ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

အလှဆင်ဖို့ဖြစ်ဖြစ် အလှကြည့်ဖို့ ဖြစ်ဖြစ် အမြတ်တနိုး စိုက်ပျိုးထားကြတဲ့ သစ်ခွပန်းလေးက အဆင်းတင်လှတာ မဟုတ်ဘဲ ကျန်းမာရေး အတွက်လည်း တော်တော်လေး အထောက်အကူ ပြုပေးပါတယ်။

သစ်ခွ ဆိုတာ

သစ်ခွက မျိုးစိတ် အမျိုးမျိုး ရှိသလို အရောင်အသွေး သွင်ပြင် အမျိုးမျိုးပါ။ သစ်ခွက ထိုင်းနိုင်ငံ၊ ဘရာဇီး၊ ဟာဝိုင်ယီ၊ အိန္ဒိယ၊ မလေးရှား၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ဂျပန်၊ ပီရူး တို့မှာ သဘာဝအတိုင်း ပေါက်ရောက်ကြပါသည်။ သစ်ခွတွေက တောတောင်တွေထဲမှာ ပေါက်ရောက်ကြပြီး စိုထိုင်းဆ မြင့်ပြီး ခြောက်သွေ့တဲ့ ရာသီဥတုမှာ အကောင်းဆုံး ဖူးပွင့်ကြပါတယ်။

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

အသွင်လှပတဲ့ ပန်းသစ်ခွလေးတွေက

စိတ်ဖိစီးမှု ပြေလျော့စေတယ်

စိတ်ဖိစီးမှုက လူတိုင်း လိုလိုမှာ ရှိတတ်ကြပါတယ်။ အသက်အရွယ်မရွေး ကြုံတွေ့ရနိုင်တဲ့ အရာတစ်ခုပါ။ စိတ်ဖိစီးမှုက နည်းည်းဆိုရင် ကိစ္စမရှိပေမယ့် အရမ်းများလာတဲ့အခါ စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်။

သစ်ခွက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သလို ရှေးယခင်ကာလတွေကတည်းက စိတ်ပိုင်းဆိုင်ရာကုသမှုဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ သစ်ခွကို အလှတင် ထားရုံမဟုတ်ဘဲ စားလို့ရသလို ဖျော်ရည်လည်း ဖျော်သောက်လို့ရပါတယ်။

အရိုးတွေ သန်မာစေတယ်

သွားတွေ အရိုးတွေ သန်မာကြံ့ခိုင်စေဖို့လည်း သစ်ခွကို အသုံးပြုလို့ ရပါတယ်။ ပြုံးလိုက်တိုင်းလှတဲ့ သွားတွေကို ပိုင်ဆိုင်နိုင်စေဖို့နဲ့ စိတ်သွားတိုင်းကိုယ်ပါ သွားလာနိုင်စေဖို့အတွက် ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တွေ ပြည့်ဝဖို့လိုပါမယ်။ သစ်ခွမှာ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးနဲ့သွားတွေ သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အရိုးပွရောဂါကို ကာကွယ်ဖို့နဲ့ သွားတွေ ကြံ့ခိုင်နေစေဖို့ သစ်ခွပန်းက အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်ပျက်စီးတာ ကင်ဆာ လိုမျိုး နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျက်စီးသွားတဲ့ ဆဲလ်တွေကို အထိရောက်ဆုံး ပြုပြင်ပေးပါတယ်။

အစာကြေစေနိုင်တယ်

အစာမကြေတာက လူတော်တော်များများ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွားလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ သစ်ခွမှာပါတဲ့ အမျှင်ဓာတ် နဲ့ ရေဓာတ်က အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းချုပ်တာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံး ကျန်းမာစေတယ်

သစ်ခွပန်း၊ သစ်ခွပင်အရွက်တွေမှာ ဗီတာမင် C နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် မျက်လုံးကို ကျန်းမာစေနိုင်ပါတယ်။ သစ်ခွက အမြင်အာရုံကို ကောင်းစေပြီး မျက်လုံးပြဿနာ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

ပါးစပ်ထဲက အနာကို သက်သာစေတယ်

သစ်ခွပန်းရဲ့ သတ္တုရည်က ခံတွင်းထဲက အနာကို သက်သာစေတယ်။ ခံတွင်းအနာက အစာခြေအက်ဆစ်ကြောင့် ဖြစ်တာဖြစ်ပြီး သစ်ခွမှာပါတဲ့ ဒြပ်ပေါင်းက အစာခြေအက်ဆစ်ကြောင့်ဖြစ်တဲ့ ခံတွင်းအနာကို သက်သာစေနိုင်ပါတယ်။

အရေပြား ကျန်းမာစေတယ်

လူတိုင်းက ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြပါတယ်။ ကျန်းမာနုပျိုတဲ့ အသားအရေကို ရရှိစေဖို့ သစ်ခွက ကူညီပေးနိုင်ပါတယ်။ သစ်ခွမှာ အသားအရေကို ကျန်းမာနုပျိုစေနိုင်တဲ့ ဗီတာမင် A နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါပြီ။ အရေးအကြောင်း ကင်းပြီး ကျန်းမာတဲ့ အသားအရေ ပိုင်ဆိုင်နိုင်စေဖို့ သစ်ခွသတ္တုရည်ကို အသုံးပြုပေးလို့ရပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

သစ်ခွမှာ ​ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက ကိုယ်ခံအား ကောင်းစေပြီး ရောဂါတွေကို ကာကွယ်ပေးသလို ကိုယ်တွင်းမှာ သွေးဖြူဥဆဲလ်အရေအတွက် တိုးစေပြီး ကိုယ်ခံအား ကောင်းစေပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ခန္ဓာကိုယ် ဗီတာမင် သတ္တုဓာတ် ဗီတာမင် B ကိုယ်ခံအား ဦးနှောက် မျိုးဗီဇဆဲလ် ဆယ်လ်မွန် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဟင်းနုနွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဗီတာမင် B ခန္ဓာကိုယ် ဆဲလ်တွေ ဇီဝကမ္မဖြစ်စဉ် အရေပြားဆဲလ် ဦးနှောက်ဆဲလ် thiamin folate နှလုံး အသည်း ဦးနှောက် သကြားဓာတ် fatty acids စတီးရွိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

အကြမ်းဖက်မှု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အိမ်တွင်းအကြမ်းဖက်မှု သွေးထွက်ဒဏ်ရာများ ပြတ်ရှဒဏ်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

မိုးဦးကာလ ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး ပရိုတင်း အမျှင်ဓာတ် ကိုယ်ခံအား အစားအစာ အာဟာရဓာတ် ကြက်သွန်နီ ငရုတ်သီးစိမ်း ဟင်းလျာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်
မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ဘာကြောင့် လက်တုန် ရတာလဲ ၊ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဘာကြောင့် လက်တုန် ရတာလဲ ၊ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်