backup og meta

ဆန်လုံးညို နဲ့ ကျန်းမာရေး

ဆန်လုံးညို နဲ့ ကျန်းမာရေး

နေ့စဉ် စားနေကျ ထမင်းစားရင် ကစီဓာတ်များတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ဆန်လုံးညို ပြောင်းစားမလား စဉ်းစားတယ်။ ဒါပေမယ့် ဆန်လုံးညိုက တကယ်ကော ကောင်းကျိုးများရဲ့လား သိချင်တယ်ဆိုတဲ့ သူတွေအနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရင် ဆန်လုံးညို စားသင့်လား၊ မစားသင့်လားဆိုတာကို ဆုံးဖြတ်ချက် ချနိုင်မှာ သေချာပါတယ်။

ဆန်လုံးညို ဆိုတာ

ဆန်လုံးညိုဆိုတာက ဆန်တစ်မျိုးပါ။ အရောင်က ညိုတိုတိုနဲ့ ဆန်တောင့်ရှည်ရှည်လေးတွေပါ။ အဆီပါဝင်မှု နည်းပြီး နေ့စဉ် စားနေကျ ထမင်းထက် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

ဆန်လုံးညိုကပေးတဲ့ ကျန်းမာရေး

စားလိုက်ရင် တဖောက်ဖောက်နဲ့ စားကောင်းတဲ့ ညိုတိုတိုအရောင် ဆန်လုံးညိုလေးက

ဆန်လုံးညိုမှာ ထမင်းထက် အမျှင်ဓာတ်ပိုမို ပါဝင်နေပါတယ်။ ဆန်လုံးညိုမှာပါတဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်တွေနဲ့ အဆီက သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL ကိုလက်စထရော) ပမာဏကို ကျဆင်းစေနိုင်ပါတယ်။

ဆန်လုံးညိုက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဆန်လုံးညိုမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေသလို အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အမျိုးမျိုးသော ကင်ဆာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အူမကြီး နဲ့ ရင်သားကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆန်လုံးညိုမှာပါတဲ့  ဒြပ်ပေါင်းတွေက ကင်ဆာဆဲလ်တွေ မပြန့်ပွားအောင် ထိန်းချုပ်ပေးပြီး ကင်ဆာဆဲလ်တွေကို ခုခံနိုင်စေဖို့ ကိုယ်ခံအားကို အားဖြည့်ပေးပါတယ်။  ဆီးကျိတ်ကင်ဆာ ကာကွယ်ဖို့အတွက်လည်း ဆန်လုံးညိုကို စားပေးလို့ရပါတယ်။

ဆန်လုံးညိုမှာ အာရုံကြောစနစ်ကို ကျန်းမာစေဖို့ အားဖြည့်ပေးတဲ့  manganese ပါဝင်နေပါတယ်။ Manganese က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ fatty acids နဲ့ ဟော်မုန်းတွေ ထွက်ရှိအောင် အထောက်အကူပြုပေးပါတယ်။ အာရုံကြောစနစ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဆန်လုံးညိုမှာပါဝင်နေတဲ့ Magnesium က ကိုယ်တွင်းက ကယ်လ်ဆီယမ်ပမာဏကို ထိန်းညှိပေးပြီး အာရုံကြော နဲ့ ကြွက်သားတွေကို ထိန်းညှိရာမှာ အထောက်အကူပြုပေးပါတယ်။ ဗီတာမင် E ပါဝင်နေတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဆန်လုံးညိုက သိမြင်မှုစွမ်းရည်ကို ကောင်းစေသလို အယ်လ်ဇိုင်းမားမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

  • ကိုယ်ခံအား မြှင့်တင်ပေးတယ်

ဆန်လုံးညိုမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ နဲ့ အပင်ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဆန်လုံးညိုမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

ဆန်လုံးညို စားသုံးပေးတာက လိုအပ်တဲ့ အမျှင်ဓာတ်ကိုရော fatty acids ကိုပါ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဆန်လုံးညိုက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး အစာခြေစနစ် ကျန်းမာစေနိုင်သလို ကိုယ်အလေးချိန် ထိန်းညှိနေသူတွေနဲ့ အထူးသင့်တော်ပါတယ်။

ဆန်လုံးညိုမှာပါတဲ့ အမျှင်ဓာတ်က သွေးကြောတွေထဲက အဆီတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး သွေးစီးဆင်းမှု ကောင်းစေသလို နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးပါတယ်။

ဆန်လုံးညို စားသုံးတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးသွေးကြောကျဉ်းတာ၊ ကင်ဆာနဲ့ ဆီးချိုလိုမျိုး နာတာရှည်ရောဂါတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဆန်လုံးညိုက ထမင်းဖြူလိုမျိုး သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆန်လုံးညိုက သကြားဓာတ် ပါဝင်မှုနည်းပြီး အဆာခံစေတာကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆန်လုံးညို စားသုံးတာက အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်လို့ ၂၀၁၂ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ သိရပါတယ်။ အဓိကကတော့ ဆန်လုံးညိုက အမျှင်ဓာတ်ကြွယ်ဝပြီး ဗိုက်ပြည့်လွယ်လို့ပါ။ ဒီတော့ အများကြီး မစားမိဘူးပေါ့။ ဒါပေမယ့် စားကောင်းကောင်းနဲ့ ထမင်းစားသလိုပဲ ပမာဏများများစားမယ်ဆိုရင်တော့ ဆီးချိုတက်နိုင်တာကို သတိထားသင့်ပါတယ်။

ဘာတွေ သတိထားရမလဲ

လူတိုင်း စားလို့ ရပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ အလွန်အကျွံ စားမယ်ဆိုရင် ဝမ်းချုပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိနေသူတွေလည်း အများကြီး စားတာမျိုး မလုပ်ပါနဲ့။

ဘယ်သူတွေ မစားသင့်ဘူးလဲ

မယ်ဇလီဖူးက ဆေးဖက်ဝင်တယ်ဆိုပေမယ့်

  • ဆီးချိုရောဂါ ရှိတာကြောင့် ဆေးသောက်နေရသူတွေ
  • ရောဂါအခံ ရှိသူတွေ
  • ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is Brown Rice Good for You? https://www.healthline.com/nutrition/is-brown-rice-good-for-you Accessed Date 2 June 2020

Brown Rice: Health Benefits, Safety Information and Nutrition Facts https://www.emedihealth.com/brown-rice-health-benefits.html Accessed Date 2 June 2020

ယခုပုံစံ

08/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထမင်းရည် သောက်ပေးရင် ခန္ဓာကိုယ်ကျန်းမာတယ်

နေ့စဉ် စားသုံးနေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုနေသလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement