ဒီနေ့ပြောချင်တဲ့ အကြောင်းလေးကတော့ လေ့ကျင့်ခန်းလုပ်နေတာ ကြာပြီ ပေါင်ချိန်စက် ပေါ်တက်တိုင်း ကိုယ်အလေးချိန်က ထင်သလောက်မကျသေးလို့ လေ့ကျင့်ခန်း ဆက်လုပ်ရမှာ စိတ်ဓါတ်ကျနေသူတွေအတွက်ပါ။ ကိုယ်ပေါ်က အဆီတွေဆိုတာကလည်း ခေါင်းမာတဲ့အရာတွေမလား။ ကိုယ်မှန်းထားသလောက်ကျချင်မှ ကျတာလေ။ ဒီလောက်လေ့ကျင့်ခန်းလုပ်နေတာတောင် ဝိတ်မကျလို့ဆိုပြီး စိတ်ဓါတ်တော့ မကျလိုက်ပါနဲ့။ ခုပြောမယ့် ၇ ချက်ထဲက တစ်ချက်လောက်ဖြစ်ဖြစ် ရှိနေပြီဆိုရင် ဝိတ်ကျဖို့နီးစပ်လာပါပြီ ။ ။
ဝိတ်ကျဖို့ မနေ့ကထက် ဒီနေ့ ပိုပြီးနီးစပ်နေကြောင်း ပြနေတဲ့အချက် ၇ ချက် ။ ။
( ၁ ) စိန်ခေါ်မှုအသစ်တွေ လုပ်ချင်စိတ်ရှိတာ
ဟိုးအရင် gym မပြောနဲ့ လမ်းလေးလျှောက်ဖို့တောင် ထိုင်ရာက မထချင်တဲ့ကိုယ်။ ခုတော့ ဘယ်လောက်ပင်ပန်းတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ဖြစ် လုပ်ဖို့ အဆင့်သ့င်ဖြစ်နေတတ်တာ ကိုယ်သွားချင်တဲ့ ဝိတ်ကျပန်းတိုင်ဆီကို တစ်လှမ်းလှမ်းပြီးသား မဟုတ်လား။
( ၂ ) အရင်ကလို လေးပင်နေတာမျိုး မရှိတော့တာ။
စစချင်း လေ့ကျင့်ခန်းလုပ်တုန်းက ပုံနဲ့ ခုပုံကို ပြန်ယှဉ်ကြည့်ပါ။ အရင်ကဆို လက်လေးလှုပ်ရင်တောင် မောနေတဲ့သူက ခုတော့ ဘယ်လောက်ပင်ပန်းတာတွေပဲ လုပ်လုပ် အေးဆေးလေးပဲကျော်ဖြတ်နေနိုင်တဲ့အပြင် သူ့ထက် ပိုပင်ပန်းတာတွေကိုတောင် လုပ်ဖို့ အားရှိနေသေးတယ်ဆိုတာ မနေ့ကထက် ဒီနေ့ ကြံ့ခိုင်လာနေပြီဖြစ်ကြောင်းကိုပြနေတာမလား။
( ၃ ) အရင်ကမတော်တဲ့ အကျီၤလေးတွေ ချောင်စပြုနေပြီ။
ပေါင်ချိန်စက်ပေါ်တက်လိုက်တဲ့အချိန် သိသိသာသာဝိတ်မကျပေမယ့် အရင်က မတော်လို့ ချောင်ထိုးထားတဲ့ အကျီၤလေးတွေ ခုတော့ ပြန်ဝတ်လို့ရနေပြီ။ အကျီၤတွေ ပြန်တော်နေပြီဆိုတာက ပြောင်းလဲစပြုနေတာကို ပြောတာပဲ မဟုတ်လား။ ဒီတော့ ပေါင်ချိန်စက်ပေါ်က အဖြေက မသိသာပေမယ့်လည်း လေ့ကျင့်ခန်း တွေ ရှေ့ဆက်လုပ်သွားပါ။ အရမ်းကို နီးစပ်နေပါပြီ။
( ၄ ) ဆေးစစ်ချက် အဖြေတွေအားလုံးကလည်း အကောင်းဘက်ကိုညွှန်ပြနေပြီ ။ ။
