brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း

ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ လေ့ကျင့်ခန်း လုပ်တာက ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်မှုမှာ အရေးပါတဲ့ အရာ တစ်ခုပါ။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ငယ်စဉ်ကတည်းက မွေးမြူတာက ကျန်းမာသန်စွမ်းပြီး ရောဂါကင်းတဲ့ လူကြီး ဖြစ်လာစေမှာပါ။ ဒါကြောင့် ကျန်းမာတဲ့ လူနေမှု ပုံစံကို ပိုင်ဆိုင်ချင်တယ် ဆိုရင် ဆယ်ကျော်သက် အရွယ်မှာကတည်းက လေ့ကျင့်ခန်း လုပ်ဖို့ ပြောပါရစေ။

ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း

ဆယ်ကျော်သက်နဲ့ လေ့ကျင့်ခန်း

ဆယ်ကျော်သက်တွေ အနေနဲ့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့၊ ထိုက်သင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့် ရဖို့၊ အဝမလွန်စေဖို့၊ ကျန်းမာဖျတ်လတ် စေဖို့အတွက် လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်ဖို့ လိုပါမယ်။

ဆယ်ကျော်သက်တွေ အနေနဲ့ တစ်နေ့ကို မိနစ် ၆၀ လောက်နဲ့ တစ်ပတ်မှာ ၄-၅ရက်လောက် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကျန်းမာပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့တာမှာ လေ့ကျင့်ခန်းကို သီးသန့် မလုပ်ချင်ဘူးဆိုရင်တောင် မိနစ်၃၀လောက်

  • လမ်းလျှောက်တာ (သွားရင်းလာရင်း လမ်းလျှောက်မိအောင် လေ့ကျင့်ထားပါ။ သိပ်မဝေးတဲ့ နေရာတွေကို လမ်းလျှောက်ပါ)
  • လှေကား တက်ပါ (ဓာတ်လှေကား၊ စက်လှေကားတွေအစား ရိုးရိုး လှေကားကို အသုံးပြုပါ)
  • ကပါ
  • နေအိမ်ထဲမှာ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေ လုပ်ပါ
  • အိမ်အလုပ်တွေ ကူလုပ်ပါ။

ဒါတွေအပြင်

ဆယ်ကျော်သက် အရွယ်ကတည်းက လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက အသက်ကြီး လာတဲ့အခါ ခံစားရနိုင်တဲ့ နာတာရှည် ရောဂါတွေကို ကြိုတင် ကာကွယ်ရာရောက်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်မယ်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ ရေ ပြည့်ပြည့်ဝဝ သောက်မယ်ဆိုရင် ကျန်းမာ ပျော်ရွှင်စရာ ကောင်းတဲ့ လူငယ်ဘဝကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါ။

လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။

ဆယ်ကျော်သက် လူငယ်တွေ အနေနဲ့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးမယ်ဆိုရင်

ဒါတင်မကသေးပါဘူး လေ့ကျင့်ခန်း လုပ်တာက

ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း လုပ်ခြင်းက အတူတွဲရှိနေသင့်တာပါ။ တစ်နေ့တာမှာ ၁၅ မိနစ်ကနေ စလို့ ၁ နာရီလောက်အထိ လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး သင်ယူနိုင်စွမ်းနဲ့ မှတ်မိနိုင်မှုစွမ်းရည်ကို တိုးတက်စေမှာပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။