ကြီးထွားဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်အတွက် ဒီအချက်ကလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ အပြင်က သရေစာတွေစားမိရင် မလိုအပ်ဘဲ ကလေးက အဝလွန်တာမျိုးဖြစ်နိုင်တာကြောင့် မေမေတို့က ကယ်လ်လိုရီပါဝင်မှုကို သေချာစစ်ပြီး သရေစာလေးတွေဝယ်ပေးတာမျိုး၊ သစ်သီးလေးတွေပြင်ဆင်ပေးတာမျိုး၊ ကြက်ဥပြုတ်ပေးတာမျိုးနဲ့ ကိုယ်တိုင်လုပ်ထားတဲ့ မြန်မာမုန့်လေးတွေကို သရေစာအဖြစ် ပြင်ဆင်ပေးလိုက်ပါ။
နေ့တိုင်း ကလေးနဲ့အတူ လမ်းလျှောက်ပေးတာမျိုး၊ ခပ်ရွရွလေးပြေးတာမျိုး၊ ရေကူးတာ၊ Zumba ကတာ၊ Gym ဆော့တာမျိုး လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်ရော ကိုယ်ခံအားအတွက်ပါ ကောင်းစေနိုင်ပါတယ်။ မေမေနဲ့သမီးအတူတူယောဂဆော့တာကလည်း ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။
ကလေးကို တစ်ချိန်လုံးဖြစ်စေချင်ဇောနဲ့ စာကျက်ဖို့ကျောင်းတက်ဖို့၊ကျောင်းပြင်ပ သင်တန်းတွေတက်ဖို့ အတင်းကြီးဖိအားမပေးပါနဲ့။ ကလေးကိုယ်တိုင်က လိုလိုလားလားတက်ချင်တာမျိုးကိုပဲပေးတက်ပါ။ ကလေးအတွက် တိတ်ဆိတ်စွာနဲ့ပြည့်ပြည့်ဝဝအနားယူနိုင်မယ့် ကိုယ်ပိုင်ချိန်လေးပေးဖို့မမေ့ပါနဲ့။ ခန္ဓာကိုယ်မှာရင်ဆိုင်ရတဲ့ ပြောင်းလဲမှုတွေကို လက်ခံနိုင်ဖို့ ကြိုးစားနေတဲ့ ကလေးတစ်ယောက်အဖို့ သူစိတ်ဝင်စားတာကို လုပ်ဖို့နဲ့ ပြည့်ဝစွာ အနားယူနိုင်ဖို့ တစ်နေ့တာမှာ အနည်းဆုံး ကိုယ်ပိုင်အချိန် နာရီဝက်ကနေ ၄၅ မိနစ်အထိလိုနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။