backup og meta

သင့်အသားအရေအတွက် သဘာဝပစ္စည်းနဲ့ထုတ်လုပ်ထားတာကိုပဲ ရွေးချယ်ခြင်းရဲ့ ကောင်းကျိုးများ

လူ့ခန္ဓါကိုယ်မှာ အသားအရေက အရေးအကြီးဆုံးထဲကတစ်ခုအဖြစ်ပါဝင်တယ်။ ရောဂါပိုးတွေမဝင်ရောက်အောင် ပထမဆုံး ကာကွယ်တားဆီးပေးတဲ့ ခံတပ်တစ်ခုအပြင် လှပခြင်းရဲ့အကြောင်းရင်းခံလည်းဖြစ်ပါတယ်။ လှပပြီးကျန်းမာတဲ့အရေပြားလေးကို ပိုင်ဆိုင်ထားရင် မြင်သူတကာငေးကြည့်လောက်တယ်မဟုတ်လား။

သင့်အသားအရေအတွက် သဘာဝပစ္စည်းနဲ့ထုတ်လုပ်ထားတာကိုပဲ ရွေးချယ်ခြင်းရဲ့ ကောင်းကျိုးများ

ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ဆိုရင် အရေပြားထိန်းသိမ်းမှုအလှကုန်တွေ ရွေးချယ်မှုကအရေးပါတယ်။ ခုနောက်ပိုင်းမှာက ပစ္စည်းမျိုးစုံထွက်နေတယ်။ တံဆိပ်မျိုးစုံတင်သွင်းနေကြတယ်။ ရွေးချယ်စရာတွေအများကြီးထဲက ဘာလို့ သဘာဝအသားရေထိန်းသိမ်းမှုပစ္စည်းတွေကိုပဲ ရွေးချယ်သင့်လဲဆိုတာ အကြောင်းပြချက်တွေအများကြီးရှိပါတယ်။ အထူးသဖြင့် အသားအရေကြမ်းတမ်းပျက်စီးနေတဲ့သူတွေ၊ ဝက်ခြံနဲ့ အဆီဖုတွေအစရှိတဲ့ အရေပြားပြဿနာကို ခံစားနေရသူတွေအတွက် ဒီဒဏ်ရာတွေပျောက်ကင်းဖို့နဲ့ နောက်ထပ်မဆိုးလာစေဖို့ သဘာဝပစ္စည်းတွေကို ရွေးချယ်အသုံးပြုဖို့က အရမ်းအရေးကြီးပါတယ်။

သဘာဝမဟုတ်တဲ့ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့အလှကုန်တွေရဲ့ ပြဿနာ။

လှစေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးကြောင့်လေးဆိုတဲ့ စကားပုံကို ကြားဖူးကြမယ်ထင်ပါတယ်။ တစ်ခါတလေမှာ လှပချင်လို့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေကို သုံးပေမယ့် သဘာဝထွက်ပစ္စည်းတွေကိုပဲ အသုံးပြုထားတာမဟုတ်တော့ အရေပြားအတွက် ဓါတ်မတည့်တာ၊ ဓါတုပစ္စည်းလောင်တာ၊ ဝက်ခြံတွေပိုထွက်လာတာစသဖြင့် ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့်တော့ အသားရေထိန်းသိမ်းမှုပစ္စည်းတော်တော်များများမှာ ပါဝင်နေတဲ့ phthalates နဲ့ parabens တို့က ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။ အဲဒီလိုအလှကုန်ပစ္စည်းတွေနဲ့ ထိမိတာများလေ ကင်ဆြာဖစ်နိုင်ခြေ မြင့်မားလာလေပါပဲ။ သဘာဝထွက်ပစ္စည်းတွေနဲ့ဖော်စပ်ထုတ်လုပ်ထားတဲ့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေကို အသုံးပြုခြင်းကသာ ဒီပြဿနာတွေကင်းရှင်းနိုင်မှာပါ။