အရင်ဝတုန်းက ေသွးတွင်းအဆီဓါတ်များ။ ကိုလက်စရောမျာ း၊ သွေးတွင်းသကြားဓါတ်များ၊ ဒူးနာ ခါးနာနဲ့ ရောဂါကိုစုံလို့။ ဟော ခုနောက်ပိုင်း လေ့ကျင့်ခန်းတွေလုပ်ပြီး သွေးပြန်စစ်ကြည့်တော့ များနေတဲ့ မကောင်းတာအားလုံး ကျသွားပြီ၊ အရင်ကလို လေးပင်နေတာ၊ ဒူးနာတာလည်း မရှိတော့မလား။ ဒီတော့ အလေးချိန် သိသိသာသာ မကျပေမယ့် ဒါတွေက သင်ပိုပြီး ကြံ့ခိုင်လာနေပြီဆိုတာကို ပြောတာပဲ မဟုတ်လား။
( ၅ ) ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ လည်း ရှိတာတယ်။
Gym သွားတဲ့လူတိုင်း ခံစားဖူးကြမှာပါ။ လေ့ကျင့်ခန်းလုပ်ပြီး နောက်ပိုင်း ပျော်တဲ့ခံစားချက်မျိုး၊ အားရကျေနပ်ပြီး တစ်ခုခုပြီးမြောက်သွားတဲ့ ခံစားချက်မျိုး၊ ဒီလိုမျိုး gym မှာ ဆက်တိုက်ဆော့ဖန်များလာလေလေ ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ တိုးလာလေလေပါပဲ။ စိတ်လည်းချမ်းသာ ကိုယ်လည်း ကျန်းမာလာတယ်မဟုတ်လား။
( ၆ ) အရင်ကထက်ပိုပြီး ကြည့်ကောင်းလာတယ်။
လေ့ကျင့်ခန်းလုပ်တာ များလာတော့ ကိုယ်ခန္ဓါကလည်း တဖြည်းဖြည်းပြောင်းလဲသွား၊ အသားလေးလည်းကြည်လာပြီးတော့ စိတ်လေးကလည်း ပျော်နေတော့ တွေ့တဲ့လူတိုင်းက အရင်ကထက်ပိုပြီး ကြည့်ကောင်းလာတယ်လို့ ပြောနေကြတယ်မဟုတ်လား။
( ၇ ) အစားအသောက်တွေလည်း ဆင်ခြင်တတ်လာပြီ။
အရင်ကလို စားချင်တိုင်း စွတ်စားတာမျိုး မဟုတ်တော့ဘဲ ချင့်ချိန်ပြီးစားတတ်လာတဲ့ ကိစ္စကလည်း ဝမ်းသားစရာပဲ မဟုတ်လား။ အားလူးကြောေ်တွ ကိတ်မုန့်တွေ သကြားတွေလျှော့စားပြီး အသီးအရွက်တွေနဲ့ အာဟာရဖြစ်တာတွေ ပိုစားတတ်လာတာဟာ ကိုယ်အလေးချိန်အတွက်တင်မဟုတ် ရှေ့လျှောက်ကျန်းမာရေးအတွက်ပါ ကောင်းတဲ့မျိုးစေ့ချနေတာပဲ မဟုတ်လား ။
ကဲ စဉ်းစားကြည့်ပါဦး။ အရင်တုန်းကကိုယ်နဲ့ အခုလက်ရှိ ပြောင်းလဲသွားတာတွေမှ အများကြီး။ ဒီတော့ ပေါင်ချိန်စက်ပေါ်က အလေးချိန်တွေ သိပ်မလျော့သေးလို့ ဆိုပြီး ဘာ့ကြောင့် စိတ်ဓါတ်ကျနေမှာလဲ ။ အားမလျှော့နဲ့။ ဆက်သာလုပ် ။ ။
[embed-health-tool-bmi]