြီးချိန်ရော များများသောက်ပေးပါ။ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ မျှတမှ မောပန်းနွမ်းနယ်နေတဲ့ သင့်ကိုယ်ခန္ဓာ ပြန်ပြီး အားပြည့်မှာ ဖြစ်ပါတယ်။
နောက်အရေးကြီးတဲ့ တစ်ချက်ကတော့ ဒီ အစားအစာတွေကိုလေ့ကျင့်ခန်းလုပ်ပြီး ၂ နာရီအတွင်း စားပေးဖို့ပဲဖြစ်ပါတယ် ။ ။
[embed-health-tool-bmr]