သဘာဝအလှကုန်တွေရဲ့ အဓိကအားသာချက်

  • ဓါတ်မတည့်မှုတွေမဖြစ်ဘူး။
  • အပူလောင်တာ၊ နီရဲလာတာ၊ အဆီဖုတွေပိုဖြစ်လာတာ၊ ဝက်ခြံတွေပိုထွက်လာတာအစရှိတဲ့ အရေပြားကိုထိခိုက်စေတာတွေ မရှိဘူး။
  • ဓါတုပစ္စည်းနဲ့ ကြာရှည်ခံပစ္စည်းတွေအသုံးမပြုတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေလုံးဝမရှိဘူး။
  • သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေမဖြစ်ဘူး။
  • ရေရှည်မှာ အသားအရေကို ကျန်းမာလှပစေတဲ့အကျိုးရလဒ်တွေများတယ်။

အရေပြားထိန်းသိမ်းမှုပစ္စည်းတွေကို ရွေးချယ်ရင် ဘာတွေကြည့်ရမလဲ။

ဒါတွေကိုသတိထားကြည့်ပါ။

  • အန္တရာယ်ဖြစ်စေတဲ့ ဓါတုပစ္စည်း၊ ဓါတ်မတည့်စေတဲ့ပစ္စည်းနဲ့ ကြာရှည်ခံပစ္စည်းတွေထည့်သွင်းထားခြင်းရှိမရှိ
  • ဓါတ်မတည့်မှုမဖြစ်ပေါ်စေဘူးလို့ခေါ်တဲ့ (Non-allergenic) ပါမပါ
  • သဘာဝပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားခြင်းဖြစ်သည်ဆိုတဲ့အာမခံချက်

ဘာအမျိုးအစားကို ရွေးချယ်မလဲ။

ဈေးကွက်ထဲမှာက သဘာဝအလှကုန်လို့ ပြောထားတဲ့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေ မျိုးစုံရှိပါတယ်။ ကိုယ့်အသားအရေနဲ့ အသင့်တော်ဆုံးဖြစ်တာကိုရွေးချယ်ဖို့တော့ လိုအပ်ပါမယ်။

၁။ အသားအရေကျန်းမာရေးအတွက် အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဖြစ်ဖို့လိုပါမယ်။

၂။ သဘာဝထွက်ပစ္စည်းတွေနဲ့ပဲ ပြုလုပ်ထားတယ်ဆိုတဲ့ တရားဝင်အသိအမှတ်ပြုခံထားရတာမျိုးဖြစ်ရပါမယ်။

၃။ တစ်ရာရာခိုင်နှုန်း သဘာဝထွက်ပစ္စည်းတွေနဲ့သာ ပြုလုပ်ထားပြီး တခြားဓါတုပစ္စည်းနဲ့ ကြာရှည်ခံတဲ့ပစ္စည်းတွေလုံးဝမပါဘူးဆိုတာသေချာရပါမယ်။

၄။ ပူလောင်စေတဲ့ပစ္စည်းတွေမပါဝင်ဘဲ အေးမြတဲ့ပစ္စည်းတွေသာ ပါဝင်နေတာမျိုးဖြစ်ရပါမယ်။

Rosehip Oil

Rosehip oil ဆိုတာက Rosehip အစေ့ကနေ ထုတ်ယူထားတဲ့ အဆီဖြစ်ပါတယ်။ ဒီအစေ့က ချီလီနိုင်ငံမှာ အများဆုံး အလေ့ကျပေါက်တဲ့ နှင်းဆီမျိုးစိတ်တစ်ခုဖြစ်တဲ့ rosa canina အမျိုးအစားကနေ ရရှိတာဖြစ်ပါတယ်။

ဒီအဆီမှာ အသားအရေအတွက်ကောင်းကျိုးများစေတဲ့ ဗီတာမင်တွေ၊ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအက်ဆစ်အဆီဓါတ်တွေပြည့်ဝစွာပါဝင်နေပြီး ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တာနဲ့ ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်တဲ့ အာနိသင်တွေပါဝင်ပါတယ်။

Rosehip Oil က အသားအရေအလှအပအတွက် အဓိကကောင်းကျိုး (၉)မျိုးပေးနိုင်ပါတယ်။

၁။ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေတယ်။

၂။ အမာရွတ်နဲ့ အရေးအကြောင်းတွေကို ပျောက်ကင်းစေတယ်။

၃။ နေရောင်ခြည် ကြောင့်အသားအရေပျက်စီးတာကို ကာကွယ်ပေးတယ်။

၄။ မှဲ့ခြောက်တွေ တင်းတိပ်တွေနဲ့ အရေပြားအရောင်ရင့်လာတဲ့ အစက်အပြောက်တွေကို လျှော့ချပေးတယ်

၅။ ချွေးပေါက်တွေကိုပွင့်စေပြီး အသားအရေကိုတောက်ပစေတယ်။

၆။ အရေပြားတင်းအားကို လှုံ့ဆော်ပေးတယ်။

၇။ အစိုဓါတ်ဖြည့်ပေးတယ်။

၈။ အစိုဓါတ်ထိန်းပေးတယ်။

၉။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

Rosehip Oil ကိုသုံးပြီး အသားရေဘယ်လိုထိန်းသိမ်းမလဲ။

၁။ ဆေးကြောသန့်စင်ပါ။

မျက်နှာနဲ့အရေပြားတွေမှာ အဆီနဲ့ ဖုန်မှုန့်တွေ လေထုညစ်ညမ်းမှုနဲ့ ဓါတုပစ္စည်းတွေနဲ့ ထိပြီး ညစ်ပေနေတာကို သန့်ရှင်းသွားအောင် ဆေးကြောသန့်စင်ပါ။

၂။ အသားအရေကိုအာဟာရဓါတ်ဖြည့်ပါ။

ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့အတွက် အသားအရေကို အာဟာရဓါတ်ဖြည့်တင်းဖို့လိုအပ်ပါတယ်။ Rosehip Oil ကိုအသုံးပြုပြီး အသားအရေကိုအာဟာရဓါတ် ဖြည့်တင်းနိုင်ပါတယ်။

၃။ အစိုဓါတ်ထိန်းပါ။

အရေပြားရဲ့ တင်းအား၊ နူးညံ့ချောမွေ့မှုနဲ့ အသားခြောက်ပြီး ယားယံနီရဲတာတွေမဖြစ်အောင် အရေပြားကို အစိုဓါတ်ထိန်းဖို့လိုအပ်ပါတယ်။Roship Oil ကိုအသုံးပြုမယ်ဆိုရင် အစိုဓါတ်လည်းထိန်းပြီးသားဖြစ်မယ်။ အသားအရေလည်း ပိုမိုချောမွေ့ကျန်းမာပါလိမ့်မယ်။

၄။ Night cream လိမ်းပါ။

လူတော်တော်များများက ညဘက်လိမ်းတဲ့ ညလိမ်းခရင်မ်ရဲ့အခန်းကဏ္ဍကို သိပ်သဘောမပေါက်ကြဘူး။ တစ်ညလုံးအိပ်တဲ့အခါ လူးထားတဲ့ညလိမ်းခရင်မ်က အသားအရေထဲကို နက်ရှိုင်းစွာဝင်ရောက်ပြီး အရေပြားအသစ်ပြန်လည်ဖြစ်ပေါ်မှုနဲ့ နူးညံ့ချောမွေ့နေစေဖို့ လုပ်ဆောင်ပေးရပါတယ်။

သဘာဝထွက် ပစ္စည်းတွေနဲ့ပဲ အသားအရေကိုထိန်းသိမ်းတာက ရေတိုရော ရေရှည်မှာပါ ကောင်းကျိုးများတယ်။ ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းပါတယ်။ ဒါကြောင့် အသားအရေထိန်းသိမ်းဖို့ ပစ္စည်းကိုရွေးချယ်မယ်ဆိုရင် သဘာဝထွက်ပစ္စည်း တစ်ရာရာခိုင်နှုန်းနဲ့ ပြုလုပ်ထားတဲ့ Rosehip Oil ထုတ်ကုန်တွေကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်နိုင်ပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Fowler, J.F., et al. “Innovations in natural ingredients and their use in skin care.” Journal of Drugs in Dermatology. 9 (6 Suppl.).
  2. Bowe, W. P. & Pugliese, S. “Cosmetic benefits of natural ingredients.” Journal of Drugs in Dermatology. 13 (9).
  3. https://www.rosehipplus.com.au/why-choose-rosehipplus/ Accessed 24.7.2018

ယခုပုံစံ

25/08/2022

Dr. Thurein Hlaing Win မှ ရေးသားသည်။

Kyaw Zay Ya မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံအမာရွတ်တွေအတွက် အကောင်းဆုံးအိမ်တွင်းဆေးဝါးများ

လှပတဲ့အသားအရေလေးရနိုင်ဖို့ နည်းစနစ်မှန်မှန်ထိန်းသိမ်းကြရအောင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